ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Wednesday, June 2, 2010

ကမ္ဘာတစ်ခွင်မှာ ဂုဏ်ယူစရာ ပါဝင် - ယှဉ်လာနိုင်ပြီဖြစ်တဲ့ တို. မြန်မာများ

စင်္ကပူရောက် မြန်မာများ ဝဂ်ဘ်ဆိုက်မှာ မေစိုး ( ရွှေမန္တလေး ) ရဲ့ ဆောင်းပါးလေးကိုဘတ်လိုက်မိရာက အခု ဒီ ပို.စ် ကိုတင်ဖြစ်သွားတာဆိုရင် မှားမယ်မထင်ပါ ။ တကယ်တော့ ဒီကနေ.မှာ ကမ္ဘာကြီးဟာ ပြောင်းလဲလို.လာနေပါပြီ( Changing the World )။ ဒီလို ပြောင်းလဲလာနေပြီဖြစ်တဲ့ ဟောဒီ ကမ္ဘာကြီးမှာ နေထိုင်ကြသူများဟာလည်း အခြေအနေနဲ. လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲလှုပ်ရှားကြရမှာပဲမဟုတ်ပါလား ။

ဒီကနေ. လူငယ်လူရွယ်လေးတွေကိုပဲ ကြည့်ပါ ။ လွန်ခဲ့တဲ့ ခေတ်ကာလတွေကလို “ မာမီရယ် ရှာပေးကွယ် ၊ ရည်းစားလိုချင်တယ် ” လို.၊ ( ရွှေမန်းသူ မမေစိုး တင်ပြထားသလို )ထမင်းဆီဆမ်း ရွှေလင်ဗန်းနဲ. မိခင်ခွန်.ကျွေးတဲ့ ထမင်းလုတ်ကို မြုံ.ယင်း ဇိမ်ခံယင်း စိတ်ကူးယဉ် မနေကြတော့ပါ ။ ခေတ်ကိုအမီ ရှေ့သို.ချီနေကြပါပြီ ။ ဒါကလည်း ကျမတို.မြန်မာလူမျိုးတွေသာမက ကမ္ဘာာတစ်လွှားမှ လူငယ်များအားလုံးလိုလို ဒီလို ဒီပုံချည်းသာပါ ။

ဆိုလိုတာကတော့ အမေရိကလိုနိုင်ငံကြီးသားတွေတောင် ဟောဒီ ကျမတို.ရဲ့ အာရှနိုင်ငံတွေကို ခြေချလို. လေ့လာလှုပ်ရှားနေကြသလို ပြင်သစ် ၊ အင်္ဂလိပ် နဲ.
ဂျပန်စတဲ့နိုင်ငံကြီးသားတွေကလည်း သူတို. အာရုံကျ ၊ စိတ်ဝင်စားရာ အခြားအခြားသော နိုင်ငံတွေကို သွားရောက်အလုပ် လုပ်နေကြတာတွေ.
ရမှာဖြစ်ပါတယ် ။ ထိုင်းလူမျိုးတွေဆိုလည်း နိုင်ငံတကာမှာ သွားရောက် အလုပ် လုပ်နေတြာ ကိုယ်တွေ.မျက်မြင်ပါ ။

ဒီလို “ ရေကြည်ရာ မြက်နုရာ လှည့်လည်သွား လာ အလုပ်ရှာမှ ခေတ်မီတယ် ” လို.လည်း အမြင် မစောင်းစေချင်ပါ ။ ကျမတို.မြန်မာပြည်တွင်းကိုပဲ
အကဲခပ်ကြည့်လိုက်မယ်ဆိုလျင်လည်း ဒီကနေ.လူငယ်လူရွယ်လေးများဟာ တအားကို ချီးကျူးစရာကောင်းတာတွေ.ရမှာဖြစ်ပါတယ် ။ ကြည့်လေ “ သက်ကြီးရွယ်အို စောင့်ရှောက်ရေး” က လူငယ် အသင်းဝင်တွေ ၊ “ မက်ဖှန် ” ရေလှူအဖွဲ.ဝင် လူငယ်တွေ ၊ “ Raven Club ” အသင်းဝင် လူငယ်တွေ -
အို -- အားရစရာ ရင်အေးစရာ လူငယ်လေးတွေပါ ။

မြန်မာနိုင်ငံအတွင်း ဒေသအချို.ရဲ့ ရေပြတ်လပ်တဲ့ ဒုက္ခ အခက်အခဲ တွေကို ကိုယ်ချင်းစာ စေတနာအပြည့်နဲ.နေရာအနှံ. လှည့်လည်သွားရောက်ကာ
ရေမျှဝေဖြည့် ဆည်းပေးခဲ့ကြတဲ့ ကျမတို.ရဲ့ ချစ်စရာ့ လူငယ်လေးတွေပါ ။ ဒီလို လူမှုရေးဆိုင်ရာ လုပ်ငန်းတွေမှာ ကျမတို.ရဲ့ လူငယ်လူရွယ်လေးတွေ အားတက်သရော ပါဝင်လှုပ်ရှားနေကြသလို တစ်ဖက်မှာလည်း သူတို.လေးတွေရဲ့ နောင်ရေးအတွက် (အများနဲ.ယှဉ်နိုင်အောင်)IT လို စိတ်ဝင်စားရာ ပညာများကိုလေ့လာသင်ယူနေကြတာကိုလည်း အားရစရာ တွေ.မြင်ကြရမှာဖြစ်ပါတယ် ။ ဥပမာ - ကော်န်ပျူတာသင်တန်း - အင်္ဂလိပ်စာသင်တန်း တွေမှာ မနားစတမ်းတက်ရောက်သင်ယူ လေ့လာနေကြပြီဖြစ်ပါတယ် ။

ရွှေမန်းသူ မေစိုးကလည်း ကျမတို.မြန်မာတွေအပေါ် အတော်လေးကို အမြင်စောင်းနေပါလား ။ ဘာတဲ့ သူရေးထားတာ “ ခုဆိုရင် ကျမတို.မြန်မာနိုင်ငံ
ကနေ ကာယအလုပ်သမားတွေဟာ ပညာအရည်အချင်း သိပ်မမြင့်တဲ့သူတွေဖြစ်သော်လည်း ခုလိုနိုင်ငံခြားတိုင်းပြည်တွေမှာတောင် ရောက်ပြီး အဆင်ပြေပြေ လုပ်
ကိုင်နေနိုင်ကြပြီလေ။ ကျွန်မတို.မှာ လူမျိုးအလိုက်ရှိနေတဲ့ ဥာဉ်ဆိုးလေးတွေ ရှိသင့်သလောက်တော့ ရှိတာပေါ့ ။ ဥပမာ- ပျင်းရိတတ်တာ ၊ ဇွဲမရှိတာ ၊
အနွံအတာမခံချင်တာ ၊ ပျော်ပျော်ပါးပါး ပေါ့ပေါ့တန်တန်နဲ.အချိန်ကုန်ချင်တာ ၊ စည်းကမ်းမရှိတာတွေ -ဒီလို အားနည်းချက် ချို.တဲ့တာလေးတွေ ကျွန်မတို.
လူမျိုးမှာရှိပါတယ် ” တဲ့ ။

ရေး ရက်လိုက်တာ ရွှေမန်းသူရယ် ၊ ဝါးလုံးရှည်ကြီးနဲ.ကို သိမ်းကျုံး ရမ်းပြစ်လိုက်တာပါလား ။ နောက်ရှိသေးတယ် - “ ဆင်းရဲသည်ပဲဖြစ်ဖြစ် ၊ ချမ်းသာသည်ပဲဖြစ်ဖြစ် ငယ်ငယ်ကတည်းက ထမင်းကို မိဘက ခွန်.ကျွေးတာကို စားလာခဲ့ကြသလို ၊ မှီခိုရတဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်း ယဉ်ကျေးမှုတွေအောက်
မှာ ကြီးပြင်းလာခဲ့ကြတဲ့ မြန်မာလူမျိုးတွေမှာ တုံးတိုက်တိုက် ကျားကိုက်ကိုက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ မှန်မှန်ကန်ကန် ချရမဲ့နေရာတွေမှာ အားနည်းနေတတ်ကြတယ်လေ ။ ဒီလိုအားနည်းချက်တွေကတော့ ကျွန်မတို.လူမျိုးမှာ ခုချိန်ထိရှိနေပါတယ် ” တဲ့ ။

အင်း - ဖြစ်နီုင်တာက မမေစိုး ကိုယ်တိုင် အဲဒီလိုမျိုး အသိုင်းအဝန်းမှာ ကြီးပြင်းလာခဲ့ရလို. မြန်မာတွေ အားလုံးကိုလည်း ဒီလိုပဲ ဖြစ်လိမ့်မယ်လို.
ဝါးလုံးရှည်နဲ.ရမ်းလိုက်တယ်လို.ပဲ ကောက်ချက်ချရတော့မယ်ထင်ပါတယ် ။ တကယ်တော့ ပတ်ဝန်းကျင် အသိုင်းအဝန်း ဆိုတာ သူ.နေရာနဲ.သူ.စရိုက် လိုက်
လျောညီထွေ ရှိနေကြစမြဲပါ ။ ဒီလို မြန်မာလူမျိုးအားလုံးကိုတော့ သိမ်းကျုံး မရမ်းသင့်ဘူးလို.ပြောချင်ပါတယ် ။ မိမိကြီးပြင်းလာခဲ့တဲ့ ဝန်းကျင်ထဲမှာ
မြန်မာတွေ အားလုံးကို ရောမွှေမထည့်သင့်ဘူးလို.မြင်ပါတယ် ။

အမှန်ကို ရိုးသားစွာတင်ပြရမယ်ဆိုရင် ကျမတို. မြန်မာလူမျိုးတွေရဲ့ လုပ်ငန်းခွင်မှာ ရိုးရိုးသားသားနဲ. ကြိးစားတတ်ကြတဲ့အတွက် နိုင်ငံတကာမှာ မြန်မာ
အလုပ်သမားတွေကို ကြိုဆိုနေကြတာကြားမိမှာပါ ။ အခုကျမ ရောက်နေတဲ့ နိုင်ငံမှာဆို အလုပ်ရှင်တွေလိုချင်တာက မြန်မာမှမြန်မာ ။ အဲ- ရွှမန်းသူ မမေစိုးက
ထပ်ပြီး လက်ညှိုးထိုးလိုက်ပါသေးတယ် “ မြန်မာတွေများလာလို. စင်္ကာပူက ပင်နီဆူလာ ပလာဇာမှာ ရဲရဲတောက်သွားသတဲ့ ဆိုတာ သတ္တိမဟုတ်ပဲ ကွမ်းတံတွေးတွေ ဖြစ်နေပါပေါ့လားလို. မဖြစ်အောင်တော့ စည်းကမ်းလေးပိုပြီး ရှိလိုက်ကြရင် သိပ်ကောင်းမှာပဲနော် ၊ ကွမ်းစားပြီး ပြွတ်ကနည်း
ထွေးလိုက်တဲ့ အပြုအမူထက် ၊ နည်းနည်းပိုပြီး စည်းကမ်းရှိလိုက်ရတာ မြန်မာတစ်ယောက်ဆိုပြီး ဂုဏ်ယူပြီးနေနိုင်တာပေါ့ ” တဲ့ ။ ကဲ မှတ်ကရောပဲ။

တကယ်ပါပဲ ဟောဒီက မရွှေကျော့တော့ ရေမရှိတဲ့ ချောင်းထဲဆင်းပြီး နှာခေါင်းစင်းကာ သေသာသေလိုက်ချင်တယ် ။ ဘယ့်နှယ်ရှင် -အမှိုက်တစ်စ တောင် လမ်းပေါ် မပြစ်ရတဲ့ စင်္ကာပူလို အင်မတန်စည်းကမ်းကြီးတဲ့ နိုင်ငံကြီးမှာ ကွမ်းတံထွေးကို ဘယ်သူက ပြွတ်ခနဲ ထွေးမှာတဲ့လဲ ။ မိရွှေကျော့တို. မြန်မာတွေ ဒါလောက်တောင်ပဲသိနားလည်မှုကင်းရတော့မှာတဲ့လား ။ ရေးသား တင်ပြလိုက်ပုံကြီးက တို.“ ဗမာ ” တွေကို “ အီသီယိုးပီးယား ”
တွေဖြစ်စေချင်လေသလားပဲ ။

ဟောဒီ ကျမရောက်နေတဲ့ ( စည်းကမ်း ဆိုတာ ဘာလဲ လို.မေးရလောက်တဲ့ )နိုင်ငံမှာတောင် ကျမတို. ဗမာတွေ စည်းကမ်း “ မ မဲ့ ” ကြပါဘူးရှင်ရယ်။
ယုံချင်ယုံ - မယုံချင် ပုံပြင်ပဲ ဆိုဆို - ကျမရဲ့ ကိုယ်တွေ.ပါ ။ ရွှေမန်းသူမမေစိုး ပြောသလို အားလုံးတော့မဟုတ်ပါ ။ ရှိတော့ရှိပါတယ် -အားလုံးမဟုတ်ပါ ။
ကျမတို. “ဗမာ” တွေရဲ့ ရိုးသားမှု နဲ. ကြိုးစားမှုကို အလုပ်ရှင်တွေက ကြိုက်နှစ်သက်ကြတယ် ။ ကျောင်းပညာနည်းခဲ့ကြပေမဲ့ ဘဝကပေးတဲ့ လက်တွေ.ပညာတွေတတ်ကြတော့ အဆင်ပြေကြတာပေါ့ ။ ကျမတို.“ဗမာ” တွေဟာ ရိုးသားတယ် ၊ ကြိုးစားတယ် ။ မဟုတ်ရင်တော့ ငုံ.ခံလေ့မရှိတာက မွေးရာပါ ဇာတိသွေးပါ။ ပတ်ဝန်းကျင်နဲ.လိုက်လျောညီထွေဖြစ်အောင်လည်း နေတတ်ထိုင်တတ်ကြပါတယ် ။

နိဂုံးချုပ်အနေနဲ. “ ကျမတို.မြန်မာတွေ ရဲ့ ရိုးသားစွာ ကြိုးစားလုပ်ကိုင်မှုတွေနဲ.ကမ္ဘာ.တစ်ခွင် ပါဝင် ရင်ဘောင်တန်းနိုင်တာကို ဂုဏ်ယူနိုင်ကြပါစေလို.ပဲ...

1 comment:

  1. ???????????????? Are you really (a good teacher ) sayar ma ?? really? you can upload your own idea with your web site . why you blame to othter bloggermay soe name .?

    ReplyDelete

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter