ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Wednesday, July 29, 2015

ဘာလိုလိုနဲ. တစ်ဝါဆိုခဲ့ပြန်ပါပြီ

(လူငယ်လေးများအတွက် သက်သက်ပါ)
ကလေးတို.ရေ -- ဘာလိုလိုနဲ. တစ်ဝါဆိုခဲ့ပြန်ပြီနော် ။ တို.များ ဗုဒ္ဓဘာသာယဉ်ကျေးမှုအရ သာသနာ့ဘောင်အတွင်းက သံဃာတော်များလည်း ဝါဝင်ကြရ . ပြန်ပြီလေ။ အဲ-ဝါဝင်တယ် ဆိုတာ ဘာလုပ်တာပါလိမ့်လို. ကလေးတို. သိချင်ကြပေလိမ့်မယ် ။ “သက်ကြီးစကား - တစ်ဆင့်ကြား” လို.သိပြီးသူများလည်း ရှိနေမှာမို.မသိ နားမရှင်းသေးသူ လူငယ် လေးများအတွက် ထပ်ပြီး ရှင်းပြပေးရမယ်ဆိုပါလျှင်--- ------------------ ကလေးတို.ရေ- တို.များရဲ့ ဗုဒ္ဓမြတ်ဘုရား သက်တော်ထင်ရှား ရှိစဉ်အချိန်က ရဟန်းသံဃာ တော်များ အနေနဲ.လယ်ကွင်းတွေ- ယာခင်းတွေကိုဖြတ်ပြီး ဆွမ်းခံကြွကြရတယ် ။ အခြားသော ရာသီ အချိန်တွေ မှာဘာမျှ မထူးခြားပေမဲ့ အခုလိုမိုးဦးကျကာလ လယ်ယာစိုက်ပျိုးနေကြတဲ့ အခါသမယမှာ သံဃာတော် များက လယ်ကွင်းတွေ၊ ယာခင်းတွေပေါ်ကဖြတ်လျှောက်သွားကြတဲ့အတွက် သီးပင်စပါးပင်တွေ ပျက် စီးကုန်တာပေါ့ကွယ် ။ ဒီလိုအဖြစ်တွေ အကြိမ်ပေါင်းများလာတဲ့အခါ လူအများမှာလည်း မနေသာတော့ပဲ ဗုဒ္ဓမြတ်ဘုရားထံ လျှောက်ထား အသနားခံကြရတော့တယ် ။ ဒီအခါ ဗုဒ္ဓမြတ်ဘုရားကလည်း လူအများကြုံတွေ့.နေကြ ရတဲ့အခက်အခဲကို ဖြေရှင်းပေးရတာပေါ့ ။ ရဟန်းသံဃာတော်များအနေနဲ. ဒီဝါဆိုလပြည့်နေ.မှ သီတင်းကျွတ်လပြည့်နေ.အထိ ( ၃ )လ တိတိ မိမိတို.ကျောင်းသင်္ခမ်းတွင်းမှာသာနေပြီး တရားဓမ္ဌများကိုသာ ကျင့်ကြံ ပွါးများအားထုတ်နေကြရမယ်- လို.ပညတ်တော်မူခဲ့ပါသတဲ့ ။ အဲဒီအချိန်ကစပြီး ဒီကနေ.တိုင်အောင် ဝါတွင်းသုံးလမှာ မိမိတို.ရဲ. ကျောင်းသင်္ခမ်း မှာသာ သီတင်းသုံး နေကြရတယ်။ သီတင်းကျွတ် လပြည့်နေ့အထိ ညအိပ်ညနေ ခရီးမသွားကြရဘူးတဲ့။ ဒါက ဝါဝင်ရတဲ့ အကြောင်းနော်။ ကလေးတို.ရေ- -ဒီ ဝါဆိုလ ဟာ တို.များဗုဒ္ဓဘာသာ မြန်မာလူမျိုးများအတွက် အင်မတန်ထူးခြားတဲ့ လ တစ်လဖြစ်ပါတယ်။(သန္ဓေ ၊ တောထွက်၊ ဓမ္ဓစက်၊ ဟောမြွက်သံချို ၊ လဝါဆို)တဲ့ ။ မြတ်စွာဘရား ပဋိသန္ဓေ ယူတော်မူတဲ့နေ.၊ တောထွက်တော်မူတဲ့နေ.၊ ဓမ္ဓစကြာ တရား စတင်ဟောကြားတော်မူ တဲ့နေ.---ဒါ့ကြောင့် ဝါဆိုလပြည့်ကျော် တစ်ရက်နေ.မှာ ဝါဆိုပန်းခူးပြီး မြတ်ဘုရားကို ပူဇော်ကြ ၊ ကောင်းမှု ကုသိုလ်တွေ ပြုလုပ်ကြတဲ့ တို.မြန်မာ့ရိုးရာဓလေ့တွေဟာ အင်မတန်.ကို ချစ်စရာကောင်း လှပါ တယ် ကွယ် ။ ဝါဆိုလပြည့်နေ.မှာလည်း ရဟန်းခံ ၊ ရှင်ပြု စတဲ့ကောင်းမြတ်လှတဲ့ ကုသိုလ်တွေကို ပြုလုပ်ကြတယ် လေ ။ရဟန်းခံ ၊ ရှင်ပြုတယ်ဆိုတာ ဗုဒ္ဓမြတ်ဘုရားရဲ့ ဆုံးမဟော ကြားတော်မူခဲ့တဲ့တရား လမ်းစဉ် ကို လိုက်နာ ပြုကျင့်တာပါပဲ ။ အဲ - ဒါပေမဲ့ တို.များဗုဒ္ဓဘာသာဝင် အတော်များများအနေနဲ. ဗုဒ္ဓမြတ် ဘုရားရဲ့ လမ်းစဉ်နဲ.ဆန်.ကျင်တဲ့ လုပ်ဆောင်ချက်တွေကို ကျင့်သုံးနေကြတာတွေ.ရတယ် ။ သူတို. ကတော့ သူတို.သားလေးရှင်ပြုတော့ စတိတ်ရှိုးလေးထည့်ပေးတယ် ။ တို.ကတော့ အငြိမ့်ထည့် ပေးမယ်) ဆိုတဲ့ဗုဒ္ဓမြတ်ဘုရားရဲ့ လမ်းစဉ်နဲ. ဆန်.ကျင်တဲ့အပြုအမူတွေကို ဦးစားပေးနေကြတာတွေ. ရတယ်။ တကယ်တော့ ဒါတွေဟာ (ကုသိုလ် ဒါန) မဟုတ်တဲ့(ပကာသန) တွေဆိုတာ သူတို.မသိ ကြလို.ပဲလား ။ တကယ့် ကုသိုလ်လိုချင် လုပ်ချင်တယ်ဆိုလျင် အဲဒါတွေ ဘာမှမလိုပါဘူး ။ မြတ်စွာဘုရားရဲ့ သား တော်လေး(ရာဟုလာ) ရှင်ပြုတဲ့ထုံး နှလုံးသွင်းပြီး ပကာသန ဘာတစ်ခုမျှမပါပဲ သင်္ကန်းဝတ်ရှင်ပြု ပေးလိုက်တာက ပိုပြီးကုသိုလ်ရဦးမယ်လေ။ ပကာသနတွေနဲ.ရှင်ပြု ရဟန်းခံလုပ်တော့ - စိတ်တို စရာတွေ - အ လို မကျစရာတွေ-ငွေကြေးအကုန်အကျများလို.ပူပန်ရတာတွေ -အို-ကုသိုလ်မရတဲ့ အပြင် အ-ကုသိုလ်တွေ တပုံ တပင်ကြီးဝင်လာတော့မှာပေါ့ ။ တကယ်တော့ ဗုဒ္ဓဘာသာဝင်စစ်စစ်တွေအနေနဲ. ဒါတွေကို အတတ်နိုင်ဆုံး ရှောင်ကြရမှာဖြစ်ပါ တယ် ။ ကိုယ့်သားလေး ရှင်ပြုရဟန်းခံပေးဖို. ပိုက်ဆံစုစရာ-ပိုက်ဆံရှိစရာမလိုအပ်သလို ပကာ သနတွေနဲ.လည်း ရောမမွှေသင့်ပါဘူး ။ အဓိက အရေးကြီးတာက သားတော်လေးရာဟုလာကို သာသနာ့ဘောင်အတွင်း သွတ်သွင်းတဲ့ထုံး နှလုံးသွင်းကြရန်ဖြစ်ပါတယ် ။ ဘာ ပကာသန-ဘာ စတိတ်ရှိုး- ဘယ်သူတွေမှ မပါဝင်တဲ့ အင်မတန် သန်.ရှင်းစင်ကြယ်တဲ့ ရှင်ပြုအလှူတော် မဂလာ ဖြစ်ပါတယ် ။ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter