ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Monday, April 20, 2015

နှစ်(၇၀) မြောက် နိုင်ငံတော် သမ္မတကြီး၏မွေးနေဂုဏ်ပြုလွှာ.

(ဤဆောင်းပါးဖြင့် သမ္မတကြီး ဦါ်သိန်းစိန်၏ နှစ် (၇၀) မြောက် မွေးနေ.အားလေးစားစွာ ဂုဏ်ပြုအပ်ပါသည်) လူ့ဘဝ လူ့အကြောင်း ကောင်း၏ မကောင်း၏ဆိုသည်ကို ထိုထိုသော သူများ သေဆုံး သွားမှသာ ရေးသားဖေါ်ပြ သတိတရ ရှိတတ်ကြတာ ကျမတို့ လူသားများရဲ့ သဘာဝလို့ပဲဆိုရလေမလား ။ ဘဝအကြောင်းမကောင်း- အခြေအနေမကောင်း - အကျင့် မကောင်းသူ များအတွက် ထိုသူတို့ ကွယ်လွန်သွားမှ ရေးသားဖေါ်ပြခြင်းမှာမဆိုသာပေ မဲ့ တကယ်တော် တကယ်မွန်မြတ်တဲ့ လူတော်လူကောင်းများအတွက်အ တွက် ကွယ်လွန်ပြီးချိန်ကျမှ သူတို့၏ စိတ်ကောင်း စေတနာကောင်းများ မှန်ကန်သော လုပ်ဆောင်စီစဉ်မှုများအတွက် ချီးကျူးရေးသား ဂုဏ်ပြုနေ ခြင်းမှာ သူတို့အတွက် သိရှိနိုင်စွမ်းမည်မဟုတ်သလို အကျိုးသက်ရောက် မည်မထင်ပါ ။ ဆိုလိုသည်မှာ ထိုကဲ့သို့သော လူတော်လူကောင်းခေါင်းဆောင်ကောင်း များအတွက် ဂုဏ်ပြုမှတ်တမ်းများကို ထိုသူများ သက်ရှိထင်ရှားရှိနေချိန် မှာရေးသားဖေါ်ပြပေးရန်ဖြစ်ပါတယ် ။ သို့မှသာထိုကဲ့သို့သော လူတော် လူကောင်း-ခါင်းဆောင်ကောင်းများအနေနှင့် သူတို့၏လုပ်ဆောင်ချက် မှန်ကန်မွန်မြတ်တဲ့အတွက်ဒီလိုဂုဏ်ပြုတင်စားရေးသားခံရခြင်းကိုတွေ့ သိကာဝမ်းသာပီတိဖြစ်ပြီး ပိုမိုလှုပ်ရှားစီမံဆောင်ရွက်သွားကြမှာလည်း ဖြစ်ပါတယ် ။ တကယ်တော့ကျမတို့နိုင်ငံမှာလူတော်လူကောင်း၊ခေါင်းဆောင်ကောင်း များစွာရှိပါတယ်။ ဟိုး-နောက်သို.ပြန်လည်မှန်းဆတမ်းတကြည့်မယ်ဆို ပါလျှင် အနော်ရထာမင်းမှ အစခေါင်းဆောင်ကောင်း ၊ အာဇာနည်မင်း ပေါင်းများစွာ အထင်အရှားရှိခဲ့သလို ဒီကနေ့တိုင်အောင်လည်း ကမ္ဘာ အထိထင်ရှားပြီး ကမ္ဘာသိ မြန်မာ့ခေါင်းဆောင်ကြီးများ များစွာရှိနေတာ ကိုတွေ့ရမှာ ဖြစ်ပါတယ် ။ လွတ်လပ်ရေးမတိုင်မီ ကိုလိုနီအစိုးရခေတ်မှာ သူ့ကျွန်မခံလိုတဲ့အတွက် နယ်ချဲ.အင်္ဂလိပ်ကိုရဲရဲဝံ့ဝံ့ပြန်လည်တိုက်ခိုက်ခဲ့သည့်ဝန်းသိုစော်ဘွားကြီး ကဲ့သို့သော ခေါင်းဆောင်ကြီးများ၊ သခင်ဖိုးလှကြီးစသော ခေါင်းဆောင် ကောင်းများမှသည် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အထိ ကျမတို့မြန်မာ့ခေါင်းဆောင်များရှိခဲ့ပါတယ်။ယနေ့အထိလည်းရှိနေဆဲပါ။ အခု ကျမတင်ပြချင်တဲ့ ပုဂ္ဂိုလ်ကတော့ ဒီကနေ့ မျက်မှောက်ခေတ် ရဲ့ အာဇာနည် ခေါင်းဆောင်တစ်ဦး ဆိုလျှင် မှားမည်မထင်ပါ ။ အခြေအ နေအရပ်ရပ်ကို သေချာစွာသုံးသပ်ပြီးမှ ဆုံးဖြတ် ဆောင်ရွက်နိုင်စွမ်းသူ သူတစ်ဦးလည်း ဖြစ်ပါတယ်။ မြန်မာ့ကျေးလက် တောရွာဒေသမှ မွေး ဖွား ပေါ်ထွန်း လာသူဖြစ် တဲ့အတိုင်း“မြန်မာ့သမိုင်းကို မရိုင်းအောင်” ထိန်းသိမ်း ဆောင်ရွက် နိုင်စွမ်းသူဆိုပါကလည်း မှားမည်မထင်ပါ။ လွန်ခဲ့သော ဆယ်နှစ်ခန့်က ဖြစ်ပါတယ် ။ ကျမ၏ တပည့်တစ်ယောက်ရဲ့ မိခင် (ထိုင်းဝန်ကြီးဟောင်းတစ်ယောက် ၏ ဇနီး ) မှ မေတ္တာရပ်ခံ ချက်အရ ကျိုင်းတုံသို့ လိုက်ပါသွားခဲ့ပါတယ် ။ တကယ်တော့သူတို့ ထိုင်းစီးပွားရေး လုပ်ငန်းရှင်များအဖွဲ့အနေနဲ.တာချီ လိတ်ရှိမြန်မာ့တပ်မတော် ပိုင် ဟော်တယ်တစ်ခုနဲ့ ဂေါက်ကလပ်ကို ငှား ရမ်းလုပ်ကိုင်ခွင့်ရရှိရေးအတွက်အရှေ. ပိုင်းတိုင်းမှူးကြီး (ဗျူဟာမှူးကြီး) နှင့်တွေ့ဆုံကာ ညှိနှိုင်းဆွေးနွေးရန် ဖြစ်ပါတယ် ။ ကျမတို့အဖွဲ့မှာ ထိုင်း လူမျိုး ၅ - ယောက်အပြင် ကျမနှင့်ဒေသခံ ရှမ်းအမျိုးသား တစ်ဦး ပါဝင် ပါတယ်။
ဗျူ ဟာမှုးကြီးနှင့်အဖွဲ့ အခန်းတွင်း ဝင်လာပြီ ဆိုတော့ တစ်ယောက်ချင်း မိတ်ဆက်ပေး ရပါတယ် ။ အားလုံးသော ကိစ္စအဝဝကို ညှိနှိုင်းဆွေးနွေး ပါတယ်။ “ အမှန်တကယ် စိတ်ဝင်စားတယ်ဆိုပါက ဥပဒေဘောင် အတွင်းမှလက်တွေ့လုပ်ကိုင်ပြပါ”- ဆိုတဲ့ဗျူဟာမှူးကြီးရဲ့ ဆိုစကားကို ထိုင်း ဝန်ကြီးဟောင်းကတော်ကလည်း လက်ခံလိုက်ပြီး တကယ်လက် တွေ့ စီစဉ်ဆောင်ရွက်ပါမည်ဟု ဂတိပေးခဲ့ပါတယ်။ ထို့နောက်ထိုင်းအဖွဲ့ က လက်ဆောင်ပစ္စည်းများ ပေးပါတယ် ။ ဒီအခါ ဗျူဟာမှူးကြီးက ---- “ လက်ဆောင်ပစ္စည်းများတွင် စိန် ရွှေများ ထည့်မပေးပါရန်” - သူ့ရဲ့ အတွင်းရေးမှူးမှတဆင့် ကြိုတင် မေတ္တာရပ်ခံခဲ့သည်ကို ကြားသိ ရပါတယ် ။ ဒီနောက် ကျမတို့အဖွဲ့လည်း ကျိုင်းတုံတည်းခိုခန်းကိုပြန်၊ ရေမိုးချိုးပြီး ည ညစာစားရန် နီးရာ ထမင်းဆိုင်ကို သွားကြပါတယ် ။ ထမင်းမှာနေစဉ်မှာ ပဲဆိုင်အနောက်ပိုင်းကိုစစ်ကား တစ်စီး ရောက်လာပါတယ် ။ “ ဆရာမရေ ခဏ လောက်ကြွပါ“ ခေါ်သံကြားလိုက်တာနဲ့ ကျမတစ်ယောက်တည်းပဲ အဲဒီ ဗိုလ်မှူးကြီး ၂ -- ယောက်နဲ့ ထွက်တွေ့လိုက်ပါတယ် ။ “ဒီရွှေလက်ကောက်တွေကို ပြန်ပေးလိုက်ပါ - ဗျူဟာမှူးကြီးက လက် မခံနိုင်လို့ ပြန်ပို့ပေးတာပါ ” - တဲ့။ ဒီအခါ ကျမလည်း ကျမလက်ဖြင့်လက်မခံချင်တာနဲ့ ဆိုင်တွင်းမှာ ထမင်း စားနေတဲ့ ထိုင်းဝန်ကြီးဟောင်းကတော်ကိုလှမ်းခေါ်လိုက်မိပါတယ်။ သူထွက်လာတော့မှ အကျိုးအကြောင်း ရှင်းပြပြီး သူ့လက်ထဲကို ပဲ အဲဒီ ရွှေတွေကို ပြန်ထည့်ပေးလိုက်ပါတယ် ။ ဒါကိုကြည့်ခြင်းအားဖြင့် ဒီပုဂ္ဂိုလ်ကြီးရဲ့တည်ကြည်ဖြောင့်မှန်တဲ့ စိတ်ထားနဲ. လှုပ်ရှားနေတာကိုလေ့ လာသိရှိနိုင် မှာဖြစ်ပါတယ်။ ထို.နောက် ဝန်ကြီးချုပ်ရာထူးကြီးရရှိပြီး ဘန်ကောက်ကို တာဝန်အရလာ ပြန်တော့လည်း သွားရောက် တွေ.ဆုံနှုတ်ဆက်ကြတဲ့ မိတ်ဆွေထိုင်းဝန် ကြီးဟောင်းကတော်နဲ. ကျမတို.ကို မာန်မာန မတက် အခင်အမင် မပျက် လက်ဆွဲ နှုတ်ဆက်ပါတယ်။ အခု သမ္မတကြီးဘဝနဲ.လည်း ဘယ်လိုမှထူး ထူးခြားခြား ဆက်ဆံတာမတွေ.ရပဲ ရင်းရင်းနှီးနှီးပဲ လက်ဆွဲနှုတ်ဆက်တဲ့ အပြင်“ကျန်းမာရေးကောကောင်းရဲ့လား“ဆိုတဲ့စေတနာပါသောသတိ ပေးစကားကိုပင်ကြားလိုက်ရတော့ မချီးကျူးပဲ မနေနိုင်လောက်အောင်ဖြစ် ရပါတယ် ။ ဂုဏ်လည်းယူမိပါတယ် ။
လွန်န်ခဲ့သော နှစ်များဆီကလည်း အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိ နေသော အတိုက်အခံခေါင်း ဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့.လွှတ်တော် ကိုယ်စားလှယ် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်"ဒေါ်အောင် ဆန်းစုကြည်“ နှင့်ပတ်သက်၍လည်း- ' ယခင်က နိုင်ငံရေး အဓိက အ တိုက်အခံ အင်အားစု ခေါင်းဆောင် ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင် “ ဒေါ်အောင်ဆန်းစုကြည် ” ကိုယ်တိုင်လည်း လွှတ်တော်ကိုယ်စား လှယ်တစ်ဦး အနေဖြင့်သာမက ယခုအခါမှာ တရားဥပဒေစိုးမိုးရေး ဆိုင်ရာ လွှတ်တော်ကော်မတီရဲ့ ဥက္ကဌအနေနဲ့ လွှတ်တော်စင်မြင့်က နေ ပါဝင်ဆောင်ရွက်နေပြီဖြစ်ပါတယ် ။ ဒီရက်သတ္တပတ်အတွင်းမှာ တော့ သူမအနေနဲ့ နယူးယောက်မြို့ မှာရှိနေပါတယ် ။ သူမရဲ့ဒီမိုကရေစီကြိုးပမ်းမှုများ အတွက်အမေရိကန်ပြည်ထောင်စုမှ ဂုဏ်ပြုခံနေရတာတွေကိုလည်း မြန်မာနိုင်ငံသား တစ်ယောက်အနေ နဲ့ကျွန်တော် ၀မ်းမြောက် ဂုဏ်ယူပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး အရ တိုးတက် ဖြစ်ထွန်းမှုဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ နိုင်ငံ ရေး ဂုဏ်သရေကို မြှင့်တင်ခြင်းဖြစ်ပါတယ် ”- ဟု နိုင်ငံတော်သမ္မတ ကြီး “ဦးသိန်းစိန်” - မှ လွန်ခဲ့သော နှစ်အနည်းငယ်- စက်တင်ဘာလ၂၇- ရက်နေ့က အမေရိကန်နိုင်ငံ နယူးယာက်မြို့ရှိကုလသ မဂ္ဂရုံးချုပ်တွင်ပြုလုပ် သော ၆၇ -ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန်.ခွန်း ပြောကြား ခဲ့ကြောင်းဖတ်လိုက်ရပါတယ်။
ဒါ့အပြင် '' ကျွန်တော့်ရဲ့မိန့်ခွန်းကို အဆုံးမသတ်ခင်မှာအရေးကြီးတဲ့ အကြောင်းအရာတစ်ရပ် ကို ပြောကြားခွင့်ပြုစေလိုပါတယ်။ အဲဒါကတော့ ကုလသမဂ္ဂရဲ့တတိယမြောက် အတွင်းရေးမှူး အဖြစ် ထမ်းဆောင်ခဲ့တဲ့ မြန်မာ့သားကောင်း “ဦးသန့်”အကြောင်းပဲ ဖြစ် ပါတယ် ။ ဦးသန့်အနေနဲ့လည်း အဲဒီ တုန်းကလည်း တစ်ခုတည်း သောကမ္ဘာဆိုတဲ့ အမြင်ရှိထားပြီးဖြစ်ပါတယ် ။ ဦးသန့် အနေနဲ. ဒီ ကမ္ဘာကြီးကို ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ပြီး မတူကွဲပြား ခြားနားမှုများ ရှိနေသော်လည်း ဘေးကင်းလုံခြုံတဲ့ကမ္ဘာကြီးအဖြစ် မျော်မှန်းထားပါတယ်။ ဒါ့အပြင် ကမ္ဘာ့သူ ကမ္ဘာသားအားလုံးဟာ ကိုယ်ချင်းစာ တရား ၊ နားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ သည်းခံ ခွင့်လွှတ်မှုတို့ကို လိုက်နာကျင့်သုံးနိုင်ကြလိမ့်မယ်လို့လည်းဦးတည် မျှော်မှန်းထားပါတယ် ။ ဒီအမျှော်အမြင်အတိုင်း လိုက်နာကျင့်သုံး နိုင်မယ်ဆိုရင် ပိုမို ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ ကမ္ဘာကြီးအဖြစ် ကို ပိုမိုလျင်မြန်စွာ ရောက်ရှိနိုင်မယ်လို့ ယုံကြည်မိပါ တယ် ။ ကျွန်တော့်အနေနဲ့ မြန်မာပြည်သူများအနေနဲ့ ဦးသန့်ရဲ့ဆောင်ရွက် ချက်တွေကို၊ အောင်မြင်မှုတွေကိုဘယ်တော့မှမေ့ပျောက်မှာ မဟုတ် ပဲ အစဉ် ထာဝရ ချီးကျူး ဂုဏ်ပြုနေမှာ ဖြစ်ကြောင်းပြော ကြားရင်း နိဂုံးချုပ်ပါတယ်'' - ဟူသော မှတ်တမ်းတင်ဂုဏ်ပြု မိန်.ခွန်းကို ကြည့်ခြင်းအားဖြင့်လည်း သမ္မတကြီးရဲ့ မွန်မြတ်သန်.ရှင်းပြီး ချီးကျူးထိုက်သူများကိုကမ္ဘာ့အလယ်မှာ ထုတ်ဖေါ်ချီးကျူး မှတ် တမ်းတင်လိုသော စိတ်ရင်းစေတနာကို ပီပြင် ထင် ရှားစွာ သိနိုင်မည်ဖြစ်ပါတယ် ။
လူကိုလူလိုကြည့်တတ် မြင်တတ်သော မြန်မာနိုင်ငံ၏ စစ်မှန်သော (သမ္မတကြီး)ကိုယ်စိတ်နှစ်ဖြာ ထာဝရ ကျန်းမာချမ်းသာစွာဖြင့် မိမိ နိုင်ငံနှင့်လူမျိုး တိုးတက်ရေးကို အဆများစွာတိုးကာ စီစဉ် ဆောင် ရွက်ပေးနိုင်ပါစေကြောင်း ဆုမွန်တောင်းလျက်-- အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter