ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Thursday, January 1, 2015

လွှဲရှောင်မရတော့လည်း မောရအုံး(ဦး)မှာပေါ့

လွှဲရှောင်မရတော့လည်း မောရအုံး(ဦး)မှာပေါ့ ဟုတ်ပါတယ် - လုပ်လာရတဲ့အလုပ်တွေ--အလုပ်တွေ - မိုးလင်းက မိုးချုပ် (နံနက်- ၈-နာရီ အိမ်က ထွက် -ညကျောင်းပါ ဆက် သင်ပေးရပြန်တော့ ည ၉-နာရီ ကျော်မှ အိမ်ပြန်ရောက်ပေါ့- ဘန်ကောက်ရောက် ကတည်းက လှုပ်ရှားလာလိုက်တာ-- ဟော--အသက်လေးရလာပြန်လို. တက္ကသိုလ်မှာ စာပဲအချိန်ပိုင်း လောက်သာ သင်ပေးပြီး ရေဒီယို ထိုင်းလဲန်း မှာ ဘာသာပြန် - အသံလွှင့်တဲ့အလုပ်မှ အငြိမ်းစားယူ(အနားယူ)ခဲ့တာ ၄-၅ -နှစ်ရှိတော့မယ်- အမောပြေခါစ - ဒီသမယမှာပဲ -- " ကျမတို.အသံလွှင့်ဌာန မြန်မာဘာသာ အစီအစဉ်ကို လာကူပေးပါအုံး" ဆိုတဲ့ အကူအညီတောင်းသံမဆုံးခင်မှာပဲ- "ဟုတ်ကဲ့" ကို ထပ်တလဲလဲသုံးခဲ့မိပါတယ် ။ အင်း--ဒါကလည်း အသည်းနှလုံး ထဲကပါလာတဲ့ ဝါသနာအရလို.ပဲဆိုပါတော့ ။ ကဲပါလေ-- ဒီကနေ. အသံသွင်းပြီး လေလှိုင်းကြားမှာထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် တစိတ်တပိုင်းကို လေ့လာကြည့်ကြရန် ဖွင့်ပေးဖို.ကြိုးစား အသံသွင်းလာသော်လည်း အခုဖွင့်ကြည့်မှ အသံပါမလာတာသိရပါတယ်-(နက်ဖြန်မှနော်--- ဒီပုံလေးကတော့ ဟိုး- လွန်ခဲ့တဲ့ -နှစ်ပေါင်း ၂၀ လောက်က သံမသွင်းမီ ရိုက်ခဲ့တာပါ
ဟောဒီပုံကတော့ ၂၁-ရက် ၁၂ -လ(ဒီလ) -၂၀၁၄ က သမ္မတကြိးကို ဂါရဝပြု နှုတ်ဆက်ပြီးအပြန် တာဝန်ကျရာ အသံသွင်းခန်းမဝင်မီ အမှတ်တရပါ
ဒီစာတန်းလေးကို ကလစ်လိုက်ပါ- အသံဖှိုင်ပေါ်လာပါလိမ့်မယ် http://k003.kiwi6.com/hotlink/1iexqd34kv/Bangkok_Calling_01.mp3

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter