ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Thursday, April 24, 2014

ယနေ.ခေတ် လူငယ်-လူရွယ်များ လေ့လာ သိရှိထားကြရန်လိုပါတယ်

ယနေ.ခေတ် လူငယ်-လူရွယ်များ လေ့လာ သိရှိထားကြရန်လိုပါတယ် April 23, 2014 at 10:01pm ယနေ.ခေတ် လူငယ်- လူရွယ်လေးများအနေနဲ. ဟိုတတစ်ခေတ်-တစ်ခါကအဖြစ်အပျက်အချို.ကိုလေ့လာ သိရှိထားစေလိုသော စိတ်ဆန္ဒမှ သည်ဆောင်းပါးလေးကို ရေးဖြစ်သွားသည်ဆိုပါကမှားမည်မထင်ပါ ။ “စစ်“ဆိုသည်ကိုတော့ လူတိုင်းလိုလိုနားလည်သိရှိထားကြသလို ဟိုး-ကိုလိုနီခေတ် မတိုင်မီကတည်းက မြန်မာ(မင်း) အချင်းချင်း ခင်းခဲ့ကြသည့်“စစ်“ ။ မြေကြီးမှရွှေသီးသော“မြန်မာ့မြေ“ကို မတရားလိုချင်နေခဲ့ကြတဲ့“ဂျွမ်း (ခေါ်) ခမာ“ သူပုန် တွေက သုဝဏ္ဏ ဘူမိသထုံပြည်ကို မကြာခဏ ဝင်လာတိုက်ခိုက်သော“စစ်“။ “ပုဂံဘုရင်အနော်ရထာ“ကဗုဒ္ဓမြတ်ဘုရားရဲ့ အဆုံးအမတရား - ပိဋကတ်ကျမ်းဂန် များကို လိုချင်လှပါ၍ လက်ဆောင်ပဏ္ဍာမြောက်မြားစွာဖြင့်မျှဝေပေးပါရန် အသနား ခံ တောင်းပန်သည်ကို သထုံဘုရင် “မနူဟာမင်း“က ၃-ကြိမ်တိုင်တိုင်ငြင်းဆန်ခဲ့ သည့်အဆုံး လက်ရုံးကိုပြ တိုက်ခဲ့ရသည့်“စစ်“။ သထုံမြို.မှ “မွန်စစ်သည်“ အချို.က တစ်ဖက်နိုင်ငံ(ထိုစဉ်က ထိုင်းနိုင်ငံ မရှိသေးပါ ) “ အရုတ္ထယ”သို. ခိုလှုံဝင်ရောက်ကာ တိုင်းတပါး၏အကူအညီဖြင့်သထုံ(မြန်မာ) ကို ဝင်ရောက်တိုက်ခဲ့ကြရာမှ “မြန်မာ+ အရုတ္ထယ“ စတင်ခဲ့သည့် “စစ်“။ သည့်နောက် အင်္ဂလိပ်တို.ရဲ့  နည်းပရိရာယ်အမျိုးမျိုးနဲ. အကြိမ်ကြိမ်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နောက်ဆုံး မြန်မာတစ်နိုင်ငံလုံးကို သိမ်းရုံးနယ်ချဲ.ခဲ့သော“စစ်“။ ကိုလိုနီခေတ်မှာပဲ “ဗိုလ်ချုပ်အောင်ဆန်း“ ဦးဆောင်သောမျိုးချစ်မြန်မာလူငယ်များမှ “ဂျပန်“များနှင့်ပူးပေါင်း ကာ နယ်ချဲ.အင်္ဂလိပ်ကို တော်လှန်တိုက်ခဲ့သော“စစ်“။ တစ်ဖန်“ဖက်ဆစ်စနစ်“၏ ဆိုးကျိုးများကိုသိရှိပြီးနောက် “လွတ်လပ်ရေး“ပေးမည်ဟုဂတိပေးလာသော “အင်္ဂလိပ်“နှင့် မြန်မာလူငယ်များပေါင်းကာ “ဂျပန်ကိုပြန်လည် တိုက်ထုတ်ခဲ့သော“စစ်“။ လွတ်လပ်ရေးရပြီးနောက် အချင်းချင်းသဘောထားကွဲကာ “တိုင်းရင်းသားအချင်းချင်း“ အငြင်းပွါးခဲ့ကြပြီး ယနေ.တိုင် မပြီးဆုံးနိုင်သေးသည့် “စစ်“။ ဤသို.- ဤပုံ “စစ်“ မျိုးစုံကို ရင်ဆိုင်ကြုံတွေ.လာခဲ့ကြရကြောင်းကိုယနေ.လူငယ်များလေ့လာ သိရှိထား ကြရန် စာသင်ကျောင်းများမှာ ယခင်ကလိုပင် သင်ပေးရန် လိုအပ်နေပြီဖြစ်ပါတယ်။ သို.မှသာလည်း တစ်ချိန်တစ်ခါ အငြင်ပွါးစရာ ကြုံတွေ.လာသောအခါပြန်လည်ချေပ ရှင်းလင်းပြနိုင်ကြ မှာပါ ။ အခုတင်ပြထားတဲ့အကြောင်းကိုပဲ အထင်အရှားလေ့လာနိုင်မှာလည်းဖြစ်ပါတယ်။ ဘန်ကောက်မှာနေစဉ် လွန်ခဲ့သောကာလတစ်ခုတွင် ကြုံတွေ.ခဲ့ရသည့်ဖြစ်ရပ်လေးပါ။ အရုတ္ထယ-မြန်မာ စစ်ပွဲ အမျိုးမျိုးကို မရိုးနိုင်အောင် တီဗွီ(ရုပ်မြင်သံကြား)ဇာတ်လမ်းများအဖြစ် ပြသနေစဉ်ကပါ။ ပြရုံမျှမကပဲ သူတို.ရဲ့ သတင်းစာတွေမှာပါ ဝေဖန်ရေးပြထာကြတဲ့အခါ “ကလေးတို.ဆရာမ“သည်လည်း“မြန်မာ“ ပီပီ ခေါင်းငုံ.မနေသာတော့ပဲ ဘန်ကောက် ပို.စ် သတင်းစာမှာပဲ အခုလို ပြန်လည်ရေးသားဖြေရှင်းခဲ့ရပါတယ်။ သတင်းစာအယ်ဒီတာများကလည်း ဒီလို ပြန်လည်ဖြေရှင်းရေးထားခြင်းကို နှစ်သက်သဘောကျပြီး၁၉၉၆-ခု ဒီဇင်္ဘာ(၁၇-ရက်) အင်္ဂါနေ.နဲ. ၂၀-ရက် သောကြာနေ.(၂) ရက်တိုင်တိုင် “ဘန်ကောက်ပို.စ်“သတင်းစာ မှာပင်ဖေါ်ပြခဲ့ပါတယ်။ ၁၉၉၉-ခုနှစ် ၊ ဒီဇင်္ဘာလ(၁၇) ရက်မှာပါလာသော ဝေဖန်ချက်ပါ ။
ဒုတိယ စာမျက်နှာကတော့ ဒီဇင်္ဘာလ (၂၀) ရက် သောကြာနေ.ကPost bag မှာဖေါ်ပြခဲ့ပါတယ်။
Ko Lay, Naing Min, Thet Zaw and 14 others like this. 1 share အမျိုးသားလုံခြုံမှု ကာကွယ်ရေး “ပုဂံဘုရင်အနော်ရထာ“ကဗုဒ္ဓမြတ်ဘုရားရဲ့ အဆုံးအမတရား - ပိဋကတ်ကျမ်းဂန် များကို လိုချင်လှပါ၍ လက်ဆောင်ပဏ္ဍာမြောက်မြားစွာဖြင့်မျှဝေပေးပါရန် အသနား ခံ တောင်းပန်သည်ကို သထုံဘုရင် “မနူဟာမင်း“က ၃-ကြိမ်တိုင်တိုင်ငြင်းဆန်ခဲ့ သည့်အဆုံး လက်ရုံးကိုပြ တိုက်ခဲ့ရသည့်“စစ်“။ 19 hours ago · Like · 1 အမျိုးသားလုံခြုံမှု ကာကွယ်ရေး " မြန်မာ့သမိုင်းတင်မက " ကမ္ဘာ့သမိုင်းရဲ့ မျက်နှာစာမှာ စစ်ဆိုတဲ့ အသုံးနှုံး ၊ စစ်ရဲ့ အနိဌာရုံ ၊ စစ်ကြောင့် ကြွင်းကျန်တဲ့ ဒဏ်ရာဒဏ်ချက် များ ၊ ဒါတွေကို လူငယ်တိုင်း သိခွင့်ရမှ တရားသောစစ် ၊ မတရားသော စစ် ၊ ပြီးတော့ ငြိမ်းချမ်းရေးဆိုတဲ့ စစ်မက်တို့ရဲ့ ချုပ်ငြိမ်းခြင်းကို ကောင်းကောင်းနားလည်မယ်ထင်ပါရဲ့ ။ 19 hours ago · Unlike · 1 ဆရာမမေကျော့ ရှင်း သိပ်ကို မှန်ပါတယ် - ကျေးဇူးပါသားလေး“ထက်နေခ“ ရယ် -- 5 hrs · Edited · Like Chai Nightingale စစ်ဆိုရေတောင်စစ်မသောက်ဘူး ( ရေသန့ှ်ဗူး သောက်တော့ ရေစစ်မလိုတော့ဘူး )ဟီး

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter