ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Wednesday, March 26, 2014

မိမိကိုယ်မိမိ “ အောင်ြမင်ကြော်ကြားင်နေတဲ့ နိုင်ငံကျော်အဆိုတော်ပါ“ ဆိုတဲ့ တစ်ယောက် သိလောက်အောင်

မိမိကိုယ်ကို အောင်မြင်ကျော်ကြား လူသိများနေပြီလို.ထင်- မိုးမမြင်လေမမြင် ဘဝင်မြင့်နေသူ - “ပန်ဆုပြည့်ကျော်“ဆိုတဲ့တစ်ယောက်သိလော်ကအောင် ----------------------------- ပထမဆုံး မင်းရေးလာတဲ့ ဟောဒီ “ လေ ယာဉ်လက်မှတ်လေး ပို.ပေးရုံနဲ. ဘန်ကောက်ကို အက သွားသင်ပေးတယ် ဆိုရင် - အနုပညာကို တန်ဖိုး မထားရာကျမှာပေါ့ “- ဆိုတဲ့ စာကို “မတူမတန်လို.“ ဥပေက္ခာပြုထားလိုက်တော့တဆင့် တက်ပြီး Post လိုလို ဘာလိုလိုနဲ.--- “လူ ၁၀၀ မှာ အယောက် ၄၀ စာကြိုးစားရင် ဆရာဝန်-အင်ဂျင်နီယာ- စစ်ဘက်ဆိုင်ရာ အရာ ရှိတွေဖြစ်နိုင်ပါတယ်။ မိဘပိုက်ဆံချမ်းသာရင် သူဌေးဖြစ်နိုင်သလို ကုမ္ပ ဏီပို်င်ရှင်လည်းဖြစ်နိုင် ပါတယ်။ ဒါပေမဲ့ အယောက် ၁၀၀ မှာ တစ်ယောက် ပြည် သူချစ်တဲ့ ပြည်သူက အသိအမှတ်ပြုတဲ့ဲ့ အနုပညာရှင်ဖြစ်ဖို.မလွယ်ပါဘူး - မိဘ ပိုက်ဆံရှိတိုင်း ပရိတ်သတ်အသိအမှတ်ပြု အနုပညာရှင် တစ်ယောက် မဖြစ်နိုင်ပါဘူး။ ပိုက်ဆံရှိလို. ရေဒီယိုမှာ အသံသွင်း လွှင့်လဲကျမဝါသနာရှင်ပါပေါ့-ဒါ့ကြောင့် ကိုယ် မအောင်မြင် ခဲ့ပေမဲ့ အောင်မြင်နေတဲ့အနုပညာနဲ.ရပ်တည် မိဘကိုလုပ်ကျွေးနေတဲ့ ကိုယ့်သားသမီးအရွယ် အနုပညာရှင်လေးတွေအပေါ် မသေခင် မုဒိတာထားသွား နိုင်ပါစေ“– တဲ့ ။ “လေယာဉ်လက်မှတ်လေး ပို.ပေးရုံနဲ. ဘန်ကောက်ကိုအကသွားသင် ပေးတယ်ဆိုရင်-အနုပညာ ကိုတန်ဖိုး မထား ရာကျမှာပေါ့ “- လို. ရေးထားတာကိုလည်း သူများ ပို.ပေးလို.ဖတ်လိုက်မိတယ်။ တို.က ဘယ်အခါကမှ ကိုယ့်ကိုယ်ကို အထင်ကြီး - ဘဝင်မြင့်ပြီးမကြွားတတ်သလို တစ်ဘက်သားကို လည်း ဘယ်တာ့မှ “မနှိမ်“ တတ်တာ ပညာရှိ - လူကြီးလူကောင်း တွေအားလုံးသိကြတယ်။ အေး-ဟုတ်တယ် - မင်းလို မလောက်လေး - မလောက် စားတစ်ယောက်ကို မတူမတန်လို. အဖက် လုပ် မပြောခဲ့ခြင်းဖြစ်တယ်။ တကယ်တော့ ဦးဇဉ်းလေးက သူ.ရဲ့ ပရဟိတ အသင်းအတွက် “အသုံး စားရိတ်မှာ လိုငွေပြနေတယ်“- ဆိုလို.“အရှင် ဘုရား သိပ်ြပီး စေတနာကောင်း လွန်းတာကိုး- သင်္ကြန်အက အတွက် ၂-ယောက်စာ လေယာဉ် လက်မှတ်ဘိုးအကုန်ခံစရာ မလို ပါဘူး- ခါရာအိုကေ VDO ကြည့်ပြီး လိုက် က ခိုင်းလည်း ရပါတယ်“- လို.ပြောလိုက်တယ်- ဒါကို မင်းက “အိုးမလုံ - အုံပွင့်လိုက်တာပဲ“။ တကယ့်အနုပညာရှင်စစ်စစ်ဆိုတာ“သူ.အနုပညာကိုငွေကြေးနဲ.“ ဘယ်တော့မှ “တန်ဖိုးမဖြတ်ဘူး“ မှတ်ထားလိုက်စမ်း။ တစ်ချိန်က “ဂီတကောင်စီ စည်းရုံးရေးမှူး“အဖြစ် တာဝန်ယူခဲ့စဉ်က မြို.တော် သန်.ရှင်းရေးအတွက် ကျောင်းဆရာမတစ် ယောက်ပီပီ၉-တန်း ၊ ၁၀ တန်းကျောင်း သူ-ကျောင်းသားလေး တွေကိုစည်းရုံးပြီး ရန်ကုန်မြို.လယ်ခေါင်မှာကိုယ် တိုင်တံမြက်စည်းကိုင်ပြီး သန်.ရှင်းရေးလုပ်ခဲ့တယ်။ “ ရုပ်ရှင်မင်းသမီးလေး ယဉ်ယဉ်အေး“ရဲ့ မိဘတွေက သီချင်းလုံးဝမဆိုတတ်တဲ့ သမီးအတွက် စိတ်ညစ် နေကြလို. အိမ်ကိုခေါ်ပြီး ရအောင်သီချင်းဆိုသင်ပေး-ဆိုခိုင်းပြီး နိုင်ငံတော်ပွဲဖြစ်တဲ့ ဂီတပဒေသာစင်ပေါ် တင်ပေးခဲ့တယ်။အဲဒီ အကြောင်းကို ယဉ်ယဉ်အေးကိုယ်တိုင်က မဂ္ဂဇင်း- စာစောင်တွေရဲ့ အင်တာဗျူးတွေ မှာပြောတယ်။ကျေးဇူးတင်လို. ပိုက်ဆံပေးတယ်-လက်ဆောင်တွေပေးတယ်- လုံးဝမယူခဲ့ဘူး ။ ရေးလိုက်သေးတယ်- “အောင်မြင်နေတဲ့ အနုပညာနဲ. ရပ်တည် မိဘကိုလုပ်ကျွေးနေတာ“ -- တဲ့- တို. အမြင်ကတော့ ဘုန်းကြီးဆီက(သူများလှူထားတဲ့အလှူငွေတွေကို ရလို ယူလို-ခြူလိုတာပဲ ။ ကိုယ့် ထက်ငယ်တဲ့ -သင်္ကန်းဝတ်(ဘုရားသားတော်) ကိုမှ မရှောင်- အတင်း မရအရဟိုဟာဝယ်ခိုင်း- ဒီဟာဝယ် ခိုင်းနဲ. ပူးကပ်ပြီး ခြူစားတာပဲ။ ထားလိုက်တော့- ဒါက တို.နဲ.မဆိုင်ဘူး။သံသရာ နဲ. ငရဲ မကြောက်ရင် ဆက်လုပ်ပေါ့ ။ “မိဘပိုက်ဆံချမ်းသာရင် သူဌေးဖြစ်နိုင်သလိုကုမ္ပဏီပို်င်ရှင်လည်းဖြစ်နိုင်ပါတယ် ။ ဒါပေမဲ့ အယောက် ၁၀၀ မှာ တစ်ယောက် ပြည် သူချစ်တဲ့ပြည်သူက အသိအမှတ်ပြု တဲ့ဲ့ အနုပညာရှင်ဖြစ်ဖို. မလွယ်ပါဘူး“- ဆိုပါလား ။ “ပန်းအိဖြူ- - စိမ်းလဲ့လဲ့ “ကို လူတိုင်းလိုလို သိကြတယ်။ “ပန်ဆုပြည့်ကျော်“ဆိုတာကိုလည်း လူအယောက် ၁၀၀ - မှာ တစ်ယောက်တောင် မသိကြဘူး။ ဟုတ်တယ်“နေမင်းခ“ က ကိုယ်ပိုင်ကုမ္ပဏီ နဲ. ရုပ်ရှင်မင်းသားလုပ်တယ်-အဲဒီ ရုပ် ရှင်ကားတွေမှာပါချင်လို. “ကျမကို ခေါ်ပါ ရိုက်ပါ“ ပြောလို.- “အမှိုက်“ ဆိုတဲ့ ရုပ်ရှင် ကားမှာ “အမေခန်း“လေးကု ဝင်ရိုက်ပေးပြီး ပိုက်ဆံကို မတန်တဆလိုချင်တာ ဘယ် သူလဲ။ ကုမ္ပဏီပိုင်ရှင်- နေမင်းခ အစ်မကြီး “ပပဝင်း“ကအကုန် ပြောပြလိုက်တယ်။ ဒါလေးနဲ.များ “ရုပ်ရှင်မင်းသမီး“ တဲ့ ။ သူများအ ကြောင်းတွေ လိမ် - ညာ လှည့်ဖျား- မဟုတ်မဟပ်ပြောတာကို ဘုန်းကြီးပဲ ယုံလိမ့်မယ် ။ နောက်ပြီး လာလိုက်သေတယ်-“ပိုက်ဆံရှိလို.ရေဒီယိုမှာ အသံသွင်း အသံလွှင့်လဲ ကျမဝါသနာရှင်ပါပေါ့ - ဒါ့ကြောင့် ကိုယ် မအောင်မြင်ခဲ့ပေမဲ့အောင်မြင်နေတဲ့ အနုပညာနဲ. ရပ်တည်“- တဲ့ ။ “ဘာမသိ ညာမသိနဲ.- အရူးချီးပန်းသလို ရှောက်ရမ်းနေလိုက်တာသနားစရာ“-တို.က အသက် ၂၀ - ကျော်ရွယ် ငယ်အစဉ်ကတည်းက “စာပေလုပ်သားအဖွဲ.“မှာ “စာရေးဆရာ အဖွဲ.ဝင်အမှတ် ၀၃၂“ စာရေး ဆရာအဖြစ် နိုင်ငံတော်က အသိအမှတ် ပြုခံထားတာ။ အခုမှ ဘယ်တောကြို-အြုံကားက မြို.တက်လာ- လူ တတ်ကြီး လာလုပ်ပြီး အကြွား ပုံကြီးချဲ.နေတာမဟုတ်ဘူး-“ဂီတကောင်စီ“ ဆိုလည်း စ-စခြင်းက တည်းက ဝင်ထားတာ။ ကိုယ့်အရည်အချင်းနဲ.ကိုယ်- ဘယ်သူ.ကိုမှ- ဘယ်သူ.သီချင်းတွေကိုနောက်ယောင်လိုက်ဆိုပြီးမှ နာမည်ရ လာတာမဟုတ်ဘူး။ ဘယ်သူ.ကိုမှလည်း ဘပိုက်ဆံမှ ပေးရ တဲ့ ခေတ်မဟုတ်ဘူး။ပညာရေးဌာနက ညွှန် ကြားရေးမှူးဖြစ်သူ “ဒေါ်အုံးခင်“ ကိုယ် တိုင် ကျောင်းကိုရောက်လာပြီး“ကျောင်းသင်ခန်းစာ“တွေ ရေးပေး- အသံလွှင့်ပေး ဖို. နှင်းအပ်ခြင်းကို ခံရတဲ့သူ ။ စာပေလောကမှတစ်ဆင့်တက်လာသူ ။ “မင်းပြောသလို - ပိုက်ဆံရှိလို. ရေဒီယိုမှာ အသံသွင်း လွှင့်လဲ ကျမဝါသနာရှင်ပါပေါ“ - ဆိုတာ “ ငါတို.- မဟုတ်ဘူး- မင်းကိုယ်တိုင်ပဲ“။ ဆီးဂိမ်းမှာ ဆိုခွင့်လေး ရ တာနဲ. ဒါလောက်ကြီးဘဝင်မြင့်သွားတာ အံ့ပါရဲ့ ။ “ငါတို.-အောင်မြင်တယ်- မအောင်မြင်ဘူး-အောင်ြမင်နေဆဲဖြစ်တယ်-မဖြစ်ဘူး“ ဆိုတာ “မင်းလို အဆင့်မရှိ- အဆင့်မသိ တဲ့ သူတွေ နဲ.မဆိုင်ဘူး-ရှင်းပြနေစရာ လည်းမလိုဘူး- အေး - ဒါပေမဲ့ ကိုယ့်မှာရှိတဲ့ အဆင့်လောက်နဲ.ပဲ ကိုယ်နေသင့်တယ်-ရှောက်ပြီး ပုခုံးချင်းမယှဉ်ချင်နဲ.- ခွေးကျ- ကျတတ်တယ်“ ။ တစ်ခုတော့သိထား--ငါတို.အနေနဲ. နိုင်ငံ့ တာဝန်-အနုပညာတာဝန်ကို ငွေမျက်နှာ ကိုကြည့်ပြီး လုပ် နေတာ မဟုတ်ဘူး- ပြီးခဲ့တဲ့နှစ်က ရေဒီယိုမှာလွှင့်နေတဲ့“လူငယ်မှတ် သား-သုတစကား“ အတွက် နိုင်ငံတော်က ပထမအကြိမ်ချီးမြှင့်တဲ့ ကျပ် တစ်သိန်းကို“ဗုဒ္ဓကမ္ဘာ“ဆိုက်က ပရဟိတအသင်း တာဝန်ခံ “ကိုလှိုင်ကျော်ထွေး“ ကို “တက္ကသိုလ်လဲ့လဲ့“ ဆီက ယူခိုင်းပြီး-လှူလိုက်တယ်- နောက်ပိုင်းထပ်ရတာ တွေလည်း ဒီလိုပဲ အကုန်လှူပြစ်တယ် ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို ဘယ်တော့မှ (မင်းလို)“အောင်မြင်နေတဲ့ အနုပညာရှင်“ပါလို. မကြွားခဲ့ဖူးဘူး- ဒါဟာ အရှက်မရှိ -ပညာမရှိ-သိက္ခာမရှိတဲ့သူတွေရဲ့အလုပ်ပဲ ။ (ကိုယ် မအောင်မြင်ခဲ့ပေမဲ့ အောင်မြင်နေတဲ့အနုပညာနဲ. ရပ်တည် မိဘကိုလုပ်ကျွေး နေတဲ့ ကိုယ့်သား သမီးအရွယ် အနုပညာရှင်လေးတွေအပေါ် မသေခင်မုဒိတာ ထား သွားနိုင်ပါစေ“) တဲ့ ။ ဘုန်းကြီးကို တစ်ခဏလေးဆုံရုံနဲ.သင်္ကန်းကိုမှ အားမနာပဲ-(သူများတ ကာ လှူထားတဲ့ပိုက်ဆံတွေ) ကို အတင်း မြှူ စား- ခြူစားနေတာကို“မုဒိတာပွါး“ရမှာ လား ။ အခြားအဆိုတော်တွေ (ဆီးဂိမ်းမှာပါဝင်ဖို. သိန်း ဘယ်လောက် ပေးရတာ“ လို. သူများအကြောင်း မကောင်းပြောပြီး ဦးဇဉ်းလေးဆီက ပိုက်ဆံတွေလှီးယူနေတာကို “မုဒိတာ“ပွါးရမှာလား ။ “လူမိုက်တစ်သောင်း ကဲ့ရဲ့ ငြောင်းလည်း - သူကောင်းတစ်ယောက် ချီးမွမ်းပျောက်၏“ -------------------------------------------------------- အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter