ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Saturday, March 1, 2014

“ အချိန်ကလေးတွေ အလဟသ ဘယ်တော့မှ မဖြစ်စေရ ---

လူ.လောက - လူ.သဘာဝအနေနဲ.(အများအားဖြင့်) အရှုပ်တွေလုပ် (အဲ-မှားလို.ပါ)အလုပ်တွေရှုပ် နေတတ်ကြပါတယ် ။ ဒီလို အလုပ်တွေရှုပ်နေကြရာမှာလည်း တစ်ဦး နဲ.တစ်ဦး မတူကြသလိုတစ် ယောက်နဲ.တစ်ယောက် တောင်နဲ.မြောက်ကဲ့သို. ကွာ ခြားနေတာကို လေ့လာမိကြမှာဖြစ်ပါတယ်။ ဒီကနေ. ဒီခေတ်မှာနေရာတကာ ရေပန်းစားနေတဲ့အလုပ်ကတော့ “ ပရဟိတ“ လုပ်ငန်းများပါ ။ ကိုယ်ကျိုးမဖက် အများအကျိုးသက်သက်ကိုသာဦးတည် လှုပ်ရှား နေကြတဲ့အဲဒီ လူမှုရေးရာအဖြာ ဖြာလုပ်ငန်းများမှာ စိတ်ဝင်တစားပါဝင်လှုပ်ရှားနေ တတ်သည်ကတော့ ကလေးတို.ဆရာမငယ်စဉ် ကာလ လူငယ်ဘဝကတည်းကပါ။ စေတနာသက်သက်နဲ. တစ်ခါတစ်ရံ မိမိအိတ်စိုက် လိုက်ပြီးဆောင်ရွက်ပေးခဲ့ရတဲ့ အကြိမ်ပေါင်းက လည်းမနည်းလှပါ။ ဒီလို စေတနာနဲ. ဆောင်ရွက်ရာမှာလည်း တစ် ခါတစ်ရံ ဝေဒနာအဖြစ်ခံစားခဲ့ရ တဲ့အကြိမ်ပေါင်းကလည်း ဒုနဲ.ဒေးပေါ့။ ဒီနေ.တော့ ထိုင်းနိုင်ငံ-ဘန်ကော်ကက “Universal Design“ က ဖိတ်ခေါ်ချက်အရ သူတို.အဖွဲ.နဲ. ပူးပေါင်းလှုပ်ရှားနိုင်ရန်အဖွဲ.ရဲ့ ထိပ်တန်း တာဝန်ခံပုဂ္ဂိုလ်ကြိးများရဲ့ အစည်းအဝေးသို. တက်ရော်က ခဲ့ရပါတယ်။ ဒီလိုလေ့လာရင်း အမိနိုင်ငံမှ အဲဒီလို “ကိုယ်အင်္ဂါ မသန်မစွမ်း“သူများအတွက် ဆက် လက် ကူညီဆောင်ရွက်ပေးနိုင်ရန်ဖြစ်ပါတယ် ။ ဒီပုံကတော့ Universal Design အဖွဲ. ထိပ်တန်း ခေါင်းဆောင်များအစည်းအဝေးပုံပါ
ဒီပုံကလည်း Thai Airways Company Limited မှ Vice President ဖြစ်သူ၏ ဖိတ်ကြား ချက်အရ ၂ နာရီကျော်ကြာတဲ့ အထူးအစည်းအဝေးသို.တက်ရောက်ခဲ့တဲ့မှတ်တမ်းပုံလေး ပါ- ဘေးနားမှာကပ်ထိုင်နေသူက သားငယ် မျိုးသီဟဆွေ(Rikky Swe) - Vice PresidentMr. Pong Peera(with white shirt) Ms. Kanchana တို.ဖြစ်ပါတယ်

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter