ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Monday, February 3, 2014

အိုင်တီ-ဖွံ။ဖြိုးတိုးတက်မှုနှင့် ယနေ.လူငယ်များ

ဒီခေါင်းစဉ်လေးကို တလေးတစားနဲ. လူငယ်လေးများအတွက် အလေးထားကာ ဝေးမြေ ရပ်ခြား တိုင်းတစ်ပါးမှ ရန်ကုန်သို. အပြေးအလွှား သွားရောက် ဟောပြောခဲ့ပြီးဖြစ်ပါတယ် ။ သည်လို မနီးလှတဲ့ ခရီးအစကို ဖန်တီးပေးခဲ့ကြသူများကိုလည်း အထူးပဲ ကျေးဇူးတင်မိပါတယ် ။ ဟိုတစ်ချိန် ဟိုခေတ် ဟိုကာလမှာတော့ သည်လိုစာပေဟောပြောပွဲတွေ နွှဲကြတဲ့ ရာသီရောက်လာ ပြီဆိုမှဖြင့် (ဗိုလ်မှူး) ဆရာစိန်လွင်လေး - (ဗိုလ်မှူးတင်မောင်) သိပ္ပံမှူးတင် - (ဗိုလ်မှူးကြီး) ဆရာ မြတ်ထန် နှင့် ဇနီးဖြစ်သူ တက္ကသိုလ်ကြည်မာ - ဒါရိုက်တာ ဗိုလ်မြင့် - ဒါရိုက်တာနေမျိုး- ယုဝတီ ခင်စိန်လှိုင်- ယုဝ တီခင်လင်း စသည့် စာပေအဖွဲ.ဝင်များနှင့်အတူ အမြို.မြို.အနယ်နယ်သို. ဟော ကြပြောကြ-စကား ရည်လုပွဲ ( စကားအခြေအတင်ပြောပွဲ) များတက်ရောက်ခဲ့ရ တာဖြင့် ဒီကနေ. တိုင်အောင်မြင် ယောင်နေမိပါတယ် ။ ဒီနေ. ဒီကာလရောက်ြပန်တော့ စကားရည်လုပွဲ(စကားအခြေအတင်ပြောပွဲ) ဆိုတာက လည်း မရှိသလောက်ကိုရှားသွားပြီပဲ။ ဟောပြောပွဲတွေကတော့ ရှိနေဆဲ ဟောနေ-ပြောနေကြဆဲ။ ကွန်ပျူတာ- အင်တာနက်စတဲ့ အိုင်တီနည်းပညာတွေကလည်း ဖွံ.ဖြိုး တိုးတက်လာနေတဲ့အတိုင်း လူကြီးပိုင်းတွေကပါ လေ့လာအသုံးပြုနေကြပြီမဟုတ်ပါလား။ ဒါပေမဲ့ အချို.သောလူကြိးများခမြာ မလေ့ လာ မကိုင်တွယ်ကြတော့ ဒီနည်းပညာဆိုတာတွေကလည်း အလကားပဲပေါ့ ။ ဒါကိုအခွင့် ကောင်းတစ်ခုအနေနဲ. နိုင်ငံတစ်နိုင်ငံရဲ့ဟောပြောမှာ စာရေးဆရာမကြိးတစ်ယောက်က သူ.ဘေး နားမှာထိုင် aနသူ စာရေးဆရာကြီးတစ်ယောက်ကို ပြောလိုက်ပုံက အတော်လေးကို ရင်နာစရာ ကောင်းပါတယ် ။ “ ဒီဆရာကြီးတွေက အင်တာနက်ဆိုတာကို မသုံးတတ်ကြတေျာ့ကမပဲ အစစ အရာရာ online ကနေ မေး - ဖြေပြီးစီစဉ်နေရတာပါ“- တဲ့။ အင်တာနက်မှာနားထောင်နေသူကျမလည်း စိတ်မ ကောင်းဖြစ်မိပါတယ်။ ဆိုလိုတာကတော့ ဒီကနေ. ဒီခေတ်မှာ လူကြီးလူငယ် အရွယ်မရွေး ဒီလို အင်တာနက် နည်းပညာများကို လေ့လာ အသုံးပြုသင့်နေပြီ ဖြစ်ပါလျက် မလေ့လာ အသုံးမပြုသူ များ အတွက် အခုလိုပဲ မထေမဲ့မြင် ပြောဆိုခြင်းကိုခံရမှာဖြစ်ပါတယ်။ ဒီနှစ်အတွက် ရန်ကုန် Computer တက္ကသိုလ်မှာ ပထမဆုံးပြောခဲ့ရပြီး- ပဲခူး အမှတ်(၁) အထက် တန်းကျောင်းမျာပြောခဲ့ပါတယ်-ညနေဟိုတယ်ပြန်ရောက်ပြီး ပြန်မယ့်ရက် နံနက်ပိုင်းမှာ ယဉ်ကျေး မှုအနုပညာတက္ကသိုလ်မှာဟောပြောခဲ့ရပါတယ်။ အားးးလုံးရွှင်လန်းချမ်းမြေ့ကြပါစေ ဒီပုံလေးတွေကတော့ အမှတ်တရပေါ့နော် -

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter