ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Wednesday, January 15, 2014

“အမျိုးသမီးများ လုံခြုံမှု“ နှင့် - စိတ်ပိုင်း-လိင်ပိုင်းဆိုင်ရာထိခိုက်မှုမြင့်တက်လာသည့် “အမျိုးသမီးများလုံခြုံမှု“ ဆိုရာဝယ်---

အထက်ပါခေါင်းစဉ်နှင့်ဆောင်းပါးတစ်ပုဒ်ကို -နိုဝင်္ဘဘာလ (၁၆ -၂၂)နေ.စွဲဖြင့် ထုတ်ဝေခဲ့သည့် “မြန်မာသံတော်ဆင့်“ တွင် ဖတ်လိုက်မိပါသည် ။ သူတစ်ပါးရေးထားသောဆောင်းပါးကို ပြန်လည်ချေပ -ရေးသားခြင်းမပြုခဲ့သည်မှာကြာပြီဖြစ်သော် လည်း ဤဆောင်းပါး ကိုဖြင့် ရေးရတော့မည်ဖြစ်ပါ၏။(လွန်ခဲ့သော နှစ်များဆီက ထိုင်းနိုင်ငံ တီဗွီမှ ထုတ်လွှင့်ခဲ့သော“နိုင်ခနုမ်သုမ့်“ ခေါ်ထိုင်း+မြန်မာ ရာဇဝင်ဇာတ်လမ်းတစ်ခုကိုအားပေး မြှောက်ပင့် ကာ မြန်မာများအပေါ် နှိမ့်ချရေး ခဲ့သည့်ထိုင်းဆောင်းပါးရှင်အားBangkok Post ( In English ) သတင်းစာမှာပင်ပြန်လည်ချေပရေးသားခဲ့ပြီးနောက် ပြန်လည်ချေပရေးသားခြင်းကိုရပ်နားခဲ့ပါသည်)။ ဤဆောင်းပါးအစတွင်ဆောင်းပါးရှင် “မဝတ်ရည်နွေးနွေး“က- (အမျိုးသမီးများအဖို.လိုင်းကားများ ပေါ်တွင်ပုရိသ ယောကျားများ၏သားကောင်သဖွယ် စိုးရိမ်ကြီးစွာခံစားနေကြရသည် - အမျိုးသမီး များ၏ စိတ်ရင်းခံအရှက်တရား - အကြောက်တရားကို အသုံးချ၍ ယခုကဲ့သို.ပြုမူနေခြင်းသည် အမျိုးသမီးများ၏လုံခြုံမှုစည်းဘောင်ပျက်ယွင်းနေသည်ကို သက်သေတစ်ခုအဖြစ်မြင်တွေ.ရခြင်းဖြစ် သည်)ဟု သာဓကပြ ရေးသားထားသည်ကို ဖတ်လိုက်မိသောအခါ သည်ဆောင်းပါးကိုမဖြစ်မနေ ရေးလိုက်ရခြင်းပါ။ အသေအချာဖတ်ရှုလေ့လာမည်ဆိုပါက “မဝတ်ရည်နွေးနွေး“၏ ရေးသားချက်မှာ တစ်ဖက်သတ် ရှုမြင်- တင်ပြထားသည် ကိုတွေ.ရမှာဖြစ်ပါသည် ။ “အမျိုးသမီးများ၏ စိတ်ရင်းခံအရှက်တရား- အကြောက်တရား“ဆိုသည်ကို သည်ခေတ်သည်အခါမှာ “မည်သည့်ပေတံဖြင့်မည်ကဲ့သို.တိုင်း တာ”လိုက်ပါသလဲ ။ ယနေ.ခေတ်အမျိုးသမီး(အ များစု)၏ ဝတ်စား - နေထိုင်ပုံအစုံစုံကိုကော လေ့လာ မိပါသလား ။ အမိနှင့်အဖ-မောင်နှင့်နှစ်မအတူယှဉ်သွားလို.မှ မမြင်ဝံ့စရာ-“ယိုသူမရှက်-မြင်သူရှက်“ဆိုတဲ့စကား အတိုင်း ကြည့် ဝံ့စရာ- မြင်ဝံ့စရာမရှိတာကိုကောသတိထား မိပါသလား ။ “ဟီရိ သြတ္တပ္ပ“ ဆိုတဲ့ “အရှက်တရားနဲ. အကြောက်တရား“ ကို ဒီကနေ. မိန်းကလေး တွေ (အားလုံးတော့မဟုတ်ပါ- ဒါပေမဲ့ အများစု)ဘယ်လောက်များ လေးစားကြပါသလဲ။ ရုပ်ရှင်-ဗွီဒီယို- အင်တာ နက် တွေမှာဖေါ်ပြ- ကြေညာနေကြတဲ့ အရှက်မဲ့သူ မိန်းမဟူသမျှရဲ့ မကြည့်ဝံ့ -မမြင်ဝံ့ စရာတွေကိုကော“မဝတ်ရည်နွေးနွေး“အနေနဲ.လေ့လာမိ-မြင်မိပါသလား။ အဲဒီအမျိုးသမီးများအနေနဲ. သူတို.ကိုယ်သူတို.လည်း ယုံကြည်မှုအပြည့်အဝရှိနေကြမှာအမှန်ပါ- “ယောကျားဆိုတဲ့ သကောင့်သားတွေငါတို.ရဲ့ ပိုက်ကွန်မှ ဘယ်လိုမျှ ရုန်းမထွက်နိုင်စေရ“ -ဆိုတဲ့ သူတို.ရဲ့ မဟာယုံကြည်ချက်ကြီးအရ“ကျား“ဆိုတဲ့ “ပုရိသ“တွေ(အချို.)ကလည်း“သွားရည်တစ်များ များ“နဲ.ပေါ့။ ဒီတော့လည်းကျားချောင်းသလိုမျိုးအခွင့်အရေးကိုလက်မလွတ်စေရ(အသေရရ-အရှင်ရရ) “သာဒင်ကို ဘာထင်သလဲဟေ့“ဆိုသလို အစွမ်းတွေပြကုန်ကြတာ ဆန်းတော့ဖြင့် မဆန်းလှပါ ။ ဒီတော့“အနှီ အမျိုးသမီးများ“နှင့်တကွ သူတို.အားလိုက်၍တုပကြကုန်သော ထိုထိုသောအမျိုးသမီးများ အတွက် မည်ကဲ့သို. လုံခြုံမှုရှိပါတော့အံ့နည်း။“လာပါယူပါ တစ်ပဲ-ခြောက်ပြား“ဆိုတဲ့ခေတ်ကြီးပေကိုး။ တကယ်တော့ “မည်သူမပြု- မိမိမှု“ ဆို တဲ့ စကားကိုလည်း သတိထားသင့်ပါသည် ။ မှန်ပါ၏ ။ “အမျိုးသမီးများအတွက် လူမှုရေးဆိုင်ရာ- အကြံပေးပုဂ္ဂိုလ်ဒေါ်စုစုလှိုင်“ ၏တင်ပြချက်ကို အပြည့်အဝထောက်ခံရမည်ဖြစ်ပါ၏(ရ-ထားတဲ့အခွင့်အရေးကိုအမျိုးသမီးတွေကအသုံးမချတတ်ကြဘူး- အဓိကအားဖြင့်မိမိကိုယ်ကို ယုံကြည်မှုရှိရန်လိုတယ် (ဒီနေရာမှာ အမျိုးသမီး အများစု၏ယုံကြည်မှုက တစ်လွဲဖြစ်နေသည်ကိုတွေ.ရပါသည် - “ သူတို.ကို အမျိုးသားများစိတ်ဝင်စားလာစေရမည် “- ဟူသော ယုံကြည်ချက် -မျှော်လင့်ချက်ဖြင့် မပေါ့်တပေါ် - မလုံ.တလုံ ဝတ် လာကြသည် ။ “နိုက်ကလပ်“ကဲ့သို.သောနေရာများတွင် ပါဝင်ကျက်စားလာကြသည်။ အရက်ကလေးတစ်မြမြဖြင့် အမျိုး သားများနှင့် အပြိုင်အဆိုင် သောက်တတ် စားတတ်လာကြသည် ။ ယနေ.အမျိုးသမီး(အများစု၏) ဤကဲ့သို. စိတ်ပိုင်းဆိုင်ရာ ပျက်စီးယိုယွင်းမှုများမှာလည်း မဂ္ဂဇင်း- ဂျာနယ်စသည့် စာပေများ ကို လေ့လာဖတ်ရှုခြင်းအားနည်းနေသည့်အတွက် အသိပညာ ဗဟုသုတ ကောင်းများနည်းလာသလို အင်တာနက်- တီဗွီစသည့် မြင်ကွင်းများမှ မလိုလားအပ်သော“အရှက်မဲ့“ ပြကွက်များကို အတုယူမှားနေ ကြသည်ကိုလေ့လာတွေ.ရှိရမည်ဖြစ်ပါ၏။ ဟိုခေတ်များဆီမှာလည်း ဤကဲ့သို.ပင် ဘတ်စ်ကားကို တိုးစီးခဲ့ကြရသည်ချည်းဖြစ်ပါသည်။ မည်သို.ပင် တိုးစီးရပါစေ အမျိုးသမီးများ၏ ဝတ်စားမှုမှာ ကြက်သရေရှိစွာ ရိုသေလေးစားစရာ လှပနေမည်ဆိုပါက မည်သို.သော ပုရိသ ကမှ အနှောက်အရှက်မပေးပါ ။ တစ်ခါတစ်ရံ ကြုံတွေ.ရသည့်တိုင်အောင် တည် တည်ငြိမ်ငြိမ်လေး ဝတ်စားထားသူ အမျိုးသမီးက ခပ်တည်တည်ပြန်ကြည့်လိုက်ရုံဖြင့် အနှီယောကျားမှာ ထိတ်လန်.ကာ နောက်ဆုတ်သွားသည်ကိုသာကြုံခဲ့ရဖူးပါသည်။ “မိမိကိုယ်ကိုယုံကြည်မှု“ ပင်ဖြစ်ပါ၏။ ဗုဒ္ဓမြတ်ဘုရား ဟောကြားတော်မူခဲ့တဲ့အတိုင်း “အတ္တာဟိ-အတ္တနောနာထော” = “မိမိ၏သိက္ခာနှင့် မိမိကိုယ်ကို ယုံကြည်မှု“ ပင်ဖြစ်ပါ၏ ။ “ဒီယုံမြင်လို. - ဒီခြုံထွင်“ဆိုသကဲ့သို. အမျိုးသားများအပေါ် မမှန်မကန် သောစေတ နာများနှင့်ဖြစ်စေ မိမိကိုယ်ကို လှချင်ပချင်၍ဖြစ်စေ မလုံ.တလုံ အမြင်မတော်အောင် ဝတ်ဆင်ထားမည်ဆိုပါက မည်သူ ကမျှ တလေးတစားရှိလာမည်မဟုတ်သည်ကိုနား လည်သိရှိထားရမှာဖြစ်သလို လူသူပြတ်လပ်ရာနေရာ- ဆိတ်ကွယ်ရာဌာနများဖြစ်ပါက လည်း (မူးရူးနေသူယောကျားနှင့်ဆုံမိပါက)မုဒိန်းမှုကိုပင် ရင်ဆိုင်ရနိုင် သည်အထိသိရှိ နားလည်ထားရန်အထူး လိုအပ်လှပါသည်။ ပြဿ နာနှင့်ကြုံတွေ. ရင်ဆိုင်ပြီးကာမှ အမေ ကယ်ပါ- တရားသူကြီးကယ်ပါ-လုပ်နေ၍လည်း “အရှက်“ ရရုံမှတပါး အခြားမရှိုနိုင်ပါ ။ အထူးသဖြင့် ယနေ. အမျိုးသားများအလယ်တွင်နာမည်ကြီးနေသူ (နာမယ်ကောင်းတော့မဟုတ်ပါ) “မေ--မွန်“ ဆို သူ၏ ဝတ်စားပုံ -လှုပ်ရှားပြနေပုံကို အတုယူမမှားကြရန်ဖြစ်ပါသည်။ သည်အမျိုးသမီးအနေနှင့်ယောကျားနှင့်သားတို.မှ ပြစ်ထားခဲ့သောကြောင့်စိတ်ထိခိုက်ကာ(သူ.အပြောပါ)။ (မကြည့်ဝံ-မမြင်ဝံ့-ရွံစရာ)သူ.မှာရှိတဲ့ မွေးရာပါကြီးကို နှစ်ခုလုံးဖေါ်ပြီး တုန်ခါနေအောင်လှုပ်ရမ်းပြကာ သီချင်း မှန်သမျှ အကုန် လိုက်ဆိုကာ ဝဂ်ဆိုက်မှာ-ငိုပြနေခြင်းကို အတုယူ မမှားကြရန်ဖြစ်ပါသည် ။ သူဒီလိုပြုမူပုံကိုကြည့်ရုံနှင့်သူ.ခင်ပွန်းနှင့်သားတို. ပြစ်သွားသည့်အကြောင်းရင်းကို အစင်းသားတွေ.မြင် နိုင်မည်ဖြစ်ပါသည်။ ဟိုတစ်ခေတ်ဆီက “နိုင်ငံသစ် သတင်းစာ“ မှာ“စောထွန်း(မန်းတက္ကသိုလ်)“ ၏“အနင်းခံမြက်ခင်း လေးများပါရှင် “ခေါင်းစဉ်ဖြင့်ဆောင်းပါးတွင်“ အမျိုးသမီးများအနေနှင့် ခေါင်းမဖေါ်နိုင်သည်အထိတ်ဝန်း ကျင်၏ ချုပ်ချယ်ထားမှု-အပြစ်တင်ဝေဖန်ခံနေရမှုများကိုပင် တိုးတက်လာပြီဖြစ်သောခေတ်နှင့်အညီပြန် လည်တွန်းလှန်ချေပနိုင်စွမ်းမရှိကြပဲ အနင်းခံမြက်ခင်းလေးများပမာခေါင်းငုံ.ခံနေကြသည်“ -ဟု ဖေါ်ပြ ထားသည်ကို ဖတ်မိပါသည်။ အသက်၂၀-ပင် မပြည့်သေးသူ“ကလေးတို.ဆရာမ“လည်း အမျိုးသမီး တစ်ယောက်အနေနှင့်လုံးဝခေါင်းငုံ.မခံနိုင်ပဲ “ယောကျားတို. မာယာဆိုတာ သဲကိုးဖြာဆိုတာ“ ခေါင်း စဉ်ဖြင့်ပြန်လည်ချေပ ရေးသားခဲ့ဖူးပါသည် ။ ထို.နောက် “ဆရာဦးဆန်းထွန်း“ က “နိုင်ငံသစ် သ တင်းစာ“ မှာပင် -“အမျိုးသမီးများအနေနှင့်(အနင်းခံမြက်ခင်းကလေးပါရှင်)ဆိုသောသရုပ်ဖေါ်တေးများ ကိုသာ ကျေနပ်နှစ်သိမ့်စွာရင့်ကြူးနေကြသောဤကာလမျိုး၌ အမျိုးသမီး စာရေးဆရာမ “မေကျော့ရှင်း“ သည် မျက်မှောက်အမျိုးသမီးထုဘက်ကမှန်ကန်စွာ ရပ်တည်ပေးမည့်ပုဂ္ဂိုလ်အဖြစ် ပေါ်ထွက်လာပါသည်“ ဟု အခြားဆောင်းပါးတစ်ပုဒ် ဖြင့်ဂုဏ်ပြု မှတ် တမ်းတင်ခဲ့ပါ၏ ။ ဆိုလိုသည်က ဟိုး- ယခင်အချိန်က“အနင်းခံမြက်ခင်းကလေးများ“ပမာ အနှိမ်ခံ- အပြောခံနေခဲ့ကြရရှာ သူအမျိုးသမီးများ ဖြစ်ခဲ့ကြသော်လည်း ယခုအချိန်မှာ အခွင့်အရေးအပြည့်အဝရရှိနေကြပြီဖြစ်သည့် အတိုင်း အမျိုးသမီးများအနေနနှင့်“တစ်လွဲ ဆံပင်ကောင်း“ တဲ့အလုပ်မျိုး- အတွေးအခေါ်မျိုးကိုအတတ်နိုင်ဆုံးရှောင် ကြဉ်ကာ“အမျိုးသမီးကဏ္ဍကြီးတိုးတက်မြင့်မားလာရေး“အတွက်အဖက်ဖက်မှပါဝင်လှုပ်ရှား ကြိုးစားကြရန် လိုအပ်လာပြီဖြစ်ပါသည်။ “ခေတ်နှင့်အမီ ရှေ.သို.ချီ“ ဆိုသည့်အတိုင်း အမျိုးသမီးများသည် ခေတ်မီတိုးတက်လာသည့် ဤခေတ် ဤကာလတွင် မိမိနိုင်ငံနှင့် မိမိလူမျိုး တိုးတက် ဖွံ.ဖြိုးရေးအတွက်အမျိုးသားးများနှင့် ရင်ဘောင်တန်းကာ ကဏ္ဍမျိုးစုံတွင် ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ သည်နေရာမှာ “ခေတ်မီခြင်းနှင့် ခေတ်ဆန်ခြင်း“ ကိုတော့ကွဲ ကွဲပြားပြား သဘောပေါက် နားလည်ထားရန်လည်းလိုအပ်ပါသည်။ “ခေတ်မီ“ ခြင်းဆိုသည်က “တိုးတက်နေသောခေတ်ကာလနှင့်အညီလိုက်ပြီးလှုပ်ရှားလုပ်ဆောင်ကြရန် ဖြစ်ပါသည်“။ “ခေတ်ဆန်ခြင်း“ ကိုတော့ သတိထားကြရန်လိုပါသည် ။ အထူးသဖြင့်အမျိုးသမီးမျာအ နေနှင့်ခေတ်ဆန်ဆန် ဝတ်ဆင်-ပြုမူကြရာမှာ မိမိတို. မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် ဆန်.ကျင်မှု ရှိ-မရှိ ပထမဆုံးလေ့လာရန်လိုပါသည်။ အထူးသဖြင့်တော့ မိမိအနေနှင့် လှသည်ထင်ပြီး ဝတ်ဆင်မှုသည် ပတ် ဝန်းကျင်အမြင်တွင် သင့် - မသင့် ဆင်ခြင်သင့်ပါ၏။ တစ်ခါတစ်ရံ“အလှပြင်ရာမှ ဘဝတသက်တာတွင် အမဲစက် ကြီးထင်“သွားတတ်သည်ကိုလည်း မမေ့အပ်ပါ။ အားလုံးရွှင်လန်းချမ်းမြ့ကြပါစေ

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter