ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Friday, May 31, 2013

ဒေါ်အောင်ဆန်းစုကြည်နှင့်၈၈ အဖွဲ့တို့နှင့် ပတ်သက်၍ ဆရာတော်ဝီရသူ ဝေဖန်ပြောဆို



Thursday, May 30, 2013

ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့နှင့် ပတ်သက်၍ ဗုဒ္ဓဘာသာဘက်မှ ရပ်တည်ခြင်းမရှိဘဲ အစ္စလာမ်ဘာသာဝင်များဘက်မှသာ ရပ်တည်နေကြောင်း မန္တလေးမြို့၊ မစိုးရိမ် တိုက်သစ်မှ ဆရာတော် အရှင်ဝီရသူမှ ဝေဖန်ပြောကြားခဲ့သည်။ ယခုလ ၂၂ ရက်နေ့တွင် မစိုးရိမ်တိုက်သစ်တွင် ပြုလုပ်သည့် တိုင်းမဂ္ဂဇင်းမှ သတင်းထောက်နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုသွားကြောင်း 
 
သိရှိရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ဆရာတော် ၀ီရသူမှ “ဒေါ်စု သည် လုံးဝအားကိုး၍ မရကြောင်း၊ ကုလားများနှင့် ပတ်သက်၍ စကားတစ်လုံးမှ ၀င်မပြောကြောင်း၊ မွတ်ဆလင်များ ငိုပြသည်ကို အဟုတ်ထင်ပြီး မွတ်ဆလင်ဘက်သို့ ယိမ်းယိုင်နေကြောင်း၊ ကျောက်နီမှော်တွင် ရခိုင်အမျိုးသမီးအား အနိုင်ကျင့်စော်ကားပြီး သတ်ဖြတ်ချိန်တွင် ဘာမှမပြောဘဲ ရခိုင်များ ကုလားကို သတ်မှ မလုပ်သင့်ကြောင်းဖြင့် ၀င်ရောက်ပြောဆို ကြောင်း၊ ၎င်းတို့ NLD ပါတီအတွင်း၌ ကုလားအများစုရှိကြောင်း၊ ၎င်းတို့မှ နေရာယူထားသည့်အတွက် ဒေါ်စု အနေဖြင့် ကုလားများ၏ စကားကိုသာ နားယောင်နေကြောင်း” ဟု ပြောကြားသွားသည်။ ၎င်းနောက် သတင်းထောက်က ၈၈ ကျောင်းသားအဖွဲ့နှင့် ပတ်သက်၍ မေးမြန်းရာ “ NLD ပါတီပြီးလျင် ၎င်းတို့ကို အားကိုး ရသည်ဟု ယခင်က ထင်မြင်ခဲ့ကြောင်း၊ သို့သော် အထင်နှင့်အမြင် အားလုံးလွဲမှားခဲ့ကြောင်း၊ ရခိုင်ပဋိပက္ခတွင် ဘာမှလုပ်မပေးခဲ့ကြောင်း၊ ပါးစပ်က ဟောင်ဖွာဟောင်ဖွာနှင့် လျှောက်ပြောနေပြီး လက်တွေ့တွင် ဘာမှ လုပ်မပေးကြောင်း၊ နည်းနည်းမှ သုံးမရကြောင်း” ဟု ပြောကြားသွားသည်။ ၎င်းတွေ့ဆုံမေးမြန်းခန်းတွင် ဆရာတော် ၀ီရသူမှ ၎င်းအနေဖြင့် အစ္စလာမ်ဘာသာဝင်များကို မမုန်းကြောင်း၊ ဗုဒ္ဓဘာသာဝင်များအား အနိုင်ကျင့်စော်ကားနေမှုများကို ကာကွယ်ခြင်းသာဖြစ်ကြောင်း အစ္စလာမ်ဘာသာဝင်များသည် ရည်ရွယ်ချက် ရှိရှိဖြင့် မြန်မာနိုင်ငံအား အစ္စလာမ်နိုင်ငံဖြစ်ရန် ကြံစည်နေကြောင်း ပြောကြားသွားသည်။

ဝင်းအောင်(မန္တလေး)

https://www.facebook.com/koye.yeye2013

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter