ဗုဒ္ဓကမ္ဘာမှ ဓမ္မမိတ်ဆွေများအားလုံးကို “မင်္ဂလာ“
ပါလို့ ပထမဦးစွာ နူတ်ခွန်းဆက်သ-ဂါရဝပြုပါရစေ။ ကျွန်မတို့ ဗုဒ္ဓကမ္ဘာတွင်
ပါဝင် ရေးသားဆွေးနွေးနေကြတဲ့ ကလောင်ရှင်များရဲ့ ရင်ထဲမှ ပေါ်ထွက်လာတဲ့
လူမှုရေးနဲ့ ဘာသာရေးအပေါ်အမြင် အတွေ့အကြုံစတဲ့ ရင်တွင်းမှ စကားလေးတွေကို
ပြန်လည်မျှဝေ နားဆင်ခွင့်ရစေရန်အတွက် ဗုဒ္ဓကမ္ဘာ အင်တာဗျူးကဏ္ဍလေးကို အစီအစဉ်
သစ်လေးတစ်ခုအနေနဲ့ တင်ဆက်ပေးထားတဲ့အတိုင်း ဒီကဏ္ဍလေးအတွက် ဗုဒ္ဓကမ္ဘာမှ
ကလောင်ရှင်များအားလုံးကို အလှည့်ကျအနေဖြင့် တွေ့ဆုံမေးမြန်း
တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အခု ၅-ကြိမ်မြောက် အင်တာဗျူးမှာ
ကျွန်မတို့
ဗုဒ္ဓကမ္ဘာဆိုဒ်ထဲမှ သာသနာ့ဝန်ထမ်း ရဟန်းဘဝနဲ. တစ်ဖက်တစ်လမ်းကနေပြီး
ပုထုဇဉ်လူသားများအတွက် စာပေဆောင်းပါးများကို မနားမနေ ရေးသားမျှဝေ ညွှန်ပြ
ဆုံးမပေးတော်မူနေတဲ့ ဗုဒ္ဓကမ္ဘာမှ စာဆိုတော် “အရှင်ပဏ္ဍိတ(ဒေါင်းဖြူ) “ အား
ရိုသေလေးစားစွာဖြင့် ဗုဒ္ဓကမ္ဘာ မိသားစုကြီး ကိုယ်စား မေးခွန်းလေးများကို
မေးမြန်းရန် “ကလေးတို.ဆရာမ“ မှ တာဝန်ယူ တင်ဆက်ပေးမှာဖြစ်ပါတယ်။
မင်္ဂလာပါ ဦးတင်ပါတယ်ဘုရား
ဆရာမနှင့်တကွ အားလုံးသော ဗုဒ္ဓကမ္ဘာမိသားစုဝင်များ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သ လိုက်ပါတယ်..။
အရှင်ဘုရားအနေနဲ့ အခုလို မေးမြန်း-လျှောက်ထားခွင့်ပြုတဲ့အတွက်
အားလုံးကိုယ်စား ကျေးဇူးအများကြီးတင်ပါတယ်ဘုရား-
ဟုတ်ကဲ့ ဦးဇင်းဘက်ကလည်း အခုလိုဖြေကြားခွင့်ရတာကိုပဲ အထူး ကျေးဇူးတင်မိပါတယ်..
အရှင်ဘုရားရဲ့ ငယ်နာမည်- အသက်နဲ့တကွ ဇာတိမြေ- အမိ-အဖ-
မိဘများရဲ့ အလုပ်အကိုင် အပြင် အခု လက်ရှိနေရပ်- စသည်များကို သိခွင့်ပြုပါဘုရား ။
လူနာမည်ကတော့ “မျိုးမင်းလက်” ။ အသက်(၂၃) ။
ဇာတိကတော့ ဧရာဝ တီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ ရေလဲကြီးကျေးရွာ။ဖခင်-
ဦးသောင်းဌေး+မိခင်-ဒေါ်ဝင်းမာ
မိဘတွေရဲ့အလုပ်အကိုင်ကတော့ သင်(ဖျာ)လုပ်ငန်းလုပ်ပါတယ်..။
လက်ရှိနေရပ်ကတော့ အထက်မှာပြောခဲ့တဲ့လိပ်စာမှာပဲ နေထိုင်နေကြပါတယ်..။
ဒီလို ဘာသာရေးနဲ. ဗုဒ္ဓစာပေတွေကို ဘယ်အရွယ်- ဘယ်အချိန်ကစ
ပြီး ဘယ်လို ရည်ရွယ်ချက်-ဘယ်လိုအတွေးအခေါ်တွေနဲ. လေ့လာ လိုက်စား
ခဲ့တယ်ဆိုတာလေးကိုလည်း စာဖတ်သူများကို ဗဟုသုတအဖြစ် မျှဝေပေးဖို.
လျှောက်ထားပါရစေဘုရား ။
ဗုဒ္ဓစာပေ-ကို တကယ်စိတ်ဝင်စားတာက
အသက်(၁၄)နှစ်လောက်မှပါ..။ စဉ်းစားကြည့်ဖူးတယ်.. ‘ ဒီဘ၀မှာ တကယ်နေနိုင်မလား’
လို့ပေါ့…။ နောက်ဆုံးအဖြေက ထွက်ဖို့ အကြောင်းပြချက်မရှိဘူး- ဆိုတဲ့
အဖြေရတယ်။ အဲဒီတော့ လူမထွက်ရင် ဘာလုပ်မလဲ? သာသနာ တော်မှာနေတာ
ဘာကြောင့်လဲ..? အနာဂတ်ကို ဘယ်လိုရည်မှန်းထားလဲ..? အဲဒီအချိန်ကတည်းက
ကိုယ့်ကိုကို မေးခွန်းတွေမေးခဲ့တယ်..။ အဖြေကတော့ သာသနာ့ဘောင်မှာနေရင်
(၁) သီလစောင့်ထိန်းရမယ်..၊
(၂) ဗုဒ္ဓစာပေကို ကျွမ်းကျင်ရမယ်..၊
(၃) ဘွဲ့ရချင်းတူရင် ဗဟုသုတသာသူက
ခေါင်းဆောင်ဖြစ်တဲ့အတွက် သူများထက် လေ့လာရမယ်.. လို့ ဆင်ခြင်ခဲ့မိတယ်..။
ဒါပေမယ့် အဲဒီအချိန်မှာ တွေးတော့တွေးတယ်..၊ ဒါပေမယ့် စာပေ၀မ်းစာ
မရှိတဲ့အတွက် စနစ်ကျမှုမရှိဘူး..။ ပြောချင်တာက (၁၄)နှစ်ကနေ
(၁၈)နှစ်အတွင်းလေ့လာ ခဲ့တာ တွေက အခုအချိန်ထက်ပိုများခဲ့ပေမယ့် ပဓာနသာမည
ခွဲခြားမှုမရှိတဲ့အပြင် နည်းပြပေးတဲ့သူလည်း ကောင်းကောင်းမရှိတာကြောင့်
ထိရောက်မှုနည်းခဲ့ပါတယ်..။
အခုတော့- ဘယ်အရာကိုပဲလေ့လာလေ့လာ
နေရာ+အချိန်ကာလ+ရာသီဥတု+စရိုက်+ အစဉ် အလာ..စတဲ့အရာတွေကို
အရင်ဆုံးလေ့လာပြီးမှ တကယ့်အနှစ်သာရကို ဘက်မလိုက်တဲ့စိတ်ထား
အတ္တကင်းတဲ့စိတ်ထားနဲ့ ချဉ်းကပ်-လေ့လာ-တွေးခေါ်ရမယ်လို့ နားလည်လိုက်ပါတယ်..။
ရည်ရွယ်ချက်ကတော့ အကြည်ညိုခံပုဂ္ဂိုလ်ဟာ
ကြည်ညိုသူဒကာဒကာမများထက် ကိုယ်ကျင့်တရား၊ အနေအထိုင်၊ အပြောအဆို- တို့
သာလွန်မြင့်မြတ်ရာမှာဖြစ်တဲ့အပြင် ဗုဒ္ဓတရားတော်တွေကိုလည်း ခေတ်နဲ့အညီ
ခေတ်လူငယ်တွေကိုရှင်းပြနိုင်တဲ့ ခေတ်လေ့လာနည်းပေါ်မှာ
လိမ္မာပါးနပ်ရမယ်..ဆိုတဲ့ ခံယူချက် ရည်ရွယ်ချက်နဲ့လေ့လာခဲ့ပါတယ်…။
အနာဂတ်ကတော့ မမြင်ရသေးဘူး.. အဲ.. သိတာတစ်ခုကတော့ “ဘ၀မှာ ဘာပဲလုပ်လုပ် လုပ်သ လောက်မဖြစ်ရင်တောင် ဖြစ်သလောက်တော့လုပ်ရမယ်” လို့…
အော်- အခုလို သိခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်ဘုရား ။ ဒါ့အ
ပြင် အရှင်ဘုရားအနေနဲ့ ဒီ ဗုဒ္ဓကမ္ဘာဆိုက်ကို ဘယ်အချိန်မှ စပြီးဘယ်လို
ဝင်ရောက်လာတယ်ဆိုတာလေးကိုလည်း မိန့်ကြားပေးပါအုံးဘုရား ။
အခုဆို ဒီဆိုဒ်ကိုရောက်တာ (၈)လလောက်ရှိပါပြီ..။
2012- ခုနှစ် မေလ-လောက်က စတင်သုံးခဲ့တာဖြစ်ပါတယ်..။ သူငယ်ချင်းတစ်ပါးက
ဒီမှာအမေး+အဖြေတွေရှိ တယ် ကြားလို့ သူများတွေရဲ့ အမေး+အဖြေတွေအကြောင်း
လေ့လာဗဟုသုတယူလိုတာကြောင့် ဒီဆိုဒ်ထဲ ကို ၀င်ရောက်ခဲ့တာဖြစ်ပါတယ်..။
တင်ပါ့ဘုရား - နောက်ပြီး --
ဒီကနေ့ လူငယ် - လူရွယ်လေးများ အတုယူ အားကျသွားစေရန်အ
တွက်နဲ. အရှင်ဘုရားတို.ဆီက အတုယူစရာ - လိုက်နာ ကျင့်ကြံ အားထုတ်
စရာများကိုမျှဝေပေးပါရန် လျှောက်ထားပန်ကြားခွင့်ပြုပါဘုရား။ အထူးသဖြင့်
အရှင်ဘုရားအနေနဲ.တကယ့် အတွေ.အကြုံလေးများကို - လူငယ်လူ ရွယ်
လေးများ မှတ်သားနာယူစရာများကို မိန်.ကြားပေးပါရန် ရိုသေစွာ ပန်ကြား
ပါရစေဘုရား ။
ဝိပဿနာပိုင်း-ကတော့ ဦးဇင်းကိုယ်တိုင် တစ်နာရီပြည့်အောင် အားမထုတ် ဖူးသေးပါဘူး..။
လူငယ်တွေအတွက် အကြံပေးရမယ် ဆိုရင်တော့
လောကအပိုင်း + ဓမ္မအပိုင်း နှစ်ပိုင်းခွဲပြောမှ အဆင်ပြေမယ်..။
လောကအပိုင်းမှာ- ဒီနေ့ခေတ်ဟာ ပညာခေတ်ပဲ ၊ ပညာတတ်တဲ့သူနဲ့ ပညာ မတတ်တဲ့သူ
လုံးဝကွာခြားပါတယ်..။ ဘွဲ့ရပြီး အလုပ်လက်မဲ့ဖြစ်နေကြတယ်ဆိုတာက ဘွဲ့က
ပညာမဟုတ်ဘူးလေ..။ ဘွဲ့နဲ့အတတ်ပညာ,အသိပညာကို ခွဲခြားသိရပါမယ်..။
ဘာကိုပဲလုပ်လုပ် စေတနာထားလုပ်ဖို့လိုတယ်..။ ပြီးတော့
ကိုယ့်ကိုယ်ကျိုးအတွက်လုပ်သလိုမျိုး သူများအလုပ်ကို လည်း
လုပ်ပေးဖို့လိုတယ်။ နောက်တစ်ခုက- အချစ်ရေးဆိုတာ စီးပွားရေး, လူမှုရေး,
ပညာရေး, ကျန်းမာရေး-စတဲ့..စတဲ့အရေးတွေမှာပါတဲ့ အစိတ်အပိုင်းတစ်ခုသာ
ဖြစ်ပါတယ်..။ အဲဒီအစိတ်အပိုင်းတစ်ခုက ကျန်တဲ့အစိတ်အပိုင်းတွေကို
ရိုက်ချိုးသွားတာမျိုးမဖြစ်အောင် ဂရု စိုက်ကြဖို့ကိုလည်း
တိုက်တွန်းလိုပါတယ်..။
ဘာသာရေးပိုင်းပြောရမယ်ဆိုရင်တော့
ပုံမှန်အားဖြင့်တော့ ကမ္ဘာမှာ နိုင်ငံရေးနဲ့အမျိုးသားရေးဟာ တန်းတူပဲ.။
ဦးဇင်းတို့နိုင်ငံမှာတော့ အဲဒီလိုမဟုတ်ဘူး၊ နိုင်ငံရေးဆိုတာ လက်တစ်ဆုပ်စာ
အုပ်စု တွေရဲ့ နေရာလုပွဲသာဖြစ်တယ်..။ အမျိုးသားရေးကတော့ ကိုယ်စီအသိတရားနဲ့
ကာကွယ်မှရမယ်။ ဘယ်သူမှအားကိုးလို့မရဘူး၊ ငွေကြေးကို
အမျိုးထက်ပိုတန်ဘိုးထားသူတွေ ဦးစီးနေတဲ့ ယနေ့ခေတ် မှာ အမျိုးသားရေးဆိုတာ
လူတိုင်းလူတိုင်းနဲ့သက်ဆိုင်ပါတယ်..။
ဒီလိုအမျိုးသားရေးကိုပြောလိုက်ခြင်းအားဖြင့်
ဘာသာရေးလည်း အဲဒီအထဲမှာ ပါဝင်ပါတယ်..။ ဘာသာတရားအတွက် ဘေးထိုင်- ဘုပြော-
မေးငေါ့နေကြရမယ့်ခေတ်မဟုတ်ဘူး..။ စုပ်တစ်ချက်သပ်ပြီး
အားပေးရမယ့်ခေတ်လည်းမဟုတ်ဘူး..။ ကိုယ်တိုင် ကိုယ့်အသိတရား..
ကိုယ့်ဘာသာကိုချစ်တဲ့စိတ်နဲ့ တွဲလက်ကူ ဖေးမလို့စောင့်ရှောက်ရမယ့်
အခြေအနေဖြစ်ကြောင်း လည်း ပြောချင်ပါတယ်..။
တန်ဖိုးရှိတဲ့
မိန်.ကြားချက်မို. အထူးကျေးဇူးတင်ပါတယ်ဘုရား ။ အရှင်ဘုရားရဲ့ လက်ရှိဘဝမှာ
ဘယ်လိုရည်ရွယ်ချက်များနဲ. လှုပ်ရှား ကြိုးပမ်း အားထုတ်နေ တယ်ဆိုတာလေးကိုလည်း
သိခွင့်ပြုအုံးပါဘုရား ။
ဘယ်လိုရည်ရွယ်ချက်ကြောင့်လဲဆိုတော့-
လက်ရှိအချိန်မှာ သာသနာက အရှေ့ဘက်နိုင်ငံတွေမှာ အတိုက်အခိုက်ခံဘာသာအဖြစ်
ရပ်တည်နေရတယ်။ ဒီအချိန်မှာ လူတွေကိုလည်း စည်းလုံးစေ ချင် တယ်။
ကောက်ညှင်းဆန်နားမှာ စိုက်ထားတဲ့ကောက်ကျီးဆန်ဟာ စေးကပ်မှုများသလို ကောက်ကျီး
ဆန်နားမှာ စိုက်ထားတဲ့ ကောက်ညှင်းဆန်ဟာလည်း ပုံမှန်လောက် စေးကပ်
မှုမရှိတာမျိုးတွေ ရှိ တယ်..၊ ၀တ်မှုံကူးတဲ့သဘောပေါ့။ အဲဒါကြောင့် လူတွေကို
စည်းစည်းလုံးလုံးနဲ့ ကိုယ့်လူမျိုး ကိုယ့် ဘာသာ ကိုယ့်သာသနာကို
အတူတကွထိန်းသိမ်းစောင့်ရှောက်လိုတဲ့ဆန္ဒနဲ့ လုပ်နေတာပါ..။
ပြီးတော့ ဦးဇင်းတို့ဘာသာက
လူဦးရေတိုးပွားအောင်လုပ်တဲ့ဘာသာမဟုတ်ဘူး၊ တရားတော်ပြန့် ပွား ရေးကိုပဲ
ဦးစားပေးတဲ့ဘာသာ။ အဲဒါကြောင့် ဗုဒ္ဓတရားတော်တွေကို
လူသားတိုင်းမဟုတ်ရင်တောင် လက်လှမ်းမှီသူတွေကို မျှဝေပေးချင်တယ်။...
နောက်တစ်ခုက- ဦးဇင်းက သာသနာ့နွယ်ဝင်ဆိုတော့
ဘာပဲလုပ်လုပ် သာသနာတော်မျက်နှာ ကို ကြည့်ပြီး သာသနာအကျိုးသယ်ပိုးမှ
သူများလှူတာကို တာဝန်ကျေကျေနဲ့ စားသုံးရာရောက်မယ်။ ဒါမှ
သာသနာ့သားကောင်းပီသမယ် - လို့စိတ်ထားပြီး အသက်ရှင်သန်စဉ်မှာ သာသနာတော်ကို
မတိုးတက်ရင်တောင် မဆုတ်ယုတ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်နေတာပါပဲ...။
အင်မတန်.ကိုကြည်ညိုစရာကောင်းသလို
အတုယူလိုက်နာစရာလည်းဖြစ်ပါတယ်- ဒါ့အပြင် အရှင်ဘုရားရဲ့ စေတနာ-ဝါသနာနဲ.
အားထုတ်မှုများကိုလည်း မိန်.ကြား ပေးပါအုံး ဘုရား ။
စေတနာအနေနဲ့ကတော့ ဘာပဲလုပ်လုပ် စိတ်ပါလက်ပါနဲ့ စေတနာထားပြီးလုပ်ပါတယ်..။ အားထုတ်မှုအပိုင်းကတော့ စိတ်ပါရင် ပုတီးလေးစိတ်ပါတယ်...။
ပရဟိတ-အပိုင်းမှာတော့
ယဉ်ကျေးမှုသင်တန်းတွေဖွင့်ပါတယ်။ ယဉ်ကျေးမှုသင်တန်းဖွင့်ချင်ပေမယ့်
စာအုပ်,စာရေးကိရိယာမတက်နိုင်တဲ့ဒေသတွေကို စာရေးကိရိယာတွေလှူပါတယ်။
ကျောင်းမတက် နိုင်တဲ့ကလေးတွေကို သူငယ်ချင်းတွေနဲ့စုပေါင်းပြီး
ကျောင်းထားပေးပါတယ်..။
တက်နိုင်တဲ့အခါတိုင်း
ရွာကျောင်းမှာကထိန်ပြန်ခင်းတယ် ။ ရွာကျောင်းက ကထိန်ခင်းမယ့်သူရှား တယ်လေ။
သူတို့မှာကလည်း တစ်နှစ်တစ်ခါ ဒီပွဲလေးလောက်ပဲရှိတာ ဒါကိုတောင်မတက်နိုင်ကြ
တော့ အဲဒီကိစ္စလေးအတွက်လည်း အဓိကဦးစားပေးအနေနဲ့လုပ်ကိုင်ပါတယ်။
ဦးဇင်းတို့က တခြားဘာသာဝင်တွေလို
ဓနမပေးနိုင်တော့ ဘ၀ပေးသာသနာပြုဖို့လည်း ဆုံးဖြတ်ထား ပါတယ်။ လာမယ့်နှစ်
သီတင်းကျွတ်လောက်မှာ တောင်တန်းသာသနာပြုသွားရတော့မယ်ဆိုတော့ ဆရာမရေ…
အားထုတ်မှုကတော့ ရှေ့ကိုမျှော်ပေါ့နော်…
အရှင်ဘုရားရဲ့ မိမိနိုင်ငံနဲ.မိမိလူမျိုး၊ ဘာသာ သာသနာအပေါ် ချစ်မြတ်
နိုးပြီး
အမုန်းခံ - အပြောခံကာ ရှေ.ဆောင်လမ်းပြ ရေးသား ဟောကြားပေး နေတာတွေကိုလည်း
တပည့်တော်များက အထူး လေးစားစွာ ဂုဏ်ယူ အားပေးလျက်ရှိနေပါတယ်ဘုရား ။
အရှင်ဘုရားရဲ့ တပည့်တော်များအပေါ် အမြင်နဲ.ပြုပြင်စရာလေးများကို
လည်း သနားသောအားဖြင့် မိန်.ကြားတော်မူပါအုံးဘုရား ။
အမုန်းခံရတာကတော့ အခုထိပဲ…၊ တစ်ခါတစ်လေ
အမှန်တရားကိုဝင်ထောက်ပေးဖို့ ထေ့ငေါ့မှုတွေ ကို
ရင်ဆိုခဲ့ရတာမျိုးလည်းရှိတယ်။ မထီတရီပြောတာမျိုးနဲ့လည်း ကြုံခဲ့ရဖူးတယ် ။
နောက်ပြီး အင်တာနက်သုံးတာကို သာသနာဖျက်နေသလိုမျိုး
ဆိုးဆိုးဝါးဝါးဝေဖန်မှုမျိုးလည်း အခုရက်ပိုင်းအထိ အဝေဖန်ခံနေရတုန်းပဲ..။
ဦးဇင်းထင်ပါတယ်..၊ ဦးဇင်းတို့ဘာသာဝင်တွေဟာ
ဘာသာတရားအသိပိုင်းမှာတော့ အနည်းနဲ့အများ သိကြတာချည်းပဲ။ ဒါပေမယ့် အသိနောက်
အကျင့်ရောက်တဲ့သူနည်းတယ်။ ဦးဇင်းတို့ ဘယ်လောက် ပဲ တိုက်တွန်းဆုံးမနေပါစေ
ကာယကံရှင်ကိုယ်တိုင်က ပြင်ချင်တဲ့စိတ်ရှိမှ အဆင်ပြေမှာ…။ ဒါကြောင့်မို့
“ပညာတတ်ဟာ ပညာရှိမဟုတ်ဘူး၊ ” ဆိုတဲ့စိတ်ကလေးကို လက်ကိုင်ထားကြလို့ မိမိ
တို့ရဲ့အသိတရားတွေမှာ မာနကင်းကင်းနဲ့ တကယ့်တရားစစ်တရားမှန် ၀ိပဿနာကိုအား
ထုတ် က ဖို့နဲ့ အခြားသူများကိုလည်း တွဲလက်ကူညီပေးကြဖို့
ပြောကြားလိုပါတယ်..။
တင်ပါ့ဘုရား - ဒီကနေ.လူငယ်များကိုကြည့်ရင် အားလုံးလိုလိုတော်
နေကြ -
တတ်နေကြတာကိုတွေ.ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အမြင်မှားနဲ.- အထင်မှားပြီး
လမ်းမှား ရောက်နေကြတဲ့ လူငယ်အချို.ကိုလည်း အခုလိုပဲအရှင်ဘုရားတို.ကပါ
ဝိုင်းဝန်းကူညီ လမ်းမှန်ကို ညွှန်ပြပေးနေတာကိုလည်း ကျေးဇူးတင်ရပါတယ်ဘုရား။
အဲ-- ကြုံတောင့်ကြုံခဲမို.ပါဘုရား --
အခု အရှင်ဘုရားရောက်ရှိနေတဲ့ နေရာ-ဒေသရဲ့ ဘာသာရေးအခြေ အနေလေးများကိုလည်း ဗုဒ္ဓကမ္ဘာအဖွဲ.သားများအား မျှဝေ သိခွင့်ပြုပါဘုရား ။
ဒီနေ့ခေတ်လူငယ်တွေတော်တယ်- လို့ ဆရာမကပြောတယ်၊
မှန်တယ်! ဦးဇင်းလည်း လက်ခံပါ တယ်။ သို့သော်လည်း လောကအတန်းကျောင်းပညာမှာ
ဂုဏ်ထူးထွက်ရုံလောက်နဲ့တော့ တော် တယ်လို့ ပြောလို့မရသေးဘူး။ စာရိတ္တပိုင်း,
ကိုယ်ကျင့်တရားပိုင်းနဲ့, အမျိုးဘာသာ သာသနာကိုချစ်
တတ်မှု အပိုင်းတွေမှာလည်း ဂုဏ်ထူးထွက်ဖို့လိုတယ်။
ပညာရှိတွေဟာ ပညာတတ်ဖြစ်ပေမယ့် ပညာတတ်တဲ့သူတိုင်းတော့ ပညာရှိမဟုတ်တဲ့အတွက်
အနာဂတ်ကို လျှောက်လှမ်းတဲ့အခါ လုပ်ပြီး သွားမှ စဉ်းစားတာမျိုးမဟုတ်ဘဲ
စဉ်းစားပြီးမှ လုပ်တာမျိုးဖြစ်စေ…။
ယောကျာ်းလေးကလည်း ယောကျာ်းလေးအနေနဲ့
ရှောင်ရန်ဆောင်ရန်နေရာတွေကိုလည်း ရှောင်ဖို့ ဆောင်ဖို့လိုသလို၊
အားလပ်တဲ့အချိန်မှာ တက်အားသလောက် ကိုယ့်အတွက် ကောင်းကျိုးရှိမယ့်
အလုပ်ကလေးတွေကို တက်အားသလောက်လုပ်ကိုင်ဖို့ကိုလည်း တိုက်တွန်းပါတယ်..။
မှာချင်တာလေးတစ်ခုက “ဘ၀မှာ နောင်တရတတ်မယ်ဆိုရင် ခပ်စောစောနောင်တရဖို့
လိုတယ်” လို့ပေါ့..။
မိန်းကလေးတွေအတွက်တော့ ဖြူစင်မှုထိန်းသိမ်းပါ၊
မှန်ကန်သန့်ရှင်းတဲ့လမ်းစဉ်နဲ့ အနာဂတ်ကို လိပ်ပြာလုံလုံနဲ့
လျှောက်လှမ်းနိုင်အောင်ကြိုးစားပါ ။ အချစ်ကြောင့် ဘ၀ဖြစ်လာတာမဟုတ်ဘဲ
ဘ၀ကြောင့် အချစ်ဖြစ်လာတာဖြစ်တဲ့အတွက် ကိုယ်ချစ်တဲ့သူကို
ပုံအပ်တဲ့အထိမယုံဖို့လည်း တိုက်တွန်းလိုပါတယ် ။ ဘာလို့လဲဆိုတော့
ပျက်စီးသွားတဲ့မိန်းကလေးအများစုဟာ တစ်ခါအမှား ကနေ
လမ်းမှားရောက်သွားတယ်-ဆိုတာကို တွေ့မြင်ခဲ့ဖူးတာကြောင့်ပါ။
အဓိကအချက်အနေနဲ့ပြောရရင်တော့ ကိုယ့်ဘာသာ, ကိုယ့်သာသနာကို
ချစ်မြတ်နိုးကြပါလို့…။
အခုနေတာက
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)ပါ..။ ဒီမှာရှိတဲ့ သံဃာအများစုဟာ
ပရဟိတအလုပ်ကို စိတ်အားထက်သန်သူတွေများပါတယ်..။ ဦးဇင်းပြောရဲတယ်..
နောင်တချိန် သာသနာတော်မှာ ဦးဇင်းတို့တက္ကသိုလ်ကနေ သာသနာ့သားကောင်းတွေအဖြစ်
နေရာယူလာ ကြ မယ်ဆိုတာကိုပေါ့..။
တပည့်တော်တို.ရဲ့ မြန်မာနိုင်ငံလည်း အချို.သောနိုင်ငံများကဲ့သို. ဗုဒ္ဓ
ဘာသာ
-သာသနာတော်ကြီးပါ ပျောက်ပျက်သွားတဲ့ အခြေအနေမျိုးနဲ.တိုးမ သွားစေရန်ကိုတော့
အရှင်ဘုရားတို.ဦးဆောင်ကာ အားလုံးက
ဝိုင်းဝန်းကြိုးပမ်းကြရမှာမဟုတ်ပါလားဘုရား ။
ဒါကတော့ ဦးဇင်းတို့ချည်းလုပ်လို့မရဘူး..။
အားလုံးဝိုင်းကူကြဖို့လိုတယ်။ ငွေတက်နိုင်တဲ့သူက ငွေ၊
လုပ်အားတက်နိုင်တဲ့သူက လုပ်အား၊ သစ်တက်နိုင်သူက သစ်၊ ၀ါးတက်နိုင်သူက ၀ါး၊
ဘယ်လိုနေရာ ရောက်မှ ဘယ်လိုအဆင့်ပေးမှ-လို့ သက်မှတ်ချက်မထားဘဲ ကျရာနေရာကနေ
ကိုယ်ပိုင်တာဝန်သိ စိတ်နဲ့ လုပ်ရှားပါမှ သာသနာရေရှည်တည်တံ့နိုင်မှာ
ဖြစ်ပါတယ်။
ဦးဇင်းက သာသနာ့နွယ်ဝင်ဖြစ်တဲ့အတွက်
အဓိကရုဏ်းတွေကို အားပေးစကားမပြောလိုပါဘူး။ ကိုယ့်ဘာသာရဲ့ခြံစည်းရိုးကို
ကျိုးပျက်မသွားအောင်ပဲ လုပ်ဆောင်ကြစေချင်တယ်၊ ကိုယ့်ဘေးနားမှာရှိတဲ့
ကိုယ့်အသိုင်းအ၀ိုင်းကိုလည်း ဘာသာရေးအသိစိတ်တွေ ထည့်ပေးဖို့လည်း လိုတယ်…။
လိုအပ်ချက်တွေတော့ အများကြီးရှိသေးတယ်.. ဒါပေမယ့် ပြောချင်တာက သံဃာတော်
တွေချည်းသက်သက်လုပ်လို့မရဘူးဆိုတာပဲ…။
အရှင်ဘုရားအနေနဲ. ဒီဗုဒ္ဓကမ္ဘာဆိုက်မှာ အက်ဒမင်များကအစ အဖွဲ.
ဝင်များအားလုံးအပေါ်
အမြင်မတော် အကြားမလျော်တာများရှိပါလျင်လည်း အချိန်မီ ပြုပြင်နိုင်
ကြဖို.ထောက်ပြပြီး မိန်.ကြား ညွှန်ပြ ဆုံးမပေးတော်မူပါအုံး ဘုရား။
အမြင်မတော်တာ-လို့ ခေါင်းစဉ်တပ်မေးတော့
ဖြေရနည်းနည်းကျပ်သွားတယ်…။ ဒီဆိုဒ်မှာ ဦးဇင်းတို့ က အဖြည့်ခံပဲလေ..။
အက်ဒ်မင်တွေက တကယ်အလုပ်လုပ်နေကြတာဆိုတော့ အများနဲ့လုပ်တဲ့အခါ တစ်ခါတစ်လေ
လစ်ဟင်းမှုတွေလည်း ရှိကောင်းရှိနိုင်တယ်..။ ဒါကိုအပြစ်လို့ဆိုလိုက်ရင် တကယ်
လုပ်နေတဲ့လူတွေရဲ့စိတ်ကို ညှိုးနွမ်းစေရာ ရောက်လိမ့်မယ်..။
ဦးဇင်းကတော့ ယထာဘူတကျအောင် ဝေဖန်ပါတယ်-
အပြစ်မမြင်ပါဘူး..။ အပြစ်မမြင်တဲ့စိတ်ထား လေးနဲ့ မြင်ပေးတဲ့အတွက်
သူတို့အပါအ၀င် ဘယ်သူ့မှာမှ အပြစ်မရှိဘူး..။ အဲဒီတော့ အမြင်မတော်
တာလည်းမရှိပါဘူး..။
အခုမေးမယ့် ဒီမေးခွန်းအတွက် ခွင့်လွှတ်ဖြေကြားပေးပါရန် ကြိုတင်
ပန်ကြားပါရစေ
အရှင်ဘုရား ။ တပည့်တော်နဲ.အတူ စာဖတ်သူများကလည်း သိလိုကြမှာဖြစ်ပါ တယ်-
အရှင်ဘုရားအနေနဲ. ဒီရဟန်းဘဝကို ငြီးငွေ.၍ဖြစ် စေ- အကြောင်းတစ်ခုခုကြောင့်စေ
ပုထုဇဉ်လူဝတ်ကြောင်ဘဝသို.ပြန်လည်ကူးပြောင်းလာရန်
အလားအလာများရှိပါသလားဘုရား ။
အဲ.. ဒီမေးခွန်းအတွက်တော့ ဦးဇင်းအမြဲပြောနေတဲ့
စကားတစ်ခွန်းရှိတယ်.. “အသက်ရှစ်ဆယ်ပြည့်ရင် လူမထွက်တော့ဘူးလို့
ကတိပေးမယ်”ဆိုတာလေးပေါ့…။ ဒီဘ၀ကို အာမခံလက်မှတ်ထိုးပြီး ၀င်လာတာမဟုတ်တော့
ယတိပြတ်ပြောရခက်တယ်..။ ဦးဇင်းက ထွက်ဖို့ရည်ရွယ်ချက်မရှိပေမယ့်
အမေ+အဖေရှိသေးတယ်၊ သူတို့တတွေ အဆင်မပြေဘူးဆိုရင်တော့- ဒီဘ၀ကို
စွန့်လွှတ်ဖြစ်မှာသေချာတယ်..။ အခုထိတော့ သူတို့လည်း
ချို့ချို့တဲ့တဲ့ကြီးမဟုတ်သေးတော့ လူထွက်ဖို့စိတ်ကူးထားတာမျိုးတောင်
မရှိပါဘူး..။
ကတိပေးနိုင်တာတစ်ခုကတော- အမျိုးသမီးကိစ္စကြောင့်နဲ့တော့ ဘယ်တော့မှ ဒီဘ၀ကို အဆုံးရှုံးခံမှာမဟုတ်ဘူးဆိုတာပဲ…။
သာဓု - သာဓု -သာဓုပါဘုရား ။
ဒါ့အပြင်
အရှင်ဘုရား အနေနဲ့ ဗုဒ္ဓဘာသာကို ဘယ်လိုဘယ်ပုံ ယုံ
ကြည်ကိုးကွယ်လာရတယ်ဆိုတဲ့အကြောင်း ဘာသာရေးနဲ့ပတ်သက်ပြီး အရှင်ဘုရားရဲ့
အတွေး အမြင်လေးများကိုလည်း အားလုံးက သိချင်ကြမယ်ထင်ပါတယ်ဘုရား။
ဒါကတော့ ဆရာမရယ်..။ အမေက ငါ့သားကိုရင်ဝတ်ပါ-
ငါ့သားကို ကိုရင်ဝတ်လေးနဲ့မြင်ချင် တယ် လို့ပြောတာနဲ့ တစ်လဆိုပြီးဝတ်လာတာ။
အဲဒီတုန်းက ဘာသာတရားဆိုတာ ဘာမှန်းကိုမသိသေးပါ ဘူး..။ အခုတော့ ဘာသာတရားကို
ကိုးကွယ်ရခြင်းအကြောင်းအရင်းမှာ သမိုင်းတစ်လျှောက်အမည်း
စက်မရှိခဲ့တာကြောင့်ပါပဲ။ ဦးဇင်းဘာသာတရားတွေအကြောင်းလေ့လာတဲ့အခါ
လုံးဝအမည်းစက်ကင်းတာ ဦးဇင်းတို့ဘာသာပဲရှိတယ်ဆိုတာ တွေ့လိုက်ရတယ်…။
ဦးဇင်းတို့ဘာသာမှာ လူသတ်သာသနာပြုတာမျိုး မရှိခဲ့ဘူးလေ…။
တင်ပါ့ဘုရား- တပည့်တော်တို.နဲ.တကွ လူငယ်လူရွယ်တွေအားလုံး
အနေနဲ.လည်း ဘာသာရေးဆိုင်ရာ ဘယ်လို စာအုပ် စာပေတွေကို လေ့လာ မှတ်သားသင့်တယ်ဆို တာကိုလည်း ညွှန်ပြ ဆုံးမပေးတော်မူပါအုံးပါဘုရား ။
စာပေအကြောင်းပြောရရင် နည်းနည်းရှည်မယ်..၊
“စာအုပ်စာပေ လူ့မိတ်ဆွေ” ဆိုပေမယ့် စိတ်ကို မီးရှို့မယ့် -
လေးလံထိုင်းမှိုင်းစေတဲ့စာမျိုးကို လုံးဝရှောင်ရမယ်..။
သာမန်လူတစ်ယောက်အတွက်ဆိုရင်တော့ အတွေးအခေါ် (ဒဿန) စာအုပ်တွေ ပေါ့ ၊ ဥပမာ
မာ့စ်ဝါဒလိုမျိုးတွေ ။ အဲဒါတွေကိုဖတ်မယ်ဆိုရင်
အသက်(၃၀)ကျော်လောက်မှ ဖတ်တာကောင်း တယ်။ ဒါတောင်မှ ဘာသာရေးအသိအခြေခံမရှိရင်
လမ်းလွဲသွားနိုင်တယ်။ နောက်တစ်ခုက စာအုပ် ကို စာအုပ်လိုအရင်ဖတ်၊ ပြီးမှ
ယူသင့်တာယူ ပယ်သင့်တာပယ်ပါ..။
ဖတ်သင့်တဲ့စာအုပ်မျိုးက-
၁။ ပိဋကတ်စာအုပ်
၂။ သမိုင်း
၃။ အတတ်ပညာပိုင်းစာအုပ်
၎။ ကိုယ်ကျင့်တရား… အများကြီးပဲ..
အများကြီးပဲ..၊ အတိုချုပ်ပြောရမယ်ဆိုရင်တော့ ကိုယ့်အတွက်
ကောင်းကျိုးပြုမယ့်စာအုပ်တွေကိုပဲ ရွေးဖက်ကြဖို့တိုက်တွန်းလိုပါတယ်..။
ယနေ့
ဗုဒ္ဓသာသနာတော်ကြီးရဲ့ အခြေအနေနဲ့ပတ်သက်ပြီး တော့ အရှင်ဘုရားရဲ့
အတွေ.အကြုံပေါ်မူတည်ပြီး အရှင်ဘုရားရဲ့အတွေး- အမြင်များနဲ. ဘယ်သို. ဘယ်
ပုံဝိုင်းဝန်းဆောင်ရွက်ကြရမယ်ဆိုတဲ့ အစီအစဉ် လေး များကိုပါ
သိခွင့်ပြုပါဘုရား။
ယနေ့ခေတ် သာသနာတော်ရဲ့အခြေအနေကတော့ သိတဲ့အတိုင်း
နိုင်ငံတိုင်းမှာ အတိုက်အခိုက်တွေ ပေါများလာတယ်၊ ဘာသာခြားတွေက တိုက်လိုက်၊
နိုင်ငံရေးသမားတွေက တိုက်လိုက် ၊ ကိုယ့်ဘာ သာထဲမှာပဲ စည်းလုံးမှုတွေ
ကွဲပြားလိုက်နဲ့ - ပွင့်ပွင့်လင်းလင်းပြောရရင်တော့ အားတက်စရာမရှိဘူး
ပြောရမှာပဲ။ လုပ်တော့လုပ်နေကြတယ်! ဒါပေမယ့် စီမံကိန်းမရှိတော့
စနစ်မကျဘူးလေ…။
ဦးဇင်းတို့တတွေက တကယ်ဖြစ်မှသာ “ဟ-ဖြစ်ပြီလားဟ“
-လို့ ထအော်ပြီး ပစ္စည်းသိမ်းဖို့ပဲသိတာ၊ ပုံမှန်ကာကွယ်မှုတွေလုပ်တာ နည်းတယ် ၊
နောက်တစ်ခုက ဘာသာရေးအသင်းအဖွဲ့တွေ များစွာ ရှိသော်လည်း အသင်းအဖွဲ့ရဲ့
ဦးဆောင်သူတွေက ဘာသာချစ်တဲ့သူတွေ ဟုတ်ချင်မှဟုတ်တာ၊ အဲဒါ ကလည်း
အဓိကပြဿနာပဲ။ အခုပဲကြည့် မြန်မာနိုင်ငံရဲ့ တကယ့်အကြီးဆုံး
သာသနာပြုအဖွဲ့ကြီးရဲ့ အကြီးအကဲအမျိုးသမီးတစ်ယောက်ဟာ ဘာသာခြားတွေရဲ့အိမ်မှာ
နေ့စဉ်လိုလို ရောက်နေတာကို ကြည့်ရင် ဦးဇင်းတို့ဘာသာရဲ့
ပင်မအဖွဲ့အစည်းတွေထဲလည်း သူလျှိုတွေ ရှိနေနိုင်တယ်ဆိုတာကို သဘောပေါက်ရမယ်။
အဲဒါကြောင့် သာသနာတော်ကို တကယ်တိုးတက်ချင်ရင် သာသနာပြုအဖွဲ့
အစည်းတွေကိုလည်း ပြန်လည်သန့်စင်ရမယ်။
သာသနာပိုင်းဆိုင်ရာမှာလည်း
တချို့ကိုယ်တော်လေးတွေက လူငယ်တွေနဲ့ သူငယ်ချင်းပေါင်း
-ပေါင်းတာမျိုးရှိတယ်၊ ဒါမျိုးကလည်း အရိုသေတန်မှုကိုဖြစ်စေနိုင်သလို
ဘာသာခြားတွေရဲ့ အထင် သေးမှုကိုလည်း ခံရနိုင်တယ်။ နောက်တစ်ခုက သာသနာတော်မှာ
တကယ်လိုအပ်တာကိုပဲ တကယ် ဖြည့်ဆည်းကြဖို့လည်းလိုပြန်ရော။
ရဟန်းသံဃာအပိုင်းကလည်း ဘာသာစကားကအဓိကလား - ဘာသာတရားကအဓိကလား
ခွဲခြားသုံးသပ်ကြရမယ်၊ ဒါ့အပြင် တိုးတက်နေတဲ့ ယနေ့ခေတ်မှာ တော်တော့်ကို
လုံလုံခြုံခြုံနေကြဖို့လည်း လိုပါတယ်။ ဘာလို့လည်းဆိုတော့ နဂိုကတည်းကမှ
အကွက်ချောင်းနေတဲ့သူတွေရှိတယ်။ ကိုယ့်ရဲ့မတော်တဆအလုပ်ဟာ မထင်မှတ်ရင်
အကြီးကြီးဖြစ် သွားတတ်လို့….။
နောက်ဆုံးမေးခွန်းလေးအဖြစ်
ဒီဗုဒ္ဓကမ္ဘာဆိုဒ်ရဲ့ အင်တာဗျူး ကဏ္ဍ လေးမှတဆင့် ဆိုဒ်တည်ထောင်သူ
ကိုကောင်းမြတ်မင်း နဲ့တကွ တာဝန်ရှိသူ အက်ဒမင်များ ရဲ့ လုပ်ဆောင်ချက်တွေအပေါ်
အရှင်ဘုရားအနေနဲ့ လိုအပ်မယ်ထင်တာလေးတွေ ရှိမယ်ဆိုရင် ဝေဖန် အကြံပြုတဲ့
မိန့်ကြားချက်လေးကိုလည်း နာကြား - မှတ်ယူလိုကြတာ အမှန်ပါဘုရား ။
ရှိတယ်-
၁။ တစ်နှစ်တစ်ခါလောက် အက်ဒ်မင်အစည်းအဝေးလုပ်သင့်တယ်..
၂။ ဗုဒ္ဓကမ္ဘာ ၀တ်ရွတ်စဉ်ဘုရားရှိခိုးစာ တိတိကျကျလေး လိုအပ်တယ်။
၃။ အစွန်းလွတ်ပြီး အကျိုးရှိမယ့် သုတရသကဏ္ဍလေးတစ်ခု ထပ်ဖွင့်စေချင်တယ်..။
၎။ ဗုဒ္ဓကမ္ဘာယဉ်ကျေးမှုစာတမ်း စာမျက်နှာ
၂၀၀-လောက်ရှိမယ့် စာအုပ်ကောင်းတစ်အုပ်၊ သင်တန်းကိုင်လက်ဆွဲ
စာအုပ်တစ်အုပ်ဖြစ်မြောက်အောင် ၀ိုင်းဝန်လုပ်ဆောင်စေချင်တယ်..။
၅။ ဘလော့ဂ်ပိုင်းမှာ
History-ပိုင်းတော့ပြောစရာမရှိဘူး။ အကျင့်ပိုင်းဆိုင်ရာတွေမှာ
အတက်နိုင်ဆုံး ကျမ်းကိုး(ပါဠိတော်+အဋ္ဌကထာ+ဋီကာ)နည်းလမ်းကျတာမျိုးကို
ဦးစားပေးသင့်တယ်။
၆။ ဘလော့ဂ်တစ်ပုဒ်မှာ အစွန်းမလွတ်ဘူးထင်ရင် အနည်းဆုံးတာဝန်ရှိ အက်ဒ်မင်သုံးဦးလောက် ဖတ်ရှုပြီးမှ ဖော်ပြသင့်တယ်..။
၇။ စည်းကမ်းချက်တွေ ထပ်ပြီးတော့
သက်မှတ်ခိုင်းတာမဟုတ်ဘူး..။ ဒါပေမယ့် ဆိုဒ်ထဲမှာ နိုင်ငံ ရေး(အထူးအားဖြင့်
လက်ရှိအုပ်ချုပ်နေသူတွေကို) ပုတ်ခက်တဲ့စကား မပြောမိကြဖို့ အကြံပြု ချင်
တယ်။ ဘာကြောင့်လဲဆိုတော့ ဘာသာရေးသက်သက်လုပ်တဲ့အဖွဲ့တွေ သက်တမ်းရှည်ပေမယ့်
နိုင်ငံရေးဝင်လာရင် ပြိုကွဲတက်လွန်းလို့…။ အစိုးရကလည်း သတင်းထွက်ရင် သိသွားနိုင် တယ် လေ…။
၈။ ဆွေးနွေးပွဲကဏ္ဍတွေမှာလည်း
လောက,ဓမ္မ,ရာဇ-ဂိုဏ်းလွတ်တာတွေကိုပဲဆွေးနွေးကြဖို့ ပြောကြားချင်ပါတယ်..။
ဆွေးနွေးချက်တင်တဲ့ပုဂ္ဂိုလ်တွေကိုလည်း ကိုယ့်ဆွေးနွေးချက်မှာ
ကိုယ်ပိုင်ခံယူချက်တစ်ခုရှိဖို့ သက်မှတ်ထားစေချင်တယ်။
တချို့ဆွေးနွေးချက်တွေမှာ ဆွေးနွေး ချက်တင်ထားပြီး ဘာသာခြားတွေဝင်လာလို့
ကိုယ့်ဇာတ်ကိုယ်မနိုင်ရင် သာသနာတော်သိက္ခာ ကျနိုင်တယ်။
အဲဒီလို ဘာသာခြားတွေဝင်လာတဲ့အခါ
ဘာသာခြားတွေရဲ့မေးခွန်းတွေကို ဖြေနေရတာနဲ့ပဲ ဆွေးနွေး
ချက်တွေရဲ့ပင်မရည်ရွယ်ချက်ပျောက်သွားတာမျိုးတွေလည်းတွေ့ရတယ်။
ဆွေးနွေးချက်တွေမှာ သာသနာတော်ကို ထိခိုက်,တိုက်ခိုက်တာမျိုးတွေပါရင်
ချက်ခြင်းပဲ ဖြုတ်ပစ်သင့်ပါတယ်။
၉။ ဆိုဒ်အတွင်းအလှူကိုလည်း တစ်နှစ်မှာ
နှစ်ခါလောက်ပဲလုပ်စေချင်တယ်။ ဘာကြောင့်လဲဆိုတော့ ခဏခဏလုပ်ရင်
လိုငွေပြလာမယ်။ ဒါကို ဖြည့်ဆည်းဖို့တအားကြိုးစားရင် ဆိုဒ်နာမည်ပျက်
သွားနိုင် တယ်။ မေ့လောက်တော့မှလုပ်တော့ အလှူခံတဲ့နေရာလည်း များများရတော့
အကျိုးဖြစ်ထွန်းမှုပိုများ မယ်လို့ ထင်ပါတယ်။
၁၀။ ဆိုဒ်အတွင်းမှာ
ယဉ်ကျေးမှုသင်တန်းကဏ္ဍလိုအပ်နေပါသေးတယ်။ အပြင်မှာသင်သလိုမျိုး ဆိုဒ်အတွင်းကနေ
တကယ်သင်သလိုလေ့လာနိုင်မယ့်ကဏ္ဍမျိုးပါ။ အဲဒီမှာ သင်ပြပေးဖို့ စွမ်းနိုင်တဲ့
အက်ဒ်မင်များနဲ့ ဆိုဒ်အတွင်းက ဗဟုသုတပြည့်ဝတဲ့ ဆရာတော်တွေကနေ
ဝိုင်းဝန်းလုပ်ဆောင်ကြ မယ်ဆိုရင် အဆင်ပြေမယ်လို့ ယုံကြည်မိပါတယ်။
-ဒါက ဦးဇင်းဖြစ်စေချင်တာလေးတွေပြောတာပါ…၊
ဖြစ်ဖို့/မဖြစ်ဖို့ဖိအားပေးတာမဟုတ်ပါဘူး..။ မေးခွန်းရှိတော့
အဖြေရှိတဲ့သဘောပါ…။ တော်ကြာ ကိုယ်ပါပြေးနေရမယ်..။
နောက်ဆုံးလည်းရောက်လာပြီဆိုတော့
အပြီးသက်ပြောချင်တာလေးတစ်ခုက အားလုံးသော ဦးဇင်းတို့ဘာသာဝင်များ
ဘ၀မှာဘာပဲလုပ်လုပ် ဘာသာတရားမျက်နှာကိုကြည့်ကြပါ-လို့ပြော ချင်ပါတယ်။
ဦးဇင်းညီမလေးနှစ်ယောက်ကို ဦးဇင်းပြောခဲ့ဖူးတာလေးရှိတယ်.. “ ငါ့ညီမတို့
-နင်တို့လည်းအသက်အရွယ်ရောက်လာပြီ၊ ရည်းစားတွေဘာတွေလည်း ထားချင်ထားကြမှာပဲ၊
ဒါကတော့ ကိုယ့်လွတ်လပ်ခွင့်နဲ့ကိုယ်ပေါ့..၊ ဒါပေမယ့် ဘာသာခြားနဲ့များ
သတင်းမကြားမိစေနဲ့၊ ဘာသာတရားနဲ့ယှဉ်လာရင် နင်တို့တင်မဟုတ်ဘူး..
ဘယ်သူ့ကိုမဆို ငါစွန့်လွှတ်နိုင်တယ်၊ ”လို့..
အခုလို
မအားလပ်တဲ့ကြားမှ တပည့်တော်တို.ရဲ့ လျှောက်ထားမေး
မြန်းသမျှကိုစိတ်ရှည်စွာဖြင့် မေတ္တာထားကာ ပြန်လည်ဖြေကြားတော်မူသော
ဗုဒ္ဓကမ္ဘာဆိုက်ရဲ့ စာဆိုတော် “အရှင်ပဏ္ဍိတ(ဒေါင်းဖြူ) “ အား ဗုဒ္ဓကမ္ဘာ
မိသားစုဝင်များ ကအထူးကျေးဇူး တင်ရှိ ပါကြောင်း လျှောက်ထားပါရစေဘုရား ။
တိုက်ဆိုင်လို.ပါ-
ကြုံတုံးမေးခွင့်ပြုပါဘုရား--အရှင်ဘုရားရေးတဲ့
“အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)..သို့ ဘာသာခြားတစ်ယောက်မေးသော မေးခွန်း(၉)ချက်နှင့်
အဖြေများ“ ဆိုတဲ့ ပို.စ်ကို “အကောင်း ဆုံး ဆု“
အဖြစ်အရွေးချယ်ခံရခြင်းနဲ.ပတ်သက်ပြီး ရင်တွင်းခံစားချက်လေးကို တပည့်တော်နဲ.
တကွ စာဖတ်သူများကလည်း သိလိုကြမှာအမှန်ပါဘုရား ။
ဒါကတော့.. တရားတော်ရဲ့အကျိုးကျေးဇူးပါပဲ...။
ဦးဇင်းအနေနဲ့ အစွန်းလွတ်အောင်ဖြေကြားခဲ့တာက အဓိကအချက်ဖြစ်မယ်..။ ပြီးတော့
ဒီအရွေးချယ်ခံရမှုမှာ အားလုံးသော ဓမ္မမိတ်ဆွေတွေရဲ့ အားပေးမှု က
အရေးပါပါတယ်.......ဒီလိုအရွေးချယ်ခံရတဲ့အတွက် ဦးဇင်း အခုထက်ပိုပြီး
ကြိုးစားရမယ်ဆိုတာ သဘောပေါက်ခဲ့ပါတယ်..
သူတို့ရဲ့ အားပေးမှုကြောင့်သာ အခုလို အရွေးချယ်ခံရတာပါ....ပီတိဖြစ်မှုအပြင် ဂုဏ်ယူဝမ်းမြောက်မိ ပါတယ်..။ ပြီးတော့ ဒီအးပေးမှုတွေ.. အရွေးချယ်ခံရမှုတွေက ဦးဇင်းအနာဂတ်သာသနာရေးအတွက် ခွန်အားပါပဲ...။ အားလုံးပေးတဲ့ခွန်အားနဲ့ သာသနာကိုအကောင်းဆုံး ကူညီစောင့်မရတာပေါ့.
သူတို့ရဲ့ အားပေးမှုကြောင့်သာ အခုလို အရွေးချယ်ခံရတာပါ....ပီတိဖြစ်မှုအပြင် ဂုဏ်ယူဝမ်းမြောက်မိ ပါတယ်..။ ပြီးတော့ ဒီအးပေးမှုတွေ.. အရွေးချယ်ခံရမှုတွေက ဦးဇင်းအနာဂတ်သာသနာရေးအတွက် ခွန်အားပါပဲ...။ အားလုံးပေးတဲ့ခွန်အားနဲ့ သာသနာကိုအကောင်းဆုံး ကူညီစောင့်မရတာပေါ့.
ကဲ… ဦးဇင်းရဲ့ အင်တာဗျူးအဖြေတွေက
ဓမ္မမိတ်ဆွေတို့အတွက် တစ်ခုခုကျန်မယ်လို့မယူဆ ရဲပါ ဘူး။ ဒါပေမယ့်
အမေးနဲ့အဖြေ အဆင်ပြေအောင်တော့ အတက်နိုင်ဆုံး ကြိုးစားထားပါတယ်။
ဝေေ၀ဆာဆာမရှိတဲ့အတွက်တော့ အားနာမိပါရဲ့…!!
အားလုံးသောဓမ္မမိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း၊
ကိုယ်၏ ကျန်းမာခြင်းများနဲ့ပြည့်စုံကာ အမျိုး,ဘာသာ,သာသနာအကျိုးကို
ဆထက်တိုးဆောင်ရွက်လို့ ကိုယ်ကျိုးကိုလည်း မလစ်ဟင်းဘဲ ဒီဘ၀မှာပဲ
တရားထူးတရားမြတ်တို့ကို ထိုးထွင်းသိမြင်နိုင်ကြပါစေ…လို့
မေတ္တာပို့သလိုက်ပါတယ်..။
ပေးတဲ့ဆုနဲ.ပြည်ဝကြရပါလို၏ အရှင်ဘုရား ။ အမှန်အတိုင်းပြောရမယ်
ဆိုပါလျင်လည်း အရှင်ဘုရားရဲ့ မိန်.ကြားချက်များဟာ တကယ်ပဲ မှတ်သားစရာများနဲ.
ပြည့်နှက် နေတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ဘုရား ။
ဟုတ်ကဲ့ပါ -
--ဟောဒီ ဗုဒ္ဓကမ္ဘာဆိုက်မှ အက်ဒမင်များနဲ.တကွ စာဆိုရှင် ကလောင်ရှင်များအား
လုံးလည်း ဒီကနေ. အင်တာဗျူးအစီအစဉ်လေးကို ဖတ်ရူလိုက်ကြရလို့ သိစရာ မှတ်စရာ
တွေးစရာ လေးတွေ ရရှိသွားကြမယ်လို.လည်းထင်မိပါတယ်။ နောက်ဆက်လက်တင်ဆက်ပေးမယ့်
အင်တာ ဗျူး အစီ အစဉ်တွေမှာလည်း ဘယ်လိုမေးခွန်းလေးတွေနဲ့အတူ ဘယ်
အက်ဒမင်တွေ- ဘယ် က လောင်ရှင် အဖွဲ.ဝင်တွေက ပြန်လည်
ဖြေကြားပေးသွားမလဲဆိုတာကို စောင့်မျှော်ဖတ် ရူအားပေး ကြပါအုံးလို့
ပြောကြားရင်း--
အားလုံးရဲ့ ထာဝရ
ကလေးတို.ဆရာမ
No comments:
Post a Comment