ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Sunday, April 14, 2013

“စာပေကို တကယ်ချစ်မြတ်နိုးပါက ဆင်ဆင်ခြင်ခြင်လေးလည်း ရေးကြပါ “

 

“ကိုကကြီး“ ရေးသားတင်ပြထားတဲ့ “ အယ်ဒီတာ = အက်ဒ်မင်“ ဆိုတဲ့ အနှစ်သာရနဲ.ပြည့်စုံသော ပို.စ် လေးကို ဖတ်လိုက်ရပါတယ် ။ ပို.စ်လေးက ဒီလိုပါ-- “လက်ရှိ စာနယ်ဇင်း သမားများ၏ အွန်းလိုင်း (မီဒီယာ)ဘလော့ဂါများ အပေါ် ဝေဖန်မှုတို့၏အကျိုးအပြစ်သည်-လက်ရှိစာနယ်ဇင်းလော ကသားများမှ စွပ်စွဲပြောဆိုသလို.....""အမှိုက်များ""......" "ဗရုတ်သုက္ခအရေး အသားများ""......""စည်းမရှိ ဘောင်မရှိ စာရေးသား သူများ"" ဟု.....အဝေ ဖန်ခံရနိုင်သော မ ပြည့်ဝသော (ပိုစ့်) စာမူများကို စာဖတ်သူများဆီနှင့်.

 ..ဆိုဒ် ဘလော့ပိုစ့်များ ပေါ်မရောက်ရန်...ဆိုဒ် အက်မင်များ တွင် များစွာ တာဝန်ရှိပါသည်။ အွန်းလိုင်းစာပေများ တန်ဖိုးတက်လာရန်မှာလည်း....ထိုနည်း၎င်းသာဖြစ်ပါသည်-တဲ့ ။ အလွန်.အလွန်တန်ဖိုးရှိလှပါတယ် ။ ဒီလိုဖတ်နေရင်းမှာပဲ လွန်ခဲ့သော မတ်ခ်ျလက အကြောင်းလေးကို ပြေးပြီးသတိ ယလိုက်မိပြန်ပါတယ်။ “ ပရဟိတ အဖွဲ.တွေဖွဲ.ကြပြီး
 ဥက္ကဌတို. ဘာတို.ဆိုတဲ့ နေရာတွေယူနေကြတယ် - လူတွေက အတော့်ကို နေရာယူချင် ကြတာပဲ လို. Face book မှာရေးထားတာ ဖတ်လိုက်ရတယ်- အင်း-ဟုတ်လည်းဟုတ်တာပဲ“ -အိမ်က တစ်ယောက်က သူဖတ်ခဲ့ ရတာကို စိတ်ဝင်တစားနဲ. ပြောနေပြတာကြား ရတော့  စိတ်ထဲမှာတစ်မျိုးပဲ လုံးခဲခဲ ကြီးဖြစ်လာပါတယ် ။ မိန်းကလေးတစ်ယောက်ရေးတယ်လို.တော့ပြောပါတယ် ။ “အင်း --အဲဒီလိုရေးတဲ့သူကိုယ်တိုင်က အဖွဲ.အစည်းတစ်ခုရဲ့ အဓိပ္ပါယ်ကို ရေရေ လည်လည် နားမလည်ဘူး-သူကိုယ် တိုင်လည်း အဲဒီလို အဖွဲ.အစည်းနဲ. ပူးပေါင်းဆောင်ရွက်လေ့မရှိတာသေချာတယ် - ဒါ့ကြောင့် ဒီလို ရေးတာလို.ပြောရ မှာပဲ “ -----ဒီလိုပြောလိုက်တော့ အိမ်ကတစ်ယောက်က သိပ်ပြီး ဘဝင်ကျပုံမရပါ ။ “ဟုတ်လည်းဟုတ်တာပဲ- လူတွေက ဥက္ကဌတို.- အတွင်းရေးမှူးတို. ဆိုတဲ့ နေရာတွေကို သိပ်ကို လိုချင်နေကြ တာ- နေ ရာ မရပြန်ရင်လည်း ဘေးထိုင် - ဘုပြော ၊ နောက်ပြီး မင်းသားကြီးမလုပ်ရရင်လည်း ---“--- စတဲ့ အပြောတွေနဲ.-- လေ ကြောရှည်လာပြန်ပါရော ။ ဒီအခါ ကျမကလည်း အခုလိုရှင်းပြလိုက်ရပြန်ပါတယ် ။ “တကယ်တော့ ပရဟိတပဲဖြစ်ဖြစ် အဖွဲ.အစည်းတစ်ခုဖွဲ.စည်းတော့မယ်ဆိုရင် အဲဒီအဖွဲ.အစည်းကို ဦးဆောင်စီစဉ် ညွှန် ကြားပေးနိုင်တဲ့ အရည်အချင်းနဲ.ပြည့်စုံသူကိုခေါင်းဆောင်တင်ရမှာပဲ- နောက်ပြီး အတွင်းရေးမှူးတို.-အဖွဲ.ဝင်တို.ဆိုတာ ရှိကိုရှိရမှာပါ - ဥပမာ ပရဟိတ စာသင်ကျောင်းတစ်ကျောင်းဖွင့်ဖို. စီစဉ်မယ်ဆို ပါစို.- ပထမဆုံး ဦးဆောင်စီစဉ်ပေးနိုင် မယ့် နာယကနဲ. ဥက္ကဌကိုရွေးရမယ်- နောက်မှ အတွင်းရေးမှူးနဲ. အလုပ် အမှုဆောင်တွေကို ရွေးရမယ် - ဒီလိုဖွဲ.စည်းပြီး တာနဲ. မိမိတို.စီမံချက်ကို ဘယ်လို

စတင်မယ် - ဘယ်ဌာန တွေက အကြီးအကဲတွေနဲ. ဆက်သွယ်ပြီး ဘာတွေလုပ်ကြမယ်- စသည်-စသည် လုပ်ငန်းစဉ်တွေကို ညှိနှိုင်းရေး ဆွဲရမယ်- အစည်းအဝေးတွေခေါ်ရမယ်- သက်ဆိုင်ရာ ဌာနတွေကိုဆက် သွယ်ဖို. ဘယ်သူကတာဝန်ယူ-ဘယ်သူကဘာတာဝန် စသည်ကို ခွဲဝေတာဝန်ယူဆောင် ရွက်သွားကြရမယ်။ ဒါမှလည်း ဒီလုပ်ငန်းကိုအောင် မြင်တဲ့အထိ အခက် အခဲမရှိ ဆောင်ရွက်နိုင်မယ်“- - - ဒီလိုရှင်းပြတော့မှ သူလည်း စကားနည်းပြီး ရန်စဲသွား တယ်လို.ပဲ ဆိုရကြပါစို. ။ အမှန်ဆိုပါက Facebook မှာတော့ “အက်ဒ်မင်“ တို. “အယ်ဒီတာ“ ဆိုတာ ဘယ်လိုလာပြီးရှိနိုင်ပါ့မလဲ ။ ဒါပေမဲ့ စာရေးသူများအနေနဲ.ကတော့ သဘာဝကျ ကျလေးတွေးပြီး သေသေချာချာလေးတော့ ရေးကြရမှာ ဖြစ်ပါတယ် ။ ဒါမှ လည်း မိမိရေးလိုက်တဲ့ စာတစ်ပုဒ်ကို ဖတ်ရှုသူများအနေနဲ. အကျိုးတစ်ခုခုရရှိသွားနိုင်မှာ မဟုတ်ပါလား ။ ဒီလိုမှမဟုတ်ပဲ စာလုံးပေါင်းသတ်ပုံကိုလည်း မစစ်ဆေး ၊ မိမိဘာ ကိုဆိုလိုပြီး ဘယ်လိုရေး လိုက်တယ်ဆိုတာကိုလည်း ပြန်မကြည့်(ရေး သူကိုယ်တိုင်က မသိတာလည်းဖြစ်နိုင်ပါတယ်)၊ “ဖြစ်ဖြစ်ရာဖြစ် မောင်ဘချစ်“ ဆိုတဲ့ စိတ်ထားနဲ.များရေးနေကြလေသလား- မပြောတတ်တော့ပါ ။ အချို. အက်ဒ်မင်များကိုယ်တိုင်က ခလေးငယ်လေးဆန်ဆန် မပီကလာပီကလာနဲ. ချွဲနွဲ.ရေးနေတာကိုလည်း တွေ.ရမှာဖြစ် ပါတယ် ။ အယ်ဒီတာ-အက်ဒ်မင်ဆိုတာ လူကြီးဆန်ရမယ်- ကိုယ့်အိမ်မှာ ကိုယ့်မိဘနဲ. ဘယ်လိုပဲ ချွဲနွဲ.ပြီး ခလေးလေး လို ပြောနေပါစေ - ဒီလိုအပြောမျိုးတွေကို စာပေလောကသား များရှေ့မှောက် ကိုတော့ဖြင့် ရောက်မလာစေသင့်တာ အမှန်ပါ (ဝတ္ထုထဲက စကားပြောခန်းနဲ. ချက်တင်ခန်းမှာ ရေးတာကို မဆိုလိုပါ)။ နောက်တစ်ခုက သူငယ်ချင်းတွေအနေနဲ.နောက်ပြောင်ပြောကြတာကို စာပေလောကသား

စာဖတ်သူများ ရှေ.အရောက် ရေးလာကြ တာကလည်း အရုပ်ဆိုးလှပါတယ်။ ဥပမာ “သူငယ်ချင်း“ ကို “သယ်ရင်း“ လို.ရေး နေတာမျိုးတွေ၊ “ ကြား တယ်မ ဟုတ်လား“ ကို “ကြားတယ်မလား“ လို.ရေးတာမျိုး စသဖြင့်ပေါ့- “မဟုတ်လား“ကို စာစကားအဖြစ်ရေးရာမှာ “ ကြား တယ် မှုတ်လား“ လို.ရေးရင် လက်ခံနိုင် စရာရှိပါတယ် ။ ကျမ ကိုယ်တိုင်လည်း ရေးခဲ့တဲ့ဝတ္ထုတွေထဲက စကားပြောခန်းမှာ ဒီလိုပဲရေးခဲ့ပါတယ်။ ဆောင်းပါးတစ်ပုဒ် (ပို.စ်တစ်ခု) ရေးတော့မယ်ဆိုပါလျှင် (မနာလိုလို.ပဲရေးရေး - သဒ္ဒါပိုလို.ပဲရေးရေး- ယှဉ်ပြိုင်လိုလို.ပဲရေး ရေး- မနေနီိုင်လို.ပဲရေးရေး- ချီးမွမ်းချင်လို.ပဲရေးရေး - ကဲ့ရဲ့ပြစ်တင်- ရှုံ.ချချင်လို. ပဲရေးရေး ဗဟုသုတအဖြစ်ပဲရေးရေး) အတွေးလေးက တော့ ရှိနေရမှာပေါ့ ။ ဒီနေရာမှာ စာဖတ်အားကောင်းသူနဲ. စာဖတ်နည်းသူဆိုတာ အကွာကြီး ကွာသွားမှာဖြစ် ပါတယ်။ စာများများဖတ်ထားသူက သူရေးတဲ့စာတစ်ပိုဒ်ကို စာဖတ်သူတွေ အကြိုက်တွေ.သွားအောင် ဘယ်လိုရေးရမယ်ဆို တာ သိထားပြီးဖြစ်ပါတယ်။ စာဖတ်အား နည်းသူကတော့ သူရေးချင်ရာကိုသာ စွတ်ရေး လိုက်နိုင်ပေမဲ့ ဖတ်သူရဲ့ အကြိုက်ကို တော့ဖြင့် ထိရောက်အောင်ရေးနိုင်စွမ်းမရှိပါ ။ ဒါ့ကြောင့် စာများများဖတ်ပြီး ဗဟုသုတများများလေ့လာပြီးမှ စာရေးမယ်ဆိုပါက မိမိတို. လိုရာကိုရောက် သည့်တိုင်အောင် ထိထိမိမိ ရေးသားဖေါ်ပြနိုင်ကြမှာဖြစ်ပါတယ်။ အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter