ဆရာမခံယူချက်ကလေးပါ
- Sayama May
- “ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။
ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ
Saturday, February 23, 2013
မိမိကိုယ်ကို ကောင်းအောင်ကြိုးစားပါ
မင်္ဂလာပါ-
ပြီးခဲ့တဲ့ တနင်္ဂနွေနေ. ညနေ (မြန်မာစံတော်ချိန်) ၆- နာရီ ၄၀ - တွင်
နေပြည်တ်ာမြန်မာ့အသံ ” လူငယ်မှတ်သား- သုတစကား” အစီအစဉ်မှ
အသံလွှင့်သွားတဲ့ “ မိမိကိုယ်ကို ကောင်းအောင် ကြိုးစားပါ” ဆိုတဲ့
အကြောင်းလေးပါ -
အသံနားထောင်လို.မရတဲ့အတွက် စာသားပါ ထည့်သွင်းဖေါ်ပြပေးဖို.
ရေးသား တောင်းဆိုလာသူများအတွက် စာသားပါ ထည့်သွင်းဖေါ်ပြ
လိုက် ရခြင်းဖြစ်ပါတယ် ။
အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
မင်္ဂလာပါ ကလေးတို.ရေ---
ဒီနေ.တော့ တို.များ လူသားတွေရဲ့ အံ့သြစရာ ဓလေ့စရိုက်လေးတွေကို လေ့လာကြည့်လိုက်
ကြရအောင်နော် ။ “ပုထုဇနောဥမ္မတကော” လို.ပြောဆိုလေ့ရှိတဲ့ - အဲ ဆရာမတို.အပါအဝင်
တို.များလူသားတွေဟာ အသိတရား လက်ကိုင်ထားတတ်သူတွေရှိသလို ၊ တချို.ကလည်း
ပေါ့ပေါ့ဆဆနဲ. ဗဟုသုတ နည်းပါးရှာကြတာကလားကွယ် ။
တချို.ပညာတွေတတ်ကြတယ် ၊ တချို.ကျတော့ ပညာသင်ချိန် မရရှိခဲ့ကြ ၊ ကျောင်းတက်
ပညာသင်ဖို.အခွင့်အလန်း မရှိခဲ့ကြရှာလို.အတန်းပညာတွေ မရှိကြရှာဘူးလေ ။ တချို.ကျ
ပြန်တော့ ကျောင်းမတက်နိုင်လို. အတန်းပညာမရှိပေမဲ့ အသိပညာ အပြည့်အဝ ရှိနေကြ
တာတွေ.ရတယ် ။ အဲ - တချို.ကျတော့လည်း အတန်းပညာတွေ အပြည့်အဝရှိနေကြပေမဲ့
အသိပညာက နည်းလှတယ် ။ အသိတရားမရှိဘူးလို.ပဲပြောရမယ် ။ ဒီလိုလူမျိုးတွေကတော့
မိမိကိုယ်ကိုအဟုတ်ကြီးထင် -ဘဝင်မြင့်ပြီး “ ငါမှ ငါ ” ဆိုတဲ့သဘောကို လက်ကိုင်ထားကာ
“ ငါတကောသမား ” တွေ ဖြစ်နေကြတာလေ - တွေ.ဖူးကြုံဖူးကြလိမ့်မယ် ထင်ပါတယ် ။
အကြောင်းမကောင်းလို. အဆိုးတရားတွေနဲ. ကြုံတွေ.ရတဲ့ အခါဆိုရင်လည်း -“ ဒါ ဘယ်သူ.
ကြောင့် -ဘယ်ဝါ့ကြောင့်” ဆိုပြီး သူများကိုလက်ညှိုးထိုးတတ်ကြတာကလား။ ကိုယ့်အပြစ်
ကိုယ်မမြင် - ကိုယ့်ကိုယ်ကိုပြန်ဆင်ချင်ရမှန်းမသိကြဘူးလေ ။ ဗုဒ္ဓရဲ့ ဆိုဆုံးမထားတဲ့ တရား
တော်တွေကို ပြန်လည်သုံးသပ် တွေးမှတ်ဆင်ချင်ဖို.ဆိုတာကတော့ ဝေလာဝေးပါပဲ ။
တကယ်တော့ အဲဒီလိုမျိုး အဆိုးတရားတွေနဲ.ရင်ဆိုင်တိုး ကြုံတွေ.လာမယ်ဆိုရင် ဘယ်သူ.ကို
မှလက်ညှိုးထိုး အပြစ်ဖို.မနေပဲမိမိကိုယ်ကို အသိတရားလေးနဲ. ထိန်းကာ အခြေခံအကြောင်း
ရင်းကို ရှာဖို.လိုပါတယ် ။ အဓိကအရေးအကြီးဆုံးကတော့ လူတိုင်းလူတိုင်း ဟာ “ မိမိကိုယ်
ကိုကောင်းအောင်ကြိုးစားကြဖို.” လိုပါတယ် ။
ကလေးတို.ရေ -
ဒီကိစ္စနဲ.ပတ်သက်ပြီး ဆရာမတို.ငယ်ငယ်က သက်ကြီးစကား တဆင့်ကြားခဲ့ရတဲ့ ပုံပြင်လေးကို
ပြောပြချင်ပါတယ် ။
ဟိုး -ရှေးရှေးတုံးက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး အုပ်ချုပ် မင်းလုပ်နေတဲ့အချိန်ပေါ့ ။
တစ်ချိန်တော့ တိုင်းပြည်မှာ ရာသီဥတုက ဖေါက်ပြန် ရွာချိန်တန်လို. မိုးမရွာ ၊ မိုးမရွာတော့
လယ်သမားတွေက စပါးစိုက်လို.မရ ။ တောင်သူလယ်သမားတွေလည်း သစ်သီးဝလံ စိုက်ပျိုး
တာ မအောင်မြင်ဘူးပေါ့ ။ ဒီတော့ တိုင်းသူပြည်သားတွေမှာ စားစရာဆန်မရှိ ။ ဟင်းသီးဟင်း
ရွက်ဆိုတာဗလာနတ္ထိဖြစ်ပြီး ငတ်မွတ်ခြင်းဘေးကြီးနဲ.ရင်ဆိုင်ကြုံတွေ.ကြရပါရောကွယ် ။
ဒီလို လူတွေ ငတ်မွတ်လာကြတော့ တိုင်းပြည်မှာလည်း သူခိုးသူဝှက်တွေ ပေါလာတော့တာ
ပေါ့ ။ ဒီအခါ လူများဟာ အဲဒီဒဏ်ကို မခံမရပ်နိုင်ဖြစ်ပြီး ဆူဆူပူပူဖြစ်လာကြတယ် ။ နောက်ဆုံး
တော့ “ ဒီလို တိုင်းပြည်မှာ ငတ်မွတ်ခေါင်းပါးတဲ့ ဘေးကြီး ဆိုက်ရောက်လာတာ တိုင်းပြည်ကို
အုပ်ချုပ်မင်းလုပ်နေတဲ့ဘုရင် ကိုယ်ကျင့်တရားမကောင်းလို.” - ဆိုပြီးအပြစ်တင် လက်ညှိုးထိုး
ကာနန်းရင်ပြင်မှာဆန္ဒပြကြသတဲ့ ။
ဒီအခါ ဘုရင်ကြီးလည်း နန်းရင်ပြင်ကိုထွက်ပြီး - “ ကောင်းပြီ ဒီပြဿနာကို ရှင်းပေးမယ် ၊
အခုလာမယ့် လကွယ်နေ.ညရောက်ရင် နန်းဥယျာဉ်အတွင်းမှာ အုတ်ကန်ကြီးလုပ်ထား
မယ် ။ အဲဒီကန်ကြီးထဲကို တစ်အိမ်တစ်ယောက် နွားနို.တစ်ခွက်စီ လာထည့်ကြရမယ် ”
လို. အမိန်.ချ မှတ်လိုက်တယ် ။
ကလေးတို.ရေ ---- လကွယ်နေ.ညဆိုတော့လည်း မှောင်နဲ.မဲမဲပေါ့ကွယ် ။ ကန်ကြီးထဲကိုနွားနို.
လောင်းထည့်တဲ့အခါ ဘယ်သူမှ မမြင်ရအောင် အဝတ်မည်းကြီးနဲ.ဖုံးအုပ်ထားတယ်။ အဲ - ဒီလို
နဲ.မနက်မိုးလင်းတော့ - “ နို.ကန်ကိုဖွင့်မယ် ၊ တိုင်းသူပြည်သားတွေ အားလုံး လာကြည့်
ကြရမယ်” လို.ဘုရင်ကြီးက မိန်.တော်မူလိုက်တယ် ။ ဒါ့ကြောင့် နို.ကန်ကြီးအနီးမှာ တိုင်းသူ
ပြည်သားတွေ ဝိုင်းအုံရောက်လာကြပါရော ၊
“ ကဲ - အားလုံးကြည့်ကြ ” လို. ဘုရင်ကြီးကပြောပြောဆိုဆိုနဲ. အဝတ်မည်းကြီးကို ဆွဲဖွင့် လိုက်
တဲ့အခါမှာ-- ကန်ကြီးထဲမှာ နို.ရောင်ဆိုလို.တစ်စက်တောင်မှ မတွေ.ရပဲ ပကတိ ကြည်လင်နေတဲ့
ရေတွေကိုသာ မြင်တွေ.ကြရသတဲ့ကွယ် ။ ဒီအခါ ဘုရင်ကြီးက -“ တိုင်းသူပြည် သားတို. သင်တို.
အားလုံးဟာ တစ်ဦးစီမှာရှိကြရ မယ့် ကိုယ်ကျင့်တရားတွေ ပျက်ပြားနေ ကြတယ် ။ အခုလက်တွေ.
မြင်ကြရပြီ မဟုတ်လား ၊ “ အိမ်တိုင်း- အိမ်တိုင်းက နွားနို.တစ်ခွက်စီ ထည့်ကြမှာ - ငါတစ်
ယောက်ထည်း ရေတစ်ခွက်သွားထည့်တာ ဘယ်သူမှ သိကြမှာမဟုတ်ဘူး” - လို.တွေးကြ
တယ် ။ အေး - - ဒါပေမဲ့ ဒီလို အတွေးက လူတိုင်းလူတိုင်းမှာ ကိုယ်စီရှိနေကြတာဆိုတော့ အခု
မြင်ကြရတဲ့အတိုင်း နွားနို.ဆိုလို. အရိပ်အရောင်တောင် မမြင်ကြရပဲ ရေကြည်ကြည်လင်လင်တွေ
ကိုသာ မြင်တွေ.ကြရတာ သက်သေပဲ ” ----လို.မိန်.တော်မူလိုက်သတဲ့ ကွယ် ။
အဲ-ဆိုလိုတာကတော့ တိုင်းပြည်တစ်ပြည်-နိုင်ငံ တစ်နိုင်ငံရဲ. အေးချမ်းသာယာဝပြောဖို.ဆိုတာ
အုပ်ချုပ်သူ လူတန်းစားတွေကချည်း မင်းကျင့်တရားနဲ. အညီ ကျင့်ကြံ အုပ်ချုပ်နေရုံနဲ. မလုံ
လောက်သေးဘူး ၊ တိုင်းသူပြည်သား လူအများအနေနဲ.ကလည်း တစ်ဦးစီ တစ်ဦိးစီမှာ ရှိကြ
ရမယ့် ကိုယ်ကျင့်တရားတွေရှိပါမှ အဲဒီ နိုင်ငံတော်ဟာလည်း အေးချမ်းသာယာပြီး စည်ပင်
ဝပြောလာလိမ့်မယ်လို.ဆိုလိုခြင်းပဲ ဖြစ်ပါတယ်ကွယ် ။
ကလေးတို.ရေ-- - တို.များ လူသားတွေ အနေနဲ. ဘယ်လို အခက်အခဲ အကျဉ်းအကြပ် ဘေး
အန္တရာယ်တွေနဲ. ရင်ဆိုင်ကြုံတွေ.ရပါစေ တစ်ယောက်ကို တစ်ယောက်လက်ညှိုးငေါက်ငေါက်
ထိုးပြီး အပြစ်ပုံ မချကြဖို.၊ အဲ - အဓိကအနေနဲ.ကတော့ မိမိကိုယ်ကို မိမိ ပြန်လည်သုံးသပ်
ဆင်ခြင်ကာ မိမိတို. ဘာတွေ လွဲမှားနေသလဲ ၊ မိမိတို.အနေနဲ. ဘာတွေလုပ်ဖို. လိုသလဲလို.
ပြန်လည်စဉ်းစားပြီး ညှိနှိုင်းယူတတ်ကြဖို. လိုတယ်လို.ဆိုလိုခြင်းပဲဖြစ်ပါတယ် ။
ကဲ - ကလေးတို.အားလုံးလည်း သူများယောင်လို.လိုက်ယောင်ရတဲ့ အဖြစ်မျိုးနဲ.မတိုးမိအောင်
သတိဆောင်ကာမင်းဘေး ၊ မီးဘေးနဲ.ရေဘေး လေဘေးစတဲ့သဘာဝဘေးများမလွတ်မြောက်
ပြီး အနာဂါတ်ရဲ့ ခေါင်းဆောင်ကောင်းလေးတွေ ဖြစ်ကြပါစေကွယ် ။
Subscribe to:
Post Comments (Atom)
ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်
-
လွန်ခဲ့သော ရက်ပိုင်းက မန္တလေးမြို့ ကျုံးနံဘေးတွင် ညနေဖက် အပြေးလေ့ကျင့်နေသူ တစ်ဦးကို သတ်မှတ်ထားသော နေရာ ပန်းဝင်လာချိန်တွင် ရေခဲစိမ်...
-
ဒီပို့ လေးကို အလင်းရောင်ကြယ် ဘလောက်ဂါမှတစ်ခုမှဖတ်မိယင်းကူးယူ၍ ဗဟုသုတရသလေးဖြစ်ဝေမျှလိုက်ပါတယ် စာချစ်သူတို့  . မြတ်စွာဘုရားဟောခဲ့ သော ကျမ်...
-
အလွန်ကောင်းသော ဆုံးမ-လမ်းညွှန်ချက်များဖြစ်သောကြောင့်(သိပြီးသူများမှအပ) မသိသေးသူများအတွက် ကူးယူ တင်ပေးလိုက်ခြင်းဖြစ်ပါတယ် ။ အားလုံး ရွှင်လန...
-
မကြာသေးတဲ့ တစ်ချိန်က ဘတ်မိလိုက်ရတဲ့ စာပိုဒ်လေးတစ်ပုဒ်ကြောင့် ဒီဆောင်းပါး ကို ရေးမိလျက်သားဖြစ်သွားတယ်ဆိုရင် မှားမယ်မထင်ပါ။ ခေါင်းစဉ်က ” ပွဲ...
-
ကလေးတို့ရေ “ ဝဋ် ”ဆိုတဲ့စကားတစ်လုံးရဲ့ သဘောက အင်မတန် ကျယ်ပြောလှပါတယ် ။ တို.များ လူသားတွေဆိုတာကလည်း လောဘ -ဒေါသ- မောဟ ဆိုတဲ့ ကိလေသာ တရားတွေနဲ....
-
“မမှားသော ရှေ.နေ - မသေသော ဆေးသမား ” ဤလောကသားများအလယ်မှာမရှိသ လောက်ကို ရှားလှမယ်ထင်ပါတယ် ။ လူ.အသိုင်းအဝန်းမှာကြည့်ပါက ကင်းသူဟူ၍ ရှာမတွေ....
-
၆၈-ကြိမ်မြောက် တပ်မတော်နေ. “မနက်ဖြန် တပ်မတော်နေ. ပန်းကုံးစွပ် ကြိုဆိုရမယ်နော် မရွှေကျော့“ နဝရတ်ရိပ်သာမှာနေတဲ့ မမခင်(ယုဝတီခင်စိန်လှိုင်)...
-
ဆေးဘက်ဝင်ကောင်းကျိုးမှာ ============== ကွမ်းရွက်မှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ကယ်လ်စီယမ်၊ ကာရိုတင်း၊ ရိုင်ဘိုဖလေဗင်၊ နိုင်ယာစင်၊ ...
-
ကလေးတို.ရေ -- ဘာလိုလိုနဲ. တစ်ဝါဆိုခဲ့ပြန်ပြီနော် ။ တို.များ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအရ သာသနာ့ဘောင်အတွင်းက သံဃာတော်များလည်း ဝါဝင်ကြရပြန်ပြီလေ ။ ...
-
ကလေးတို.ရေ - “ မြန်မာအစ တကောင်းက ” ဆိုတဲ့ စိတ်ဝင်စားစရာအကြောင်းကို အမြန်ရေးပေးပါလို.တိုက်တွန်းလာကြပေမဲ့ အလုပ်လေးတွေများနေလိုနောက်ကျသွားရပါတ...
No comments:
Post a Comment