Upload Music လူသားမျိုးနွယ်အစ- မြန်မာက မင်္ဂလာပါကလေးတို.ရေ -- ဒီနေ. ကလေးတို.နဲ.ဆွေးနွေးဖို. “ လူမျိုးနွယ်အစ မြန်မာက“ ဆိုတဲ့ အကြောင်းလေးကို ရွေး ထားပါတယ် ။ ကလေးတို.ရေ -- အဲဒီခေါင်းစဉ်ကိုဖတ်ပြီး “သံသယ” တွေနဲ. တွေဝေမသွားပါနဲ.အုံး(ဦး)နော် ။ ရှေးခေတ်နဲ.ဒီကနေ. မျက်မှောက်ခေတ် သုတေသန ပညာရှင်ကြီးများက အဆင့်ဆင့် လေ့လာခဲ့ကြတာပါ ။ တကယ်တော့ ဟောဒီ ကမ္ဘာ့မြေပြင်ပေါ်မှာ ပေါ် ပေါက်ခဲ့တဲ့ သတ္တအရင်းအမြစ်တွေကို ဆက်လက်သုတေသနပြုခဲ့ကြတယ်။ Primate လို.ခေါ်တဲ့ ကျောက်ဖြစ်ရုပ် ကြွင်းများ ကို တွေ.ရှိ လေ့လာရာက လူသားမျိုးနွယ်အစ ကို ဆက်လက်လေ့လာခဲ့ကြခြင်းဖြစ်ပါတယ် ။ အဲဒီလူသားမျိုးနွယ်အစ ( Primate ) လူတူကျောက်ဖြစ်ရုပ်ကြွင်းတွေကို အာဖရိကတိုက် မှာရှိတဲ့ အီဂျစ်နိုင်ငံ မှာ အစောဆုံးတွေ.ရှိခဲ့ပြီး သက်တမ်းမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၃ သန်း လို. ဆိုပါတယ် ။ အာရှတိုက် ထိုင်းနိုင်ငံမှာလည်း အဲဒီ လူတူ ( Primate ) လူတူကျောက်ဖြစ်ရုပ်ကြွင်းတွေကို တွေ.ရတယ် - သက်တမ်းကလည်း လွန်ခဲ့တဲ့နှစ်ပေါင်း ၃၇ သန်းကဖြစ်ပါသတဲ့ ။ တရုပ်နိုင်ငံမှာတွေ.တဲ့ လူတူ( Primate ) လူတူကျောက်ဖြစ်ရုပ်ကြွင်းတွေရဲ့သက်တမ်း က တော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၇ - ၃၈ သန်းကဖြစ်ပြီး အရွယ်အစားက မြေကြွက်လောက်သာရှိတဲ့အတွက် ပညာရှိများက လူတူ ( Primate ) လူတူကျောက်ဖြစ်ရုပ်ကြွင်းအဖြစ် လက်မခံခဲ့ကြဘူးလေ ။ အခုနောက်ဆုံး ကမ္ဘာ့ပညာရှင်များက ဒေါ်လာ သန်းပေါင်းများစွာ အကုန်ခံရှာဖွေရာမှာ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ရှိတဲ့ ပုံတောင် ဒေသမှ တွေ.လာရတဲ့ ( Primate ) လူတူ ကျောက်ဖြစ်ရုပ်ကြွင်းတွေကတော့ သက်တမ်းလားဖြင့် လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၄၀- ကျော်ကဖြစ်သလို မျောက်လွှဲကျော်အရွယ်အစားဖြစ်တဲ့အတွက် ပညာရှင်များလက်ခံ ကြပါသတဲ့။ ကလေးတို.ရေ -- တို. မြန်မာနိုင်ငံအလယ်ပိုင်းမှာ ရှိတဲ့ ပုံတောင် နဲ. ပုံညာ ဆိုတဲ့ တောင်တန်းကြီး နှစ်သွယ်ကို ကမ္ဘာကလည်းသိကြပါ သတဲ့ ။ အဲဒီ ပုံတောင်နဲ. ပုံညာဒေသက တွေ.ရှိခဲ့တဲ့ ( Primate ) လူတူကျောက်ဖြစ်ရုပ်ကြွင်းတွေနဲ. ပတ်သက်ပြီး အမေရိကန်ပညာရှင်များဖြစ်ကြတဲ့ G. E. Pilgrim နဲ. Dr. H. E . Colbert တို.က အတိအလင်း ရေးသား အ တည်ပြုခဲ့ကြပါတယ် ။ လူသားမျိုးနွယ်ရဲ့ မူလအစ ကို လေ့လာရာမှာ များစွာအထောက်အကူဖြစ်စေမယ့် မြန်မာနိုင်ငံ ပုံတောင်ဒေသ မှ တွေ.ရှိခဲ့တဲ့ “( Primate ) လူတူကျောက်ဖြစ်ရုပ်ကြွင်းများရဲ့ သက်တမ်းဟာလွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်က ” ဆိုတဲ့ အချက်နဲ.ပတ်သက်ပြီး ပိုမိုတိကျခိုင်မာတဲ့အထောက်အထားများရရှိ စေရန်ကြိုးပမ်းခဲ့ကြရာမှာ ၁၉၉၈- ခုနှစ် ဧပြီလ အတွင်း မြန်မာနိုင်ငံသို. လာရောက်ကွင်းဆင်း လေ့လာခဲ့ကြတဲ့ ပြင်သစ်နိုင်ငံ ပါရီမြို. Mont Pillier University Instates of Science de L’ Evolution မှ ပါမောက္ခ Fean Facques Faeger ခေါင်းဆောင်တဲ့ (Primate) လူတူ ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်အဖွဲ.က အီဂျစ်နိုင်ငံ မှာ တွေ.ရှိခဲ့တဲ့( Primate ) လူတူကျောက်ဖြစ်ရုပ်ကြွင်းများ ထက် နှစ်ပေါင်း သန်းပေါင်း ၇ -သန်း ပိုမိုရှေးကျကြောင်းပြင်သစ်နိုင်ငံထုတ် သတင်းစာများမှာ ဖေါ်ပြပြီး ကမ္ဘာ သို. အသိပေးကြေညာခဲ့ပြီးဖြစ်တဲ့အတွက် “လူသားမျိုးနွယ်အစ မြန်မာက(Man Originated in Myanmar)”လို. ကမ္ဘာ့အလယ်မှာ ဂုဏ်ယူဝင့်ကြွားနိုင်ခြင်းဖြစ်ပါတယ် ။ ကလေးတို.ရေ -- ဒီလို ကမ္ဘာပေါ်မှာ အစောဆုံး အဆင့်မြင့် ( Primate ) လူတူကျောက်ဖြစ်ရုပ်ကြွင်းများ စတင် ပေါ်ပေါက်ရာတို.များ မြန်မာ့နယ်မြေက ပုံတောင်ဒေသဟာဖြင့် ကမ္ဘာ့အလယ်မှာ ဂုဏ်ယူစရာ မဟုတ်ပါလား။ ကလေးတို.အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေကွယ်


No comments:
Post a Comment