ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Monday, August 6, 2012

ကယ်ဆယ်ရေးဆိုတာ မျောက်ပြဆန်တောင်းတဲ့အဖွဲ.လား

“ကယ်ဆယ်ရေး“ ဆိုတဲ့ ဝေါဟာရကို - “ဘေးဒုက္ခမှ လွတ်မြောက်အောင် ကယ်တင်ခြင်း “ ဟု အဓိပ္မါယ် ဖွင့်ဆို ထားတာတွေ.သိရပါတယ် ။ အကူအညီလိုသူများကိုလည်း ကူညီ ဖြေရှင်း ပံ့ပိုး ပေးရမှုာလည်းဖြစ်ပါတယ် ။ ဒါဆိုရင် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အလုပ်သမားများ ဆိုင်ရာကိစ္စ္စလေး ကို ပြန်လည်သုံးသပ်ကြည့်ကြရအောင်ပါ ။ မြဝတီမှ မြန်မာအလုပ်သမား ငါးဆယ်ကို MOU ယာယီ ပတ်စ်ပို.-၂ - နှစ်ဗီဇာဖြင့် တရားဝင်ခေါ်ယူ ကာ ထိုင်းနိုင်ငံတောင် ပိုင်းရှိ မူလခေါ်ယူသော ဖူးကက်ကုမ္မဏီမှ မယူတော့ဆို၍ ကူညီပံ့ပိုးပေးခဲ့သည့် အလားတူကုမ္မဏီတစ်ခုသို.ပို.ပေးခဲ့ပါတယ်။ ဆောက်လုပ်ရေးကုမ္မဏီဖြစ်တဲ့အတိုင်း လုပ်ငန်းဆိုက်များဆီသို.ဆယ်ယောက် - ဆယ့်ငါးယောက် စသည်ဖြင့် ခွဲဝေ နေရာ ချပေးသည်တွင် ၁၅ -ယောက်မှာ လုပ်ငန်းဝင်ရန် လိုက်ပါသွားသော်လည်း ကျန် ၃၅- ယောက်အနေနှင့် ရောင်းစားသည်ဟု ထင်မြင် ယူဆကာ ပြန်ပို.ပေးရန်ကိုသာ ပြောလာ ခဲ့ပါတယ်။ အကူအညီပေးသူ လက်ရှိထိုင်းဗိုလ်မှူးကြီးမှ ရှင်းလင်းပြောပြ အာမခံနေသည်ကိုပင် နားမထောင်ပဲ ပြင်းပြင်းထန်ထန်ပင်ဇွတ်ငြင်းပါတော့တယ်။ နောက်ဆုံး ဗိုလ်မှူးကြီးက မော်တော်ကား တစ်စင်းကို ယာဉ်မောင်းသူပါ အဆင်သင့် ရပ်ပေးထားကာ အချိန်မရွေး ကားပေါ်တက်ပြီး သွားနား နေ အိပ်စက်ကြရန် နောက်နေ.မှ ဆက်လက်ဆွေးနွေးကြရန်ကိုပါမှာကြားပြီး ပြန်သွားပါတယ် ။ အလုပ်သမား ၃၅ -ယောက်မှာ ဓာတ်ဆီဆိုင် ဝင်းအတွင်းရှိ ဗိုလ်မှူးကြီး၏ မိသားစုစားသောက်ဆိုင် မှ ကြမ်းပြင်ပေါ်မှာပင် အိပ်နေကြပါတယ် ။ ညဥ့်နက်ရာမှ နံနက် ၂ - နာရီထိုးသည်အထိ မည်သို.မျှ နားချ၍မရနိုင်သည့်အဆုံး လိုက်ပို.ပေးသူ အနေနှင့်လည်း ပင်ပန်းလွန်းပြီ ဖြစ်သောကြောင့် ဗိုလ်မှူးကြီး၏တပည့် မောင်နှမ ၂ - ယောက် အကူ အညီဖြင့် နီးရာ တည်းခိုခန်းမှာ သွားအိပ်ခဲ့ရပါ တယ် ။ နောက်နေ. မနက် ၇- နာရီ- ၄င်းတို.ရှိရာသို.ပြန်ရောက်သွားသည်တွင် ၃၅ -ယောက်မှ အလုပ်သ မားများ ကယ်ဆယ်ရေး အဖွဲ.သို. ဖုံးဆက်လိုက်သည့်အတွက် တာဝန်ရှိသူများရောက် လာကာမေး မြန်း စစ်ဆေးကြရာ ခေါ်ဆောင်သွားသူအနေနှင့် လည်း အကြောင်းစုံရှင်းပြခဲ့ပါတယ် ။ “အလုပ်လည်း သူတို.သဘောတူခဲ့တဲ့ ဆောက်လုပ်ရေးပဲ အဆင်သင့်ပေးတယ်- လခ လည်းအ တူ တူပဲ- နေရာဒေသလည်း မကွဲဘူး။ ဒီရောက်မှ ဟိုပြော ဒီပြောနဲ. ပြဿနာရှာကြတယ်- ဘာမှမလုပ် ဘူး ပြန်ပို. ပေးဖို.ပဲပြောတယ် “ စသဖြင့် ရှင်းပြပြီးပြီဖြစ်တယ် ။ ၃၅ - ယောက်ကို သူတို. စခန်းသို. ခေါ်ဆောင်သွားကြတယ် ။ နောက်နေ. မစ္ဖျိမသတင်းမှာတော့ အလုပ်သမားများကို အလုပ်မရှိပဲ ပွဲစားမှ ရောင်းစားခဲ့၍ ၄င်းတို.မှ ကယ်ဆယ်ထားရခြင်း - ဆိုတဲ့ သတင်းပါလာတယ်။ တကယ်တော့ သွားရောက်ပို.ပေးသူမှာ ပွဲစားလုပ်ခဲ့ဖူးသူမဟုတ်ပေ ။ သူတပါး၏ ကြုံတွေ.နေရ သော အခက်အခဲကို အတတ်နိုင်ဆုံးဝင်ရောက် ကူညီပေးလေ့ရှိသူသာဖြစ်ကြောင်း လူအများက သိထားကြပါတယ်။ အဓိပ္မါယ်ကတော့ ရှင်းပါတယ် - အလုပ်သမား ၃၅ - ယောက်ကြီးများကို ကျွေးမွေးစောင့်ရှောက် ထားနိုင်ရန် NGO အဖွဲ. များ၏ ငွေကြေးပံ့ပိုးမှုကိုမျှော်ကိုး သတင်းလွှင့် လိုက်ခြင်းသာပါ။ တကယ်ဆို ခုလိုကိစ္စမျိုးတွင် နှစ်ဦးနှစ်ဖက်ပြေလည်မှုရ ရှိရေးကိုသာ ဦးစားပေးကူညီဖြေရှင်းပေးရန်လိုပါတယ်။ ဒီလို မဟုတ်မဟပ် လုပ်ဇာတ်သတင်းကြီးကိုတော့ မထုတ်လွှင့်သင့်ပါ ။ အဲ့ဒါ အလုပ်သမားများ ကယ်ဆယ်ရေးအဖွဲ.လား- မဟုတ်သတင်းလွှင့်ကာ ငွေကြေးရှာဖွေရေးအဖွဲ.လား။ သူတို.က ဒီလိုမ ဟုတ်သတင်းတစ်ရပ်နဲ. လုပ်ဇာတ်ခင်းလိုက်တော့ ဟို မြန်မာနိုင်ငံမှ Golden Sea Agent ပိုင်ရှင် Million Than Tin နှင့် ဇနီးဖြစ်သူ Iris လေပြေ ဦး တို.ခမြာ ငယ်ထိပ်မြွေပေါက်ခံရတော့တာပါပဲ ။ မဖြစ်သင့်လိုက်တယ် ။ အခုနောက်ဆုံးတော့ ကိုသန်းတင်ကိုယ်တိုင် အဲဒီ ၅၀ - ယောက်လုံးကို မြဝတီသို. ပြန်ခေါ်သွားခဲ့ ပါပြီ် ။ ဒီ အလုပ်သမားများ ကယ်ဆယ်ရေးအဖွဲ.(သို.) - မဟုတ်သတင်းလွှင့်ကာ ငွေကြေးရှာဖွေရေး အဖွဲ. ရဲ့ လုပ်ရပ်ကြောင့် အလုပ်သမားတွေလည်း နစ်နာ- မြန်မာနိုင်ငံမှ လူရှာပေးတဲ့ Agent ခမြာ လည်းနစ်နာရတော့တာပါပဲ။ ကြားမှ ကူညီဆောင်ရွက်ပေးသူအနေနဲ.တော့ သူတို.က နာမည်ဖျက် သော်လည်း မဗေဒါက ပန်းပန်လျက်ပါ - လို.ဆိုပါတယ် ။ စေတနာနဲ. လိုက်ကူညီပေးတာလူတိုင်း အသိပဲလို.ပြောသလို နည်းနည်းတော့ လူရောစိတ်ပါ ပင်ပန်းတာပေါ့လို.လည်း ဆိုပါတယ် ။ ဒီကိစ္စကို သေးစိပ်လေ့လာချင်တယ်ဆိုပါလျင်လည်း ဆက်ဖတ်နိုင်ပါတယ် --- မြန်မာ MOU အလုပ်သမား ၅၀- ကို G to G စီမံချက်အရ ကုမ္မဏီတစ်ခုမှ အဆင့်ဆင့် လျှောက် ထား တောင်းဆိုခဲ့တယ်။ အဲဒီ ကုမ္မဏီအနေနဲ. ပထမဆုံး လျှောက်ထားခဲ့စဉ်က ချင်းမိုင်(ဇင်းမယ်) မှ ထိုင်းအမျိုးသမီးတစ်ယောက်နဲ. မြန်မာ အမျိုးသား တစ် ယောက်ကိုယုံပြီး အလုပ်သမား ငါးဆယ် အတွက် ဘတ်ငွေ ၄- သိန်းပေးခဲ့ရတယ်။ ဒါပေမဲ့ ၂- လနီးပါးကြာသွားတဲ့အထိ အဲဒီ မြန်မာအမျိုးသား က ဘတ်တစ်သိန်းကို ယူသွားပြီး ပြန်ပေါ်မလာတော့ဘူး လို.ဆိုပါတယ် ။ ဘတ် ၃-သိန်းယူထားတဲ့ ထိုင်း အ မျိုးသမီးကလည်း သူငယ်ချင်းမှတဆင့် တကယ်လုပ်ပေးနိုင်သူကိုတွေ.ခဲ့ပေမဲ့ ဆက်လက် ဆောင်ရွက်ပေးချင်ပုံမရသလို ငွေကို လည်း ပြန်မပေးပါ ။ လုပ်ငန်းပြီးပြတ် အောင်မြင်စေရန် ရည်သန်ပြီး ကူညီ ဆောင်ရွက်ပေးသူ မြန်မာအမျိုးသမီးအနေနဲ. ဤကိစ္စကို မြန်မာနိုင်ငံမှ Golden Sea Agent ပိုင်ရှင် Million Than Tin နှင့်ဇနီးဖြစ်သူIris လေပြေ ဦး တို.ထံ အပ်လိုက်ပြီး ထိုင်းနိုင်ငံဆိုင်ရာကိစ္စများ ကို အဆင့်ဆင့်ဆောင်ရွက်ပေးခဲ့ရာ နောက်ဆုံး အလုပ်သမား ငါးဆယ်ကို ပတ်စ်ပို. များရေးပြီးသည်အထိ ပြီးစီးခဲ့ပါပြီ။ ဖူးကက်မှ ကုမ္မဏီ သို. လူငါးဆယ် ကို မြဝတီမှသွားခေါ်ရန် သို.မဟုတ် ဗီဇာဖိုး တစ်ယောက် ၂ -ထောင့်ငါးရာနှုန်းဖြင့် ဘတ်ငွေ ၁ သိန်း ငါးသောင်း အပြင် လမ်းစရိတ်(ကားခ) ဘတ် ၇ -သောင်း နှင့် ခရီးလမ်းတွင် လူ ငါး ဆယ်အတွက် စားစရိတ်ပါပို.ပေးရန် အကြောင်းကြားခဲ့ပါတယ် ။ ကုမ္မဏီ အနေနှင့် လူ ငါးဆယ်လုံး သူ.ရုံးသို.ရောက်မှ ကုန်ကျစရိတ်အားလုံး ထုတ်ပေးနိုင်မည်ဖြစ် ကြောင်း-သို.မဟုတ်ပါက ၄င်းလူငါးဆယ်ကို မယူလိုတော့ပဲ အခြားလိုချင်သည့် ကုမ္မဏီသို. ပေးလိုက်ရန်သဘောတူ လွှဲပြောင်း စာကိုပင် ရေးပို.ခဲ့ပါတယ် ။ Golden Sea Agent ပိုင်ရှင် Million Than Tin နှင့်ဇနီးဖြစ်သူIris လေပြေဦး တို.ထံမှလည်း လူငါး ဆယ်ကိုအမြန်ဆုံးလာခေါ် ရန်နှင့် မဟုတ်ပါက သူတို.မှာ များစွာအခက်အခဲတွေ.ကြုံရပါတော့မယ်- စသဖြင့် ပြောလာ-လောလာတဲ့အတွက် ကူညီမယ့်သူ ရှာလိုက်ရာ ဖူးကက်နယ်မြေအတွင်း တာဝန် ကျနေသူ ထိုင်းလက်ရှိဗိုလ်မှူးကြီးတစ်ယောက်၏ အကူအညီဖြင့် အထက်ပါအတိုင်း ကူညီဆောင် ရွက်ပေးခဲ့ရခြင်းပင်ဖြစ်ပါ၏ ။ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ ကလေးတို.ဆရာမ

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter