ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Thursday, April 12, 2012

"အတ္တာဟိ အတ္တနောနထော"

"အတ္တာဟိ အတ္တနောနထော" ဆိုတဲ့ ပါဠိဘာသာကို  " မိမိကိုယ်ကို ကိုးကွယ် အားထားရာ" လို.
မြန်မာလိုအဓိပ္ပါယ် ဖွင့်ဆိုထားတာတွေ.ရပါတယ် ။
လုပ်ငန်းတစ်ခု အောင်မြင်မှုရရှိရေးတွင် မိမိအပေါ်မှာရာနှုန်းပြည့် မူတည်နေပါတယ် ။
"လုပ်ငန်းတစ်ခု အောင်မြင်ရေးအတွက် ၄င်းကို ဦးစားပေးပြီး လေးလေးစားစားလုပ်ရမှာဖြစ်သလို
စွဲစွဲမြဲမြဲလုပ်ရန်လည်း အထူးလိုအပ်သည်"-ဟု ဗုဒ္ဓမြတ်ဘုရားက ဟောကြားတော်မူခဲ့ပါတယ် ။

"မိမိ၏ကိုယ်ခန္ဓာနဲ.မိမိ၏နှလုံးသားမှာ တကယ်အရှိဖြစ်သော စေတနာ၏စွမ်းရည်သတ္တိ-ဥာဏ်၏ စွမ်း
ရည် သတ္တိ- ဝီရိယ၏  စွမ်းရည်သတ္တိများကို ယုံကြည် အားကိုးကြရမည်" -  ဟု သဲကုန်း ဆရာတော်
ဘုရားကြီးအရှင်ဥာဏိဿရ ကလည်း ဟောကြားတော်မူပါတယ် ။

ဒီလို လုပ်ငန်းတစ်ခု အောင်မြင်ရေးအတွက် မိမိကိုယ်ကိုသာ ပြန်လည် လေ့လာသုံးသပ်ရမှာဖြစ်တယ်
လို.ဆိုပါတယ် ။
ဒါ့အပြင် လူသားများကြီးပွားချမ်းသာရေးအတွက် လိုအပ်သောအချက်များကိုလည်းမြတ်ဗုဒ္ဓကညွှန်ပြ
ဟောကြားတော်မူခဲ့ပါသေးတယ်။
(၁)ထကြွလုံ.လရှိခြင်း (၂) သတိရှိခြင်း (၃) စင်ကြယ်သောကံ သုံးပါးရှိခြင်း (၄) စူးစမ်းဆင်ခြင်မှုရှိခြင်း (၅)အိနြေ္ဒတို.ကိုစောင့်စည်းထိန်းသိမ်းခြင်း(၆)တရားဖြင့်အသက်မွေးခြင်း (၇) မမေ့မလျော့သောသတိ
ရှိခြင်းစသည့်အချက် များနှင့်ပြည့်စုံရန်ကြိုးစားရမှာပါတယ် ။

"ကံ"၏အကျိုးကို မည်သို.သော"တန်ခိုး"စွမ်းအားနှင့်မျှ မဖျောက်ဖျက်-မဟန်.တားနိုင်စွမ်းပါ။  "တန်
ခိုး" ၏အစွမ်းသတ္တိထက် "ကံ"၏ အကျိုးတရားက ပိုမိုအစွမ်းထက်တဲ့အတွက် "တန်ခိုး"သည် အကျိုး
မပေးသေးတဲ့  "ကံ" ကို မြန်မြန်ဆန်ဆန် အကျိုးပေးစေရန် ဖန်တီးနိုင်စွမ်းမရှိသလို အကျိုးပေးမည့်
"ကံ" ကိုလည်း အကျိုးမပေးစေရန် ဟန်.တားနိုင်စွမ်းမရှိပါ-ဟုလည်း ပညာရှင်များကဖွင့်ဆိုထားကြ
ပါတယ်။

("တန်ခိုး"အရာမှာ"ဧတဒဂ်"ရတော်မူသော "ရှင်မဟာမောဂ္ဂလန်" မထေရ်မြတ်ကြီးသော်မှ ရှေးအတိတ်
က ပြုခဲ့ဖူးသော"ကံ"၏ ဆိုးကျိုးကို ကြေပျက်အာင် ချေဖျက်နိုင်စွမ်းမရှိခဲ့ပါ ။ ရှေးအတိတ်ဘဝက ပြုမှား
ခဲ့တဲ့အကုသိုလ်"ကံ"အကျိုးပေးမှု အချိန်တန်လာသည်ကို အရှင်မြတ်ကြီး၏တန်ခိုးတော် ဖြင့် ချေဖျက်
တားဆီးနိုင်စွမ်းမရှိခဲ့သောကြောင့် ခိုးသားငါးရာ၏ရိုက်နှက်မှုကိုခံပြီး ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့ရပါတယ်။
အမှန်ဆိုသော် "ကံ" ဆိုသည်မှာ "အလုပ် " ပင်ဖြစ်တဲ့အတွက် "အတိတ်ကံ" ဆိုတာက လွန်ခဲ့သောအ
တိတ်ဘဝကပြုလုပ်ခဲ့တဲ့အလုပ်ဖြစ်ပြီး "ပစ္စုပ္ပန်ကံ"ကတော့ လက်ရှိဘဝမှာပြုလုပ်ခြင်းပင်ဖြစ်ပါတယ် ။

"လူ" ဆိုသည်မှာလည်း "မိမိသမိုင်းကိုမိမိရေးပြီး မိမိပုံကိုမိမိကိုယ်တိုင် ထုလုပ်နေတဲ့ ပန်းပုဆရာ"သာ
ဖြစ်ပါတယ် ။  မိမိခန္ဓာကိုယ်ကြီး ကာမဂုံအာရုံများအစွမ်းကုန်ခံစားနိုင်ရန်အတွက် မသမာမှုများဖြင့်ငွေ
ကြေး စည်းစိမ်ကိုရှာအရက်သေစာ - မူးယစ်ဆေးများ သောက်စား ပျော်ပါးခြင်းစသောလုပ်ရပ်များရဲ့
အပုပ်နံ.များကတော့ ခန္ဓာကိုယ်ကြီးမြေကြီးထဲရောက်သွားတဲ့တိုင်အောင် ပျက်ပျယ်သွားမည်မဟုတ်ပါ။

ဒါ့ကြောင့် ပညာတတ်သည်ဖြစ်စေ-မတတ်သည်ဖြစ်စေ-ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ မိမိ
တို.ရဲ့ လက်ရှိအခြေအနေမှာပင် နှလုံးသားရတနာဟု ဆိုအပ်တဲ့   "စေတနာကောင်း"  ကို အရင်းအနှီး
ပြုကာ ကောင်းသောအရသာ " သာဓုခေါ်စရာများ" ကိုသာဆောင်ရွက်နိုင်စွမ်းရှိရမှာဖြစ်တယ်လို.ဆိုပါ
တယ်။ "စိတ်ချမ်းသာမှု" ဆိုသည်မှာလည်း သူတစ်ပါးအပေါ် "စေတနာကောင်း" ထားခြင်းအပေါ်မှာမူ
တည်ပါသည်"  ဟုလည်း ဆရာတော်ဘုရားများက  မိန်.ကြားထားပါတယ် ။  ( ကိုယ်တွေ.အရလည်း
မှန်နေတာသိရပါတယ် ) ။

ဗုဒ္ဓသာသနာကလည်း " မေတ္တာတရားနှင့် ကိုယ်ချင်းစာတရား " ကို အလေးထားကာ သူတစ်ပါးကိုမ
ထိခိုက်မနစ်နာစေပဲ အပြစ်ကင်းအောင်ပြုမူ-ပြောဆို- ကြံစည်ကြရန်ကိုသာ သွန်သင်ညွှန်ပြ ဆုံးမထား
ပါတယ် ။
သူ့အသက်ကိုသတ်ခြင်း-သူတစ်ပါးပစ္စည်းဥစ္စာကို မသိအောင်(ခိုး)ယူခြင်း-ကာမဂုဏ်တို.တွင်မှား ယွင်း
စွာပြုကျင့်ခြင်း- မဟုတ်မမှန်ပြောဆိုခြင်း -သေရည်သေရက်နှင့်မူးယစ်ဆေးဝါး များသောက်စား သုံးစွဲ
ခြင်းတို.ရှောင်ကြဉ်ခြင်းစသော "ပဉ္စသီလ"ခေါ် ကျင့်ဝတ်ငါးပါးသည် ကိုယ်အမူအရာ-နှုတ် အမူအရာနှင့်
စိတ်အမူအရာတို.ကို အပြစ်ဆိုစရာမရှိစေရန် ထိန်းသိမ်းနေထိုင်ခြင်းဖြစ်တဲ့အတွက် "ကမ္ဘာ့တစ်ခွင်မှာ
အယဉ်ကျေးဆုံး-အသိမ်မွေ.ဆုံး"ကျင့်ဝတ်များဖြစ်ကြောင်းပညာရှင်များက ဖွင့် ဆိုထားကြပါတယ် ။

ဒီလို အနှစ်သာရပြည့်ဝသော မြန်မာ့ယဉ်ကျေးမှုများကို ယနေ.လူငယ်လူရွယ်များနေနှင့် မြတ်နိုးယုယ
စွာ ဂုဏ်ယူဝင့်ကြွား ထိန်းသိမ်း စောင့်ရှောက်သွားကြရမှာဖြစ်ပါတယ် ။

အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter