ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Tuesday, April 3, 2012

လူကို လူလိုမြင်တတ်စေသည့် ဗြဟ္မစိုရ် မျက်စိ(စေ့)

လူ.လောကကြီးတွင် ပျော်ရွှင် ချမ်းမြေ့ဖွယ်ကောင်းပြီး ငြိမ်းချမ်းသာယာသောဘဝကို ရယူ ထူထောင်လို ကြပါလျှင် မိမိတို. ပတ်ဝန်းကျင်ရှိ လူအများကို "လူလိုမြင်တတ် ကြည့်တတ်ဖို." လိုပါတယ် ။ ဒီလို "လူကိုလူလို ကြည့်တတ် မြင်တတ်"ရန်မှာလည်း "ဗြဟ္မစိုရ်မျက်စေ့(မျက်စိ)" ရှိရမှာဖြစ်ပါတယ် ။ မေတ္တာ-ဂရုဏာ-မုဒိတာ-ဥပေက္ခာ ဟူသော ဗြဟ္မစိုရ်တရားများဖြင့် လောကနှင့်လူသားများ အပေါ်ကြည့် ရာမှာလည်း အချိန်အခါနှင့် အခြေအနေအရ ၊ စိတ်ဓာတ်စင်ကြယ်မှုအရ၊ လူမျိုးနှင့်ရိုးရာ ယဉ်ကျေးမှုအရ၊ ကိုယ်ကျင့်သိက္ခာ ထိန်းသိမ်းမှုအရ၊ စိတ်ဓာတ်စင်ကြယ်မှုအရ၊ ဝိသဿနာဓမ္မ အမြင်အရ၊ မမြဲသောအနိစ္စ သဘောအရ၊ ဆင်းရဲခြင်းဟူသော ဒုက္ခသဘောအရ၊ မိမိနှင့်မဆိုင်မိမိမပိုင်သည့် အနတ္တသဘောအရကြည့် တတ်-မြင်တတ်ရမည် ဟု ဆိုပါတယ် ။ တိုင်းပြည်နှင့် လူမျိုးတို.၏ ရိုးရာဓလေ့ ထုံးတမ်းစဉ်လာများနှင့် အမျိုးမျိုးသော အတတ်ပညာများကို " ယဉ် ကျေးမှု"ဟူ၍ ခေါ်ဆိုကြပါတယ် ။ ယဉ်ကျေးမှုများစွာတို.အနက်မှ တစ်ဦးနှင့်တစ်ဦး ဆက်ဆံကြရာမှာ အရေး အပါဆုံးမှာ "ကိုယ်အမူအရာယဉ်ကျေးမှု(ကာယကံ)၊ အပြောအဆိုနူးညံ့မှု(ဝစီကံ)၊ စိတ်ထားဖြူစင်မြင့်မြတ်မှု (မနောကံ)မှာ အရေးအကြီးဆုံးဖြစ်ပါတယ် ။ ပုဂံခေတ် အနော်ရထာမင်း လက်ထက်မှစကာ ဒီကနေ.တိုင်အောင် " ထေရဝါဒ ဗုဒ္ဓသာသနာ "မှာ မြန်မာ နိုင်ငံတစ်ဝှမ်းလုံးတွင် ထွန်းလင်းတောက်ပလျက်ရှိနေပါတယ် ။ မြန်မာတို.သည်လည်း " ဗုဒ္ဓသာသာသနာ အပေါ်အခြေခံကာ " မြန်မာ့ယဉ်ကျေးမှုကို တည်ဆောက်ခဲ့ကြသည်ဟုဆိုပါတယ် ။ ဗုဒ္ဓသာသနာကလည်း "မေတ္တာတရားနှင့် ကိုယ်ချင်းစာတရား" ကိုအလေးထားကာ "သူတစ်ပါးကို မထိခိုက် မနစ်နာစေပဲ " အပြစ် ကင်းအောင် ပြုမူ- ပြောဆို-ကြံစည်ကြရန်ကိုသာ သွန်သင်ညွှန်ပြ ဆုံးမပေးပါတယ် ။ သူအသက်ကိုသတ်ခြင်း- သူတစ်ပါးပိုင် ပစ္စည်းဥစ္စာများကိုခိုးယူခြင်း - ကာမဂုဏ်တို.တွင် မှားယွင်းစွာပြုကျင့် ခြင်း- မဟုတ်မမှန်ပြောဆိုခြင်း - သေရည်သေရက်နျင့် မူးယစ်ဆေးဝါးများကို သောက်စား သုံးစွဲခြင်းတို.မှ ရှောင်ကျဉ်ခြင်းစသေ " ပဉ္စသီလ " ခေါ် "ကျင့်ဝတ်ငါးပါး" သည် ကိုယ်အမူအရာနှင့် စိတ်အမူအရာတို.ကို အပြစ်ဆိုစရာမရှိစေရန် ထိန်းသိမ်းနေထိုင်စေခြင်းဖြစ်သည့်အတွက် " ကမ္ဘာ့တစ်ခွင်တွင်အယဉ်ကျေးဆုံး ၊ အ သိမ်မွေ.ဆုံး " ကျင့်ဝတ်များအဖြစ် သတ်မှတ်ခံခဲ့ရသည်ဟုလည်း ပညာရှင်များက ဖွင့်ဆိုထားကြပါတယ်။ မိမိထက်ငယ်ရွယ်သူများအပေါ် ညှာတာထောက်ထားကာ - ကြင်နာသနားခြင်းစသော " ချစ်ခြင်းတရားများ " ပွားများနိုင်ရမှာဖြစ်သလို မိမိထက် အသက်အရွယ် - ဂုဏ်သိက္ခာကြီးရင့်သူများ အပေါ်မှာလည်း မာန်မာနကို နှိမ်ချပြီး ဂါရဝတရားရှေ.ထားကာ ယဉ်ကျေးသိမ်မွေ.စွာပြောဆို ဆက်ဆံကြရပါသည် ။ အခက်အခဲ အကြပ် အတည်းနှင့် ကြုံတွေ.လာသူများကို ကိုယ်ချင်းစာနာ ထောက်ထားကာ ကူညီပေးလေ့ရှိခြင်းမှာလည်း " မြန်မာ့ ယဉ်ကျေးမှု" ၏ အနှစ်သာရ များပင်ဖြစ်ပါ၏ ။ ဤသို.သော အနှစ်သာရနှင့် ပြည့်စုံသည့် " မြန်မာ့ယဉ်ကျေးမှုများ" ကို ယနေ.လူငယ်များအနေနှင့် မြတ်နိုး ယုယစွာ ဂုဏ်ယူဝင့်ကြွား ထိန်းသိမ်း စောင့်ရှောက်သွားကြရန် အထူး လိုအပ်လှပါတယ် ။ ရွှင်လန်းချမ်းမြေ့ကြပါစေ

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter