ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Monday, January 31, 2011

လူငယ်တို.အတွက် ပညာရေး အလှမ်းမဝေးပါ

“ အသိပညာ နဲ. အတတ်ပညာ ”

“ အသိပညာ နဲ. အတတ်ပညာ ” ဘယ်လို ကွာခြားတယ်ဆိုတာ ရှင်းပြပေးပါဆရာမ ”- တဲ့ ။
စာရေးတဲ့ သူကရေး - ဖုံးဆက် မေးသူကမေး -အတော်လေးများလာတဲ့ နောက် ဒီဆောင်းပါး
လေးကို ကောက်ရေးဖြစ်သွားတာပါပဲ ။

ဟုတ်ပါတယ် - တကယ်တာ့ ဒီ “ အသိပညာ နဲ. အတတ်ပညာ ” ဆိုတာ “ ပညာ” တွေချည်း
ပါပဲ ။ ဒါပေမဲ့ ကွဲခြားခြားနားမှုတော့ ရှိနေပါတယ် ။ ဒီကနေ. လူငယ်တွေမှာ ဒီ “ အသိပညာ နဲ.
အတတ်ပညာ ” နှစ်မျိုးစလုံးကို ခွဲခြား နားလည်ထားဖို. လိုအပ်လှပါတယ် ။
အမှန်တော့ “ပညာ” ဆိုတာ အကြောင်းခြင်းရာတွေ အပေါ် “သိ-နားလည် ” မှု ကိုခေါ်ပါတယ် ။

“ အသိပညာ” ဆိုတာက တကယ်တော့ “ အသိစိတ် - အသိဉာဏ် ” ပါပဲ ။ ဒီလို အသိစိတ်
အသိဉာဏ် “ အသိပညာ” ကို ဘယ်က - ဘယ်လို ယူရမလဲ - ဟုတ်လား ။ မခက်ပါဘူး ။
လူတိုင်း လူတိုင်း ကိုယ့်ဘာသာ ကိုယ် ဆည်းပူးလေ့းလာနိုင်ပါတယ် ။ “ ဆရာ မလိုဘူးလား ” ဆိုတဲ့
အမေးကို ဖြေရမယ်ဆိုရင် - လိုပါတယ် ။ သိပ်ကို လိုပါတယ် ။ အော် - ဆရာတွေလား - စာအုပ် -
စာပေ နဲ. ဝန်းကျင်အဖြစ်အပျက် တွေဟာ ဆ၇ာတွေပေါ့ ။

သုတ - ရသ - ဒဿန စတဲ့ စာပေ အမျိုးမျိုးကို ပြောတာပါ ။ ပြီးတော့ တက်ရမယ် ကျောင်းက
လည်း အဝေးကြီး မသွားရပါဘူး ။ “ဘဝတက္ကသိုလ် ” လေ ။ လူ.လောက တစ်ဝှမ်းလုံးက လူ
သားများရဲ့ ဘဝအခြေအနေတွေ ၊ သူတို.ရဲ့ အတွေးအခေါ်တွေ ၊ သူတို.ရဲ့ ခံစားချက်တွ ၊သူတို.
ရဲ့ အကျင့်စရိုက်တွေ ဟာ အသိပညာ ယူစရာ သင်ခန်းစာတွေပေါ့ ။

အရေးအကြီးဆုံးက အဲဒီ စာပေမျိုးစုံကို ဖတ်ပြီး စဉ်းစားဆင်ခြင်ရမယ်။ အမှန် နဲ. အမှား ခွဲခြား
တတ်အောင် ကိုယ်ပိုင်ဉာဏ်နဲ.ဝေဖန် ပိုင်းခြား ဆုံးဖြတ်နိုင်အောင် လေ့ကျင့်ယူ့ရမယ်။ အမှန်တရား
ကို ရတဲ့အထိ သုံးသပ်ရမယ် ။ ပညာ ဆိုတာ တဖြည်းဖြည်း ဆည်းပူးယူရတာမျိုး၊
ဒါ့ကြောင့် စာများများဖတ်ပါ ၊ ဒီလို စာဖတ်ကျင့်ရလာမှ အသိပညာရဖို. လမ်းရလာမယ် ။ အရာ
မှာ သတိထား မှတ်သားကြပါ ၊ စာထဲမှာပါတဲ့အဆိုအမိန်.တွေကို လေးလေးစားစားဆင်ခြင်သုံး
သပ်ဖို.လည်း လိုအပ်ပါတယ် ။
အဲ-- စာများများဖတ် ပါ ဆိုလို. အဓိပ္ပါယ်ကင်းမဲ့တဲ့ “စာပေါ့-စာဖျင်း” တွေကိုတော့ အပျင်းပြေ
သဘောလောက်ပဲ ဖတ်ပါ ။ အဲဒီ စာတွေနဲ. အချိန် မကုန်လွန်စေဖို.တော့ သတိထားဆင်ခြင်
ရပေလိမ့်မယ် ။ တွေးစရာ- မှတ်သားစရာတွေပါတဲ့ စာတွေကို ရွေးချယ်ဖတ်ပြီး အသိပညာရှင်
တွေဖြစ်လာအောင်ကြိုးစားကာ အမှား အမှန် ဆုံးဖြတ်တတ်ဖို.လိုပါတယ် ။
(“အတတ်ပညာ” နဲ.ပတ်သက် တဲ့ ပို.စ်လေးကို စောင့်မျှော်ကြပါ လို.ပဲ-- )
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ ။

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter