ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Thursday, January 2, 2014

SWEET DECEMBER” ဆွိ(ဒ်) ဒီဇင်္ဘာ မှာ ကြည်သာ - ရွှင်ပြစရာ တွေ.ခဲ့ ကြုံခဲ့ရပုံများ

“SWEET DECEMBER” ဆွိ(ဒ်)ဒီဇင်္ဘာမှာ ကြည်သာ-ရွှင်ပြစရာ တွေ.ခဲ့ကြုံခဲ့ရပုံများ“ မြောက်ပြန်လေများ ပက်ဖျန်းထားတဲ့အတိုင်း ချမ်းချမ်းမြမြ သည်ကာလကို အနောက် တိုင်းသားများက “SWEET DECEMBER” ဆွိ(ဒ်)ဒီဇင်္ဘာ (ချိုသာကြည်မြ အေးချမ်း လှပသောလ ရယ်လို. တင်စားခေါ် ဆိုထားကြပါတယ် ။ တကယ်လည်း မှန်ပါတယ်- အခုလို ဒီဇင်္ဘာလ ရောက်ပြီဆိုတာနဲ.ဖြူ- ပြာ- နီ- ဝါ-ပန်းမျိုးစုံတို.ကလည်း ဖူးကြ-ပွင့်ကြနဲ. သူတို.အလှအပများကို ပြသ-ယှဉ်ပြိုင် အနိုင်လုပွဲကြီးကျင်းပလေ့ရှိကြသည်မဟုတ်ပါလား ။ သည် ပန်းမျိုးက လှပနေကြသလို ကျမတို. ပုထုဇဉ်လူသားများအနေနဲ.လည်း ဖန်တီး လှုပ်ရှားမှုမျိုးစုံ အဖုံဖုံ ကို ကြဲံခိုက် - ဆုံခိုက်နွှဲလိုက်ကြသည်မှာ ပျော်ရွှင် ကြည်နူးစရာ အပြည့်နဲ.ပါ ။ သည် “SWEET DECEMBER” ဆွိ(ဒ်) ဒီဇင်္ဘာလမှာ ပထမဦးစွာ ကြည်သာရွှင်ပြ ကြည် နူး မဆုံးအောင် ကြုံခဲ့ရတာကတော့ ရန်ကုန်နဲ. နေပြည်တော်မှာဖြစ်ပါတယ် ။ ရန်ကုန်မှာ တးသံရှင်ရွှေရည်သိန်းတန်တို.ဇနီး မောင်နှံနဲ.အတူ ဂန္ဓဝင်တေးသံရှင် ချိုဝေလွင်- သမီးလေးမချာ (ခေါ်) သဉ္ဖာထွန်းတို.စသူများနဲ.တွေ.ဆုံ ရွှင်ပြ ကြည်နူးခဲ့ရသလို နေပြည်တော်ရောက်ပြန်တော့လည်း ချစ်စရာ- ခင်စရာကောင်းလှတဲ့ လေလှိုင်းပေါ်က အလှအပများနဲ.ဆုံခဲ့ ကြုံခဲ့ရတာကဖြင့် ပြောမပြနိုင်လောက်အောင်ကို ဝမ်းသာ ကြည်နူးစရာကောင်းလှပါတယ် ။
ဒီပုံကတော့ ASEAN အားကစားပွဲမှာ ထိုင်းနဲ. မြန်မာ အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ မြန်မာမာဘက်ကို ဖိပြီးအားပေး ကြေညာခဲ့တဲ့ MRTV မငိးသာ"ကိုစောမင်းနောင်" နဲ. ကိုမျိုး - ဒေါ်အေးအေးစိုးနဲ. မိုး-တို.နဲ. အမှတ်တရပါ ။
"လူငယ်မှတ်သား-သုတစကား" အတွက် အသံသွင်းနေစဉ်မှာပါ- နေပြည်တော်မှာ အစည်းအဝေးနဲ.“လူငယ်မှတ်သား-သုစကား”အစီအစဉ်အတွက် အသံသွင်းပြီး ရန်ကုန်ပြန်ရောက်လို. ဘန်ကောက်ပြန်မယ့်ရက် မနက်ပိုင်းမှာပဲ(ဟိုး- တစ်ခေတ်တစ်ချိန်က)မောင်နှစ်မ အရင်းတွေလို ခင်မင် - လက်တွဲ ကျိုက္ကဆံကွင်းမှ အစ ဂီတပဒေသာ ပွဲတွေမှာအတူနွှဲလာခဲ့ကြတဲ့-ဒီကနေ.“ဂီတအစည်းအရုံး"(ဟိုခေတ်ကဂီတကောင်စီ) ဥက္ကဋ္ဌကြီး ဖြစ်နေသူ နာမည်ကျော်တေးသံရှင် “ ဦးတင်ဦးလေး” က လာရောက်တွေ.ဆုံ နှုတ်ဆက် ခြင်းကလည်း ဝမ်းသာကြည်နူးစရာပင်မဟုတ်ပါလား ။
ဘန်ကောက်ရောက်ပြန်တော့လည်း “ စာပေဟောပြောပွဲ” နဲ. ကြုံ ရပြန်ပါတယ် ။ တကယ်တော့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ အတွက် ရွှေပညာပါရမီကျောင်းကို "ဆရာတော် အရှင်သီဟညာဏ" မှ စေတနာထက်သန်စွာဖြင့် ဖန်တီး တည် ထောင် ပေးထားသလို အလုပ်သမားများ၏ ဥာဏ်ရည်မြင့်မား ဖွံ.ဖြိုးလာရေးအတွက် စာရေးဆရာပညာရှင် များအားဖိတ်ကြားကာ ဟောပြော ပို.ချ-အသိပညာများကို မျှဝေခြင်းပဲဖြစ်ပါတယ်။ အခုနှစ်သစ်ကူး အထူးဟောပြောပွဲအတွက် တက်ရောက်ဟောပြောခပးခဲ့သူများ က တော့ အခြားလာသာများသို. ကူးပြောင်း သွားသည့် မြန်မာလူမျိုးများအား ဗုဒ္ဓဘာသာ ဝင်များအဖြစ် ပြန်လည်စိတ်ဝင်စားလာစေရန် ညွှန်ပြ ဟောကြားဆုံးမပေးတော်မူလျက် ရှိသော ဆရာတော်လည်း ကြွရောက်ဟောကြား ဆုံးမတော်မူသွားပါတယ်။
ယနေ. အောင်မြင်နေသူ လူငယ်စာရေးဆရာ "လင်းသိုက်ညွန်." ပါ-- အဲဒီနောက် ဆရာညိုစိမ့်(မကွေး) နဲ. ယနေ.လူငယ်များရဲ့အလယ်မှာ နာမယ်ကျော် ကြား လူကြိုက်များနေတဲ့ လူငယ် စာရေးဆရာ “လင်းသိုက်ညွန်.”နဲ.အတူ ‘ကလေးတို. ဆရာမ” လည်းပါဝင် ဆင်နွှဲခဲ့ကြရပါတယ်။
ဒါကတော့ "ကလေးတို.ဆရာမ"
ကော်မီတီအဖွဲ.ဝင်“မော်မော်” ချီးမြှင့်သော လက်ဆာင်ကိုလက်ခံနေတဲ့ပုံပါ
ကြွရောက် အားပေးနေကြသော ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားပရိတ်သတ်များပါ
စာရေးဆရာ"လင်းသိုက်ညွန်." သူ.ဖခင် အပြင် ကော်မီတီအဖွဲ.ဝင် "မော်မော်" တို.နဲ.အမှတ်တရပါ
ဒီပုံကလည်းလူငယ်စာရေးဆရာ "လင်းသိုက်ညွန်." တို.သားအဖနဲ. အမှတ်တရပါပဲ ************************** နှစ်သစ်ဆုတောင်း--( WISHING FOR ALL) ဒီကနေ.ဒီကာလသည်-- နှစ်ဟောင်းလွန်ကျူး၍ နှစ်သစ်ကူးခဲ့ပြီဖြစ်တဲ့အတိုင်း နှစ်ဟောင်းမှ အပြစ်အမုန်းများကို သင်ပုန်းချေ-မေ့ဖျောက်ကာ အချစ်အပြုံးတွေ ဝေဝေဆာဆာဖြင့်- ထာဝစဉ် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း--- အားလုံးကို ခင်မင်လးစားလျက်-- "ကလေးတို.ဆရာမ"

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter