ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Wednesday, February 18, 2015

“တပ်မတော်သား” ဟူသည်

ဟောဒီ fb ပေါ်မှာ ရေးနေကြတာတွေ - အတင်းအဖျင်းသဘောနဲ.- အချင်းချင်း ပြောနေကြ ငြင်းနေကြ တာတွေ လိုက်ဖတ်ကြည့်တော့ တကယ့်ကို “အော့ကြောလန်စရာ”တွေကများနေတာတွေ.ရမှာ အမှန်ပါ။ တကယ်တော့ လက်ကလေးနဲ.ရေးလိုက် - ပါးစပ်ကလေးနဲ.ပြောလိုက်ရတဲ့အလုပ်ကအင်မတန်.ကို လွယ် တာ မဟုတ်ပါလား ။ တကယ်တမ်း “ထွက်ကြဟေ့” ဆိုရင်တော့ ခေါင်းကိုမော့ ရင်ကိုကော့ပြီးထွက်လာ မည့်သူက အရှားသားပါ။ လောလောဆယ် “ပညာရေးအတွက်“ ခေါင်းစဉ်တပ်ပြီး လမ်းပေါ်ထွက် “ဆန္ဒပြ” သူတွေကိုပဲကြည့်ပါ ။ ဘာမျှနားမလည်ရှာတဲ့ တူ-သားအရွယ်”ကလေးငယ်တွေ”ကို မြှောက်ပင့်ပေးကာ လမ်းပေါ်တင်ပေးလိုက်ခြင်းသာပါ ။ သူတို.ကတော့ “ပုဆိုးခြုံထဲမှ”လက်သီးပြပြီး အဲသည် ကလေးများရဲ့ နောက်နားက လိုက်လာကြတာ မဟုတ်ပါလား။ သတ္တိကြောင်လိုက်ကြသည်ဖြစ်ခြင်း။ တစ်ဖက်ကိုပြေးကြည့်လိုက်ပြန်တော့တိုက်နေ - ခိုက်နေကြတာတွေ-သေလိုက်ကြတဲ့ “လူသားတွေ” ၊ အဓိကအနေနဲ. နိုင်ငံအတွက် - ပြည်သူ.အတွက်အသက်ကိုစတေးခဲ့ကြရရှာသော ‘တပ်မတော်သား များ” မဟုတ်ပါလား - နှမြောစရာကောင်းပါဘိ ။ တကယ်တော့ “တပ်မတော်သား” ဟူသည်မှာ”ပါးစပ်အားလက်ယားတိုင်း” ပြောနေကြ- ရေးနေကြသ လို“အုံဖွ” လုပ်လို. တပ်မတော်သားဘဝ ရရှိလာခဲ့ကြသူများမဟုတ်သလို“ပေါ့ပေါ့ တန်တန်” နဲ. ရလာ ကြတဲ့ “တပ်မတော်သားဘဝ” လည်း မဟုတ်ဘူးဆိုတာ ပြည်သူအားလုံး(အထူးသဖြင့်) ပါးစပ်အား - လက်ယားတိုင်း တပ်မတော်သားများအပေါ်အထင်မှား- အမြင်မှားဖြစ်စေရန် fb ပေါ်မှာ ရေးနေ ပြော နေကြသူများ သိထားသင့်ပါတယ်။ ဒီကနေ. နိုင်ငံတော် အုပ်ချုပ်ရေးပိုင်းမှာတာဝန်ယူကာ- ပြည်သူအများ အတွက် အဘက်ဘက်မှစီစဉ် ဆောင်ရွက်ပေးလျက်ရှိနေကြသူ (တပ်မတော်သားတဖြစ်လဲ)လူကြီးများအနေနဲ.လည်း သူတို.ရရှိ လာ သော ရာထူးကြီးများသည် ပေါ့ပေါ့တန်တန်-လွယ်လင့်တကူရရှိလာခဲ့ကြသည်မဟုတ်ပါ။ သူတို. သည် လည်း တိုက်ပွဲပေါင်းများစွာကို ဝင်ရောက် စီမံ-အုပ်ချုပ်-ပါဝင်တိုက်ခိုက်ပြီးမှ ရရှိလာသော ရာ ထူးကြီး များပင်ဖြစ်ပါ၏ ။ ဤကဲ့သို. နဖူးတွေ. ဒူးတွေ.တိုက်ပွဲများမဆင်နွှဲရမီမှာလည်း လက်တွေ.နှင့် စာတွေ. သင်တန်းအမျိုးမျိုးကို ချွေးမြေကျသည်အထိတက်ရောက်လေ့ကျင့်ခဲ့ကြရပါတယ်။ ”ချွေးမြေ ကျများမှ -သွေးမြေကျနည်းမည်” ဟူသည်က သူတို.အတွက် အရေးပါသော ဆောင်ပုဒ်ပါ ။ လက်တွေ.လေ့ကျင့်ရေးစခန်းမှာ ချွေးဖျန်းဖျန်းကျရသလို စာတွေ.လေ့လာ မှတ်သားရသည်ကိုလည်း လေ့လာကြည့်စေချင်ပါတယ်။ ပြည်သူ.တပ်မတော်သားတို.၏သစ္စာလေးချက် ၁) ငါတို.သည် နိုင်ငံတော်နှင့်နိုင်ငံသားတို.၏ သစ္စာကို စောင့်သိရိုသေပါမည် - ၂) ငါတို.သည် ကျဆုံးလေပြီးသောတပ်မတော်သားတို.၏ သစ္စာကိုစောင့်သိရိုသေပါမည် ၃) ငါ့အားအထက်မှပေးအပ်သောအမိန်.နှင့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ပါမည်- ၅) ငါ့နိုင်ငံတော်- ငါ့နိုင်ငံသား- ငါ့တပ်မတော်အတွက်ငါ၏အသက်ကိုစွန်.လွှတ်ရန် အဓိဋ္ဌာန် ပြုပါ၏။ တပ်မတော်နှင့် ပတ်သက်၍ မှတ်သားဖွယ်ရာ အဆိုအမိန်.ဆိုရိုးစကားများ ၁။ ။ ငါ့သား- များ စစ်ထဲဝင်ရင်လေ သူ.ကိုပြောလိုက်စမ်းပါကွာစစ်တပ်ဆိုတာအမှန်သာ လိုက်နာနိုင်ရင် တကယ့်ယောကျားမြတ်ဖြစ်စေနိုင်တဲ့တရားတွေ သင်ပေးတဲ့ ကျောင်းကြီး ပေါ့ ၂။ ။ ဘုရင့်နောင် ကျော်ထင်နော်ရထာ၏နောင်ရိုးတိုက်ပွဲအဆိုအမိန်. စစ်သည်တို.၏သဘောထားသည် အင်အား နည်းသည်များသည်ဟူ၍ မဆိုသာ လုပ်ရည် ကိုင်ရည်-ရဲစွမ်းသတ္တိသာအရင်းခံဖြစ်သည်။ “လှေခွက်ချညည်းကျန် အလံမလှဲ“။ ၃ ။ ။ ဒို.တာဝန်အရေးသုံးပါးသည် ရဲဘော်တိုင်း၏ အမျိုးသားရေးတာဝန် က) ပြည်ထောင်စုမပြိုကွဲရေး ခ) တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး ဂ) အချုပ်အခြာအာဏာတည်တံ့ခိုငမြဲရေး ၄ ။ ။ တပ်တိုင်း ရဲဘော်တိုင်းထားရှိရမည့် အခြေခံအရည်အချင်း ၅ မျိုး က) စိတ်ဓါတ် ခ) စည်းကမ်း ဂ) သစ္စာ ဃ) စည်းလုံးမှု င) စွမ်းရည် ၃ ရပ်ပြည့်စုံမှု ၅ ။ ။ တပ်မတော်သည် အမျိုးသားရေးကိုဘယ်တော့မှ သစ္စာမဖေါက် ၆ ။ ။ တပ်မတော် အင်အားရှိမှတိုင်းပြည် အင်အားရှိမည် ၇ ။ ။ ရဲဘော်စိတ်ဟူသည် ရဲဘော်အချင်းခင်းအပေါ်ထားရှီသောမေတ္တာတရားသံယော ဇဉ်တရား- သစ္စာစောင့်သိမှု တရားပင်ဖြစ်သည်။ ၈။ ။ ထားရှိသင့်သော တိုက်ပွဲဝင်စိတ်ဓါတ် က) ကြံ့ခိုင်သည့်စိတ်ဓါတ ခ) စွန်.လွှတ် စွန်.စားသည့်စိတ်ဓါတ ဂ) ကျည်တစ်တောင့် လူလတစ်ယောက်ကျန်စည်အထိ တိုက်ရဲသည့်စိတ်ဓါတ် ဃ) တပ်မတော်၏ဂုဏ်ကို အသက်စွန်.ပြီး မြှင့်တင်လိုသည့်စိတ်ဓါတ် င) အချင်းချင်း ရိုင်းပင်း ကူညီလိုသည့်စိတ်ဓါတ် စ) ရဲဘော ရဲဘက်စိတ်ဓါတ် ၉ ။ ။ ဘယ်သူခွဲခွဲ ဒို.မကွဲအမြဲစည်းလုံးမည် ၁၀ ။ ။ တပ်မတော်၏ အစဉ်အလာကောင်း (၁၂ ) ရပ် ၁) မျိုးချစ်စိတ်ဓါတ်ဖြစ်သည်- ၂) စည်းကမ်းကောင်းသော တပ်မတော်ဖြစ်သည်- ၃) သစ္စာရှိသော တပ်မတော်ဖြစ်သည် - ၄) စည်းလုံးညီညွတ်သော တပ်မတော်ဖြစ်သည်- ၅) စွမ်းရည်ရှိသော တပ်မတော်ဖြစ်သည် - ၆) စွန်.လွှတ် - စွန်.စားသောတပ်မတော်ဖြစ်သည်- ၇) တစ်ဦးချင်း ကိုယ်ကျိုးကို ပဓါနမထားသောတပ်မတော်ဖြစ်သည် - ၈) စိတ်ဓါတ်မြင့်မြတ်သော တပ်မတော်ဖြစ်သည်- ၉) အခက်အခဲကို ရင်ဆိုင်ကျော်လွှားနိုင်သည့်ရဲစွမ်းသတ္တိရှိသော တပ်မတောဖြစ်သည်- ၁၀) အပင်ပန်း အဆင်းရဲခံနိုင်သည့် တပ်မတော်ဖြစ်သည်- ၁၁) ဇွဲလုံ.လ ဝီရိယရှိသော တပ်မတော်ဖြစ်သည်- ၁၂) ဒို.တာဝန် အရေးသုံးပါးကို အမြဲ ဦးထိပ်ပန်ဆင်သောတပ်မတော်ဖြစ်သည် ။ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter