ဆရာမခံယူချက်ကလေးပါ
- Sayama May
- “ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။
ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ
Wednesday, December 11, 2013
အဘအောင်မင်းခေါင်(ဘိုးမင်းခေါင်) ၏ ဆုံးမစာ
အလွန်ကောင်းသော ဆုံးမ-လမ်းညွှန်ချက်များဖြစ်သောကြောင့်(သိပြီးသူများမှအပ)
မသိသေးသူများအတွက် ကူးယူ တင်ပေးလိုက်ခြင်းဖြစ်ပါတယ် ။
အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ ----
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
၁) လုပ်တိုင်းမဖြစ် စိတ်မညစ်နှင့် -
ကိုယ်လုပ်တိုင်းသာ ဖြစ်နေပါက-
ဘယ်မှာ “အနတ္တ“ ရှိမည်နည်း ။ ။
၂) ပြောတိုင်းမရ ဒေါမထနှင့် -
ကိုယ်ပြောတိုင်းသာ ရနေပါက-
ဘယ်မှာ “အနတ္တ” ရှိမည်နည်း ။ ။
၃) ကြံတိုင်း မပေါက် စိတ်မဖေါက်နှင့် -
သင် ကြံတိုင်းသာ ပြီးမြောက်ပါက -
ဘယ်မှာ “အနတ္တ“ ရှိမည်နည်း ။ ။
၎) ဆင်းရဲကြုံမူ မညည်းညူ နှင့်-
ချမ်းသာချည်းသာ ကြုံနေပါက -
ဘယ်မှာ “ဒုက္ခ“ ရှိမည်နည်း ။ ။
၅) ပျက်စီးတိုင်းလျှင် မပူပင်နှင့် -
မပျက်စီးကာ ခိုင်မြဲပါက
ဘယ်မှာ “အနိစ္စ“ ရှိမည်နည် ။ ။
၆) အာရုံဟူသမျှ မတောင့်တနှင့် -
အာရုံတိုင်းသာ တောင့်တပါက -
ဘယ်မှာ “လောဘ“ ဆုံးမည်နည်း ။ ။
၇) အရာရာမျိုး စိတ်မဆိုးနှင့်
နေရာတိုင်းသာ စိတ်ဆိုးပါက -
ဘယ်မှာ “ဒေါသ“ ဆုံးမည်နည်း ။ ။
၈) သိဉာဏ် မလိုက် သင်မမိုက်နှင့်
သိဉာဏ်မရ မိုက်နေပါက -
ဘယ်မှာ “မောဟ“ ဆုံးမည်နည်း ။ ။
၉) “ဗုဒ္ဓတရား“ မေ့မထားနှင့်
ဆုံးမတိုင်းသာ ကျင့်ကြံပါက
ဘယ်မှာ “နိဗ္ဗာန်“ ဝေးမည်နည်း ။ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment