“မမှားသော ရှေ.နေ - မသေသော ဆေးသမား” ဤလောကသားများအလယ်မှာမရှိသ
လောက်ကို ရှားလှမယ်ထင်ပါတယ် ။ လူ.အသိုင်းအဝန်းမှာကြည့်ပါက ကင်းသူဟူ၍
ရှာမတွေ.နိုင်ပါ ။ အနည်းနဲ.အများ ကွာခြားချက်သာရှိကြမှာဖြစ်ပါတယ် ။
အရေးကြီးသည်က “ မိမိအမှားကို အမြန်သိပြီး အမှန်ရောက်တဲ့အထိ ပြင်ကြည့်ကြ ” ဖို.
လိုပါတယ် ။ “ မှားမှန်းသိလျက် ပြင်ရန်ခက် “ နေပါကလည်း ဘဝအတွက် ရတက်မအေး
စရာ ဖြစ်လာတော့မှာအမှန်ပါ။ ဒီလို မိမိအမှားကို “ အမှား“ ရယ်လို. မိမိကိုယ်တိုင်သိနိုင်
ဖို.ဆိုတာကလည်း အင်မတန်.ကို မလွယ်တဲ့ကိစ္စပါ။ လူအများစုအနေနဲ.က ကိုယ်လုပ်တာသာ ”အမှန်“
ပါလို. တယူသန်နေတတ်ကြတာမဟုတ်ပါလား ။
ဒါ့ကြောင့် “အမှားကို အမှား“ ပါလို.မိမိအကျိုးကိုသာ လိုလိုလားလားနဲ. ပြောဆိုညွှန်ပြ
ဆုံးမပေးနိုင်တဲ့ “ ဆရာကောင်း- မိတ်ဆွေကောင်း ” ဆိုတာလည်း အရေးတကြီးကိုလို
အပ်လှပါတယ် ။ နေရာတကာ ”မှန်ပါ့ - ဟုတ်ပါ့ “ လုပ်ပြ-ပြောဆိုပြီး ညာစား ဝါစားနေကြ
တဲ့ ကပ်ဖါး-ကပ်စားတွေကလည်း ဒီလောကထဲ နည်းမှ မနည်းတာကလား ။
"သက်ကြီးစကား တစ်ဆင့်ကြားထားတဲ့- “ မြှောက်တိုင်းလည်း မမြောက်နဲ.“ ဆိုစကားက
လည်း မှတ်သားလောက်ပါပေတယ် ။
ရာ ထောင်ပေါင်း များစွာသောကျောင်းသားတွေထဲမှာ အတော်ဆုံး အထူးချွန်ဆုံးဖြစ်နေတဲ့
“ အဟိံသက ” ဆိုတဲ့ကျောင်းသားကို နာမည် ကျော် ” ဒိသာပါမောက္ခ ဆရာကြီး ” က
“ ငါ့တပည့်က လူရည်ချွန်ကြီးဆိုတော့ အတတ်ပညာပန်းတိုင်ရောက်အောင် ချီးမြှောက်ရ
မယ်-ဒါ့ကြောင့် လက်တွေ.ပညာအနေနဲ. လူပေါင်းဆစ်ထောင်ပြည့်အောင်သတ်ရမယ်“ တဲ့။
“အဟိံသက” ကလည်း ပထမ ငြင်းပေမဲ့ သူ.ကိုမြှောက်ပင့်နေတဲ့ ဆရာကြီးကို မလွန်ဆန်နိုင်
တဲ့အဆုံး “လူသတ်သမားကြီး” လုံး လုံးလျားလျားဖြစ်သွားခဲ့ရပါသတဲ့။
သူကတော့ “အင်္ဂုလိမာလ” ပါပဲ ။
နာမည်ကျော် တက္ကသိုလ်ကျောင်းက ဒိသာပါမာက္ခဆရာကြီး ကလည်း “အဟိံသက” ရဲ့ ပညာ
ထူးချွန်မှုကို မနာလိုဖြစ်နေကြတဲ့ ကျောင်းသားများရဲ့ ဂုံးစကားကို နှလုံးသားမှာ အမှတ်မှားလို.
“အဟိံသက” ရဲ့ဘဝအားပညာဓါးနဲ.ပါးပါးလှီးဖြစ်လိုက်ခြင်းပါ။
( “အဟိံသက”" ဟာ ဆရာကြီးရဲ့ ဇနီးမယားကို အနီးအနားမှာ ကြာခို နေပါတယ် ) လို. မကြာ
ခဏ ဆိုလာကြတဲ့ ကျောင်းသားများရဲ့ စကားကို အဟုတ်ကို အယုံမှားတဲ့ ဆရာကြီးဟာလည်း
“မကောင်းတဲ့ မိတ်ဆွေများ“ ရဲ့အနီးကပ် ပေါင်းကြံမှုကိုခံလိုက်ရတာပါပဲ။
အဲဒီနောက် လူတော်လူကောင်းလေး “အဟိံသက” တစ်ယောက်ထောကြီးထဲရောက် သွားပါတယ်။
လူတွေသတ်ပြီး မှတ်လို.မရတော့လက်ညှိုးတွေဖြတ်-ကြိုးနဲ.သီပြီးမှတ်ပါသတဲ့။ “အင်္ဂုလိမာလ” ဆို
တဲ့အဓိပ္ပါယ်ကလည်း လူသေတွေရဲ့လက်ညှိုးကို ပန်းကုံးလိုသီ လည်မှာ ချည်ဆွဲတဲ့လူမိုက်ကြီး ဖြစ်
ပါတယ်။
ဒီလိုနဲ.လူဆိုးလူမိုက်ကြီးဖြစ်သွားတဲ့ “အင်္ဂုလိမာလ” အဖြစ် ဘုရင်ကအစ အကြောက်ရအလန်.ရဆုံး
လူသတ်သမားကြီးအဖြစ် သတ်မှတ်ခံလိုက်ရပါတော့တယ်။သူရှိနေတဲ့တောကြီးကိုလည်း ဘယ်သူမှ
ဖြတ်မသွားရဲ မလာရဲကြတာ့ဘူးပေါ့ ။
လူတစ်ထောင်ပြည့်ဖို. တစ်ယောက်သာ လိုတဲ့အချိန်မှာ သူ.ရဲ့မိခင်ဖြစ်သူကလည်း သားရဲ့သတင်းကို
ကြားပြီး သားကိုခေါ်ဖို.တောထဲကိုလိုက်သွားပါတယ် ။
ဒီအချိန်မှာ ဗုဒ္ဓမြတ်ဘုရားကလည်း ကျွတ်ထိုက်သူကိုချွတ်ဖို.ဥဏ်တော်နဲ.အကြည့် “လူ.အသိမရှိတော့
တဲ့ “အင်္ဂုလိမာလ” ဟာ “အမေ” ကိုမြင်လို.တောင် သတိရှိမှာ မဟုတ်ပဲ သတ်မိတော့မှာကိုလည်းမြင်ရော
တန်ခိုးတော်နဲ. “အင်္ဂုလိမာလ” ထံအရောက်ကြွတော်မူခဲ့ပါတယ် ။
“အင်္ဂုလိမာလ” လည်း ဘုရားကိုမြင်တာနဲ. အတင်းပြေးလိုက် တော့တာပေါ့ ။
ဖြေးဖြေးချင်း ကြွလှမ်းတော်မူနေတဲ့ မြတ်ဘုရားကို အစွမ်းကုန် အပြေး လိုက်နေတဲ့ “အင်္ဂုလိမာလ” က
မမှီနိုင်ပါ ။
တကယ်တော့ မြတ်ဗုဒ္ဓက " ခန္တီမေတ္တာဓာတ် နဲ.တန်ခိုးတော် “ ကိုလည်းသုံးခဲ့ပါတယ်။ “ အင်္ဂုလိမာလ ”
သွားနေတဲ့မြေကြီးကို လှိုင်းထအောင်ဖန်ဆင်းလိုက်တဲ့အပြင် မြေပြင်ကိုခေါက်လိပ်ဖြစ်ပြီး “အင်္ဂုလိမာလ”
ဖက်မှာ အတွန်. အလိပ်တွေဖြစ်စေပါတယ် ။ ဒါကြောင့် “အင်္ဂုလိမာလ” ဟာ ပင်ပန်းဆင်း ရဲကြီးစွာနဲ.
ပြေးလိုက်နေရရှာပြီဖြစ်ပါတယ်။ သူ.ခမြာဘယ်လောက်ပြေးလိုက် လိုက်မြတ်ဘုရားကို အမှီမလိုက်နိုင်ပါ။
အတော်ကြာတဲ့အခါ “အင်္ဂုလိမာလ” က မောလွန်းလို.မလိုက်နိုင်တော့ပဲ ”အို-ရဟန်းကြီး" ရပ်ပါတော့ -
ရပ်ပါတော့”လို.ဆိုလာပါတယ် ။
“ချစ်သား “အင်္ဂုလိမာလ” ငါဘုရားက ရပ်နေပြီးဖြစ်ပါတယ်-ရပ်ရမှာက သင်ချစ်သားပါ” လို. မိန်.ကြားလိုက်
ပါတယ်။ ဒါကိုနားမလည်လို. “အင်္ဂုလိမာလ” ကပြန်မေးလိုက်တဲ့ အခါ “ချစ်သား အင်္ဂုလိမာလ” ငါဘုရား
ရပ်နေတာက ဘဝသံသရာလမ်းဆုံး အရဟတ္တမဂ် အရဟတ္တဖိုလ်ကိုရပြီး ခန္တီ မေတ္တာ ဂရုဏာစတဲ့ သူတော်
ကောင်းတရား အပေါ်ရပ် " တည်နေပြီးဖြစ်လို. ဘဝသံသရာမှာပြေးဖို.မလိုတော့ဘူး-ဒီဘဝနောက် ဆုံးပဲ -
ဒါကြောင့် ငါဘုရားရပ်နေတယ်လို.ပြောတာ ။ သင်ကတော့ မပြေးနိုင်လောက်အောင် ဖတ်ဖတ်မောနေလို.
ရပ်နေပေမဲ့ သတ္တဝါများအပေါ် စောင့်စည်းထိန်းချုပ်မှု မထားပဲ လူတစ်ထောင်ကို မိုက်မိုက်ကန်းကန်း အရမ်း
သတ်ခဲ့တယ် ။ ခန္တီ မေတ္တာ ဂရုဏာစတဲ့ သူတော်ကောင်းတရားအပေါ် ရပ်တည်နိုင်စွမ်းမရှိဘူး ။ ဒီသင့်ရဲ့ မ
ကောင်းမှုတွေကြောင့် ဘဝသံသရာမှာရော- အပါယ် ၄-ဘုံမှာရောဆင်းရဲပူလောင်စွာနဲ.မဆုံးနိုင်အောင် ပြေး
သွားနေရဦးမှာ -သင်လုပ်နေတဲ့အလုပ်တွကပြေးရမယ့်အလုပ်တွေဖြစ်တယ် ။ အ ကုသိုလ်ဆိုတာ ကြွေးယူ
တာပဲ- မဆုံးနိုင်အောင် အတိုးနဲ.ဆပ်ရမှာပဲ ။ ဒါ့ကြောင့် သင့်ကို အပါယ်သံသရာမှာပြေးကြောင်း မကောင်း
တဲ့ ရက်စက်ကြမ်းကြုတ် သတ်ဖြတ်မတဲ့အလုပ်ကို ခုချက်ခြင်းရပ်လိုက်ပါဆိုတဲ့အနေနဲ. ရပ်ခိုင်းတာ”
ဒီလို မြတ်ဘုရားရဲ့ တရားစကားကို နာကြားလိုက်ရတယ်ဆိုတာနဲ. အခြေခံပညာကောင်းတဲ့ “ အင်္ဂုလိမာလ”
ဟာ အသိတရားချက်ခြင်းရသွားပါတာ့တယ်။
ဒါ့ကြောင့်သာပဲ ဘုရားထံမှာ အမှားကို ဝန်ခံပြီး ရဟန်း အပြီးဝတ်သွားခဲ့ပါတယ် ။
လောကမှာ အမှားကိုအမှန်ထင်နေရင် အင်မတန်ကြောက်စရာကောင်းပါတယ်။ တက်လမ်းလည်းပိတ်သွားးပြီ
ဖြစ်ပါတယ် ။ အမှားကိုမှားမှန်းသိတာနဲ.တစ်ပြိုင်နက် ချက်ချင်း ပြင်လိုက်ပါ ။ အမှားကို အမှန်ပြင်တာ ဘယ်
အခါမှ နောက်ကျတယ်လို.မရှိပါ ။ အသိ တရားနဲ. အပေါင်းအသင်းကိုလည်းသတိထားရွေးတတ်ဖို.လိုပါတယ် ။
ဘယ်သူမှ အတိတ်ကို ပြန်သွားပြီး ဆိုးရွားတဲ့အစကို ပြင်လို့မရပါဘူး ။ ဒါပေမယ့်“ အောင်မြင်တဲ့အဆုံးသတ်ရဖို့
အခုချက်ချင်းစတင်လှုပ်ရှားတာကိုတော့ လူတိုင်းလုပ်လို့ ရပါတယ် ” - လို. ပညာရှင်များက
ဆိုထားကြပါတယ် ။
ရွှင်လန်းချမ်းမြေ့ကြပါစေ-
ကလေးတို.ဆရာမ

No comments:
Post a Comment