မပင်ပန်းတော့ဘူးပေါ့“-လို. သူ.ခင်ပွန်း ဗိုလ်မှူးဖေသန်း ကလည်းတိုက်တွန်းတာနဲ. နဝရတ်ရိပ်သာ မှာ တစ်ညတာ နားခိုပြီး တပ်မတော်နေ.ကို စောင့်ကြိုခဲ့ရပါတယ် ။ မနက်အာရုံတက်ချိန်ရောက်လို. မမခင်စိန်လှိုင်တို.အိမ်နဲ.မလှမ်းမကမ်းမှာနေရာယူထားတဲ့ ကျမ တို. အုပ်စုမှာလည်း ယနံ.အမွှေးဆုံးသော စပယ်ကုံးများကိုယ်စီနဲ. စောင့်ကြိုနေကြပါတယ် ။ ဟော--ချီတက်လို.လာပါပြီ-- “ မြန်မာ- မြန်မာ -ကမ္ဘာပေါ်မှာကြွားနိုင်စေဖို.ရာ -- မြန်မာပညာ ဒို.အမျိုးသားတွေ -နားလည်စေ ချင်တာ-- မြန်မာပညာသင်ကြားကြဖို. ကြိုးစားဒို.မြန်မာ --ဒို.အမျိုးရဲ့ အကျိုးတွက်ကို-သယ်ပိုးစေ ဖို.ရာ-- “ “ဒို.ဗမာတွေ ရဲစွမ်းပြမည် -အာဇာနည်ပီပီ -- ဒို.ရဲဘော်များ -အားလုံးညီညီ -တွဲလျက်ချီတက်မည်-- မျိုး--ရိုးနဲ. -ရာဇဝင်မော်ကွန်းတည် --သူရဲကောင်းများ-ထွန်းကားသည်-- မင်းရဲကျော်စွာ---တပင် ရွှေထီး ပုံညီ--ဘုရင့်နောင်နဲ. --အလောင်းဘုရားတို.သည် --မြန်မာရဲသွေး -- မွေးခဲ့သည် - - ရဲဇာ နည် - အောင် တပ်တော်ချီ-- -ဇွဲနဲ. ဒို.များတိုက်ခိုက်မည်-- စသည့်--စသည့် စစ်ချီတေးများကို ဟစ်ကြွေးသီဆိုကာ ညီညာ တက်ကြွ စွာချီတက်လာကြပါပြီ-- ကျမတို.လည်း အပြေးအလွှားပဲ ပန်းကုံးတွေစွပ်ကာ အားပေးခဲ့ကြရပါတယ်-- အော်--ဒါက ဟိုးတစ်ချိန်က ကြုံခဲ့ ဆုံခဲ့ရတဲ့ အရိပ်များသာပါ-- ဒီကနေ. ၂၀၁၃ -ခု ၊ မတ်လ ၂၇-ရက် (၆၈)ကြိမ်မြောက် တပ်မတော်နေ.ကိုတော့ ဘန်ကောက်မြို.မှ စစ်သံမှူးကြီး(ဗိုလ်မှူးကြီးဝင်းမောင်)နဲ. သံအမတ်ကြီး(ဦးတင်ဝင်း)တို. ဦးဆောင်ပြီး ရှန်ဂရီလာ ဟိုတယ်ကြီးမှာကျင်းပခဲ့ပါတယ်။ ကျမအကြိုက်ဆုံးသော စစ်ချီတေးများနဲ.ဝေးပြီး စပယ်ပန်းကုံးလေးများကို လည်မှာဆွဲပေး ကာ အားပေးနီုင်ခွင့် လည်း မရရှိတော့ပါပဲလေ ။




No comments:
Post a Comment