ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Thursday, July 4, 2013

မျိုးစောင့် ဥပဒေ“ ကို အမျိုးသားတို.က “အမျိုးသားရေးတာဝန် ကျေပွန်“ ကြောင်း လက်တွေ.ပြလိုက်ပါပြီ





          “မျိုးစောင့် ဥပဒေ“ ကို  အမျိုးသားတို.က “အမျိုးသားရေးတာဝန် ကျေပွန်“ ကြောင်း
                                           လက်တွေ.ပြလိုက်ပါပြီ 

ဒီကနေ. ဒီအချိန်မှာ လူအများရဲ့ -အထူးသဖြင့် Facebook  နဲ. ဝဂ်ဆိုက်အတော်များများမှာ ရေပန်း  
စားနေတဲ့ သတင်းကတော့ အားလုံးသိပြီးနေကြပြီဖြစ်တဲ့“မျိုးစောင့်ဥပဒေ“ကို လွှတ်တော်သို. တင် 
 သွင်း အဆိုပြုရေးပဲဖြစ်ပါတယ်။
သည်အချိန်မှာပဲ “ဆေးရိုးသည်“ အချို.က ဝင်ပြီး ဆရာလုပ်ပြလိုက်ပြန်ပါတယ်။ ဆောင်းပါး ခေါင်းစဉ်
က “မျိုးနွယ်စောင့်ထိန်းရေးမှာ အမျိုးသမီးများမှာသာ တာဝန်ရှိပါသလား”- တဲ့။ ဗဟုသုတလေး တစ် ထွာတစ်မိုက်နဲ. ရေးလိုက်တဲ့ဆောင်းပါးက ခေါင်းကိုက်စရာ(အရှည်ကြီး)။
တကယ်တော့ “မြန်မာအားလုံး“  သို.မဟုတ် “ မြန်မာနိုင်ငံသား ဗမာအားလုံး“သည်  “သကျ -ခေါ် သာကီဝင်မျိုးနွယ်“များဖြစ်ကြပါ၏။ သာကီဝင်တို.၏  သွေးတွင် တစ်စက်ကလေးကိုမျှပင် အစွန်း 
အထင်းမခံနိုင်ခဲ့ကြတာ “ဗုဒ္ဓမြတ်ဘုရား“ မတိုင်မီ ရှေးပဝေသဏီ ကတည်းကပင်မဟုတ်ပါလား။    
ဗုဒ္ဓမြတ်ဘုရား သက်တော်ထင်ရှားရှိစဉ်ကပင် အသွင်မတူ- သွေးမတူသူ အခြားလူမျိုးများနှင့် လက် ထပ်ထိမ်းမြားခြင်းကို အသက်နှင့်လဲ၍ ကာကွယ် စောင့်ထိန်းခဲ့ကြသည်က သာဓက များ
စွာ ရှိနေပြီး ဖြစ်ပါတယ်။
သာကီဝင်မျိုးနွယ်များဖြစ်ကြသော သကျလူမျိုး(မြန်မာလူမျိုး)တို.အနေနှင့် လူမျိုးခြားသွေးမတူ သူ အခြားသူများနှင့်လက်ထပ်ထိမ်းမြားခြင်းမပြုရဟူသော စည်းကမ်းချက်ကို အသက်နဲ. လဲပြီး  ကာ ကွယ် 
စောင့်ထိန်းခဲ့ကြပါတယ် ။ သာကီဝင်တို.သည်လူမျိုးခြားနှင့်သွေးနှောပြီး “ လူမျိုးမသန်“ ဖြစ် မည်ကို လွန်စွာစိုးရွံ.ခဲ့ကြပါ၏ ။
သကျလူမျိုးများအနေဖြင့် မစ္ဇျိမဒေသတွင် အင်အားအနည်းဆုံးသောသူ (လူနည်းစု)များဖြစ်သော် လည်း အင်အား အလွန်ကြီးသော ကုလားလူမျိုးတို.အား အညံ့ခံလေ့မရှိခဲ့ပါ ။ ဗုဒ္ဓမြတ်ဘုရား ပွင့် တော် မမူမီ ကာလကတည်းကပင် လူမျိုးကြီးတို.၏စရိုက်ကို အတိအလင်း ဖေါ်ဆောင် ကျင့်သုံးခဲ့ ကြပါတယ် ။

 အထူးသဖြင့်စည်းကမ်းချက်ကြီးသုံးရပ်ကို ချမှတ်စောင့်ထိန်းခဲ့ကြပါတယ်။
အသမ္ဘိန္န - ခတ္ထိယ နှင့် အာဒိစ္စဝံသ ဟူသော  “စည်းကမ်းချက်ကြီး“ သုံးရပ်မှ- အသမ္ဘိန္န -ဟူသော စည်းကမ်းချက် “မူ“ ကြီးသည် သာကီဝင်တို.အတွက် အရေးအပါဆုံးဖြစ်ပါတယ်။ အဓိပ္ပါယ်မှာ “ သွေး 
ရောနှောမှုမပြုရ “ ဟူ၍ဖြစ်ပါတယ် ။ လူမျိုးခြား သွေးမတူသူ အခြားသူများနှင့် လက်ထပ် ထိမ်းမြား 
ခြင်းမပြုရဟူသော စည်းကမ်းချက်ဖြစ်ပါတယ်။
ခတ္ထိယ -ဟူသော ဒုတိယ အရေးအကြီးဆုံးသော “မူ“  ကြီးအရ သကျတို.သည် မိမိတို.၏မြေ-မိမိတို. ၏ နိုင်ငံကို ပိုင်ဆိုင်သူများပီပီ မိမိတို.ပိုင်နက်မြေကို တစ်လက္မမျှပင် အထိမခံပဲ သက်စွန်. ကြိုး ပန်း ကာကွယ်ကြရမည်။
အာဒိစ္စဝံသ -ဟူသော တတိယ အရေးအကြီးဆုံး “မူ“  ကြီးအရ  မိမိတို.၏ မျိုးနွယ်ကိုအစဉ်အမြဲ သတိတယ ရှိနေကြရမည် ။  အရှေ.တိုင်းမှဆင်းသက်လာသော “အမျိုးဂုဏ်- ဇာတိဂုဏ်“  များကို သတိယကာ“မျိုးချစ်စိတ်ဓါတ်ထာဝရရှင်သန်နေရန်“ အစဉ် ကြိုးပမ်းဆောင်ရွက်နေကြရမည် ။
အထူးသဖြင့်မိမိတို.သာကီဝင်မျိုးထဲသို.အခြားလူမျိုးသွေးများ ရောနှောပါဝင်လာပါက “ အမျိုးဂုဏ် ဇာတိဂုဏ်-ဆွေဂုဏ်-မျိုးဂုဏ်-မျိုးချစ်စိတ်ဓာတ်များပါလျော့ပါးသွားနိုင်သည်။ ကြာလျှင် ပျောက်ကွယ်သွားလိမ့်မည်။ မိမိတို.“မြန်မာလူမျိုး“များသည် “အမျိုးချစ်စိတ်ဓာတ်“  ထာဝရရှင်သန်နေရမည် ။ မိမိတို.အမျိုးကိုမိမိတို.ကိုယ်တိုင်ကမှ မချစ်ပါလျှင် မည်သူကလာ၍ ချစ် ပါဦးမည်နည်း။ မိမိအမျိုးကို မိမိတို.ကမှ မထိန်းသိမ်း- မစောင့်ရှောက်-  မကာကွယ်- မမြတ်နိုးလျှင် မည်သည့်လူမျိုးခြားက လာ ၍ ကာကွယ် စောင့်ရှောက်ပါမည်နည်း ။
လူတို.သဘာဝ အခြားလူ-အခြားအမျိုး ပျက်စီးပျောက်ကွယ်၍ မိမိ၏လူမျိုး ကြီးပွား တိုးတက်သည် ကိုသာ မြင်လို တွေ.လိုကြသည်မဟုတ်ပါလား ။ သို.ကြောင့်ပင် မိမိတို.လူမျိုး ကြီးပွား ကျယ်ပြန်. ရေး အတွက် နည်းမျိုးစုံဖြင့် အခြားလူမျိုးများထဲသို. ထိုးဖေါက် ဝင်ရောက်တတ်ကြသည်မှာ ဤ “ကုလား
များ“ ပင်မဟုတ်ပါလား။
ထိုကဲ့သို. လူမျိုးတစ်မျိုးပျောက်ကွယ်သွားရေးအတွက် အကြမ်းဖက်၍ စစ်ခင်းကြသည်။ ယောကျား များစေလွှတ်၍ အတင်းအဓမ္မ သိမ်းပိုက်စေကြသည်။ ရာထူးဂုဏ်- ပညာဂုဏ် - အာဏာဂုဏ်- ငွေ
 ကြေး ဂုဏ်များဖြင့် ဖိနှိမ် သိမ်းသွင်းလေ့ရှိခဲ့ကြပါ၏ ။
ထိုအချိန်က သာကီဝင်ခေါ် သကျတို.သည် မစ္ဖျိမသားများဖြစ်ကြသည့်  အာရိယန်(ခေါ်) မူဆလင် 
များနှင့် ဒရာဗီဒီယန် (ခေါ်) ဟိန္ဒူလူမျိုးများ၏ ဘေးရန်မှကင်းရန် ကြိုးစားနေကြရသည် ။ ထိုကဲ့သို. ကြိုးပမ်းရာတွင် သာကီဝင်များ၏အသိတရားကို တွန်းအားပေးစေရန်အတွက် အထက်ပါ “ စည်း ကမ်းချက် မူ -ကြီးသုံးရပ်“ချမှတ်ဆောင်ရွက်ခဲ့ကြခြင်းပင်ဖြစ်ပါ၏။ ဤ မူကြီး (စည်းကမ်းချက်ကြီး) သုံးရပ်ကို နိုင်ငံတော်၏ခေါင်းဆောင် သကျဘုရင်းမင်းမြတ်များအနေဖြင့် အထူးဂရုစိုက် ကာကွယ် ခဲ့ကြရပါတယ်။
ထိုစဉ်ကပင် “ပဉ္စာလရာဇ်“  ဘုရင်က “ကောလိယ“  မင်းထံ သမီးကညာဆက်သရန်တောင်းဆိုခဲ့ သည်ကို ကောလိယဘုရင် သကျ သာကီဝင်မင်းက မိမိတို.၏ “စည်းကမ်းချက်ကြီးသုံးရပ်“ကြောင့် ငြင်းဆန်ခဲ့တဲ့အတွက် သကျ (သာကီဝင်) တို.နှင့် “အာရီ
ယန်” ပထမ စစ်ပွဲဖြစ်ခဲ့ကြပါတယ်။ ထို စစ်ပွဲတွင် သကျတို.က ရရာလက်နက်ဖြင့်ခုခံ ကာကွယ်ကြ ပါသော်လည်း လူဦးရေမမျှသောကြောင့် ရှုံးနိမ့်ခဲ့ကြပါတယ်။
ဒါ့ကြောင့်“ကောလိယ- ဒေဝဒဟ နှင့် ကပိလဝတ်“ အမည်ရသည့် ၃-ပြည်ထောင်သော သာကီဝင် မင်းတို.အနက် “ကပိလဝတ်ပြည်“ မှ “အဘိရာဇာ“သကျသာကီဝင်မင်းသည် “မစ္ဖျိမဒေသ”မှ ရရာ ဗိုလ်ခြေများဖြင့်ပြေးလာပြီး “တကောင်းပြည်ကြီး” ကို တည်ထောင်ခဲ့ကြောင်းသိရပါတယ်။
ထို.နောက် သကျသာကီဝင်မင်းတို.ပြန်လည် စုရုံးတည်ထောင်ပြန်သောကြောင့် သုံးပြည်ထောင် 
သော“သာကီဝင်မင်း“တို.ပြန်လည်စည်ပင်လာခဲ့ကြရပြန်ပါတယ်။
ဒုတိယစစ်ပွဲ ဖြစ်ရခြင်းမှာလည်း ထိုနည်းအတူပင်။ “ကောသလမင်းကြီး“ သည် မစ္ဖျိမဒေသ၏ဘုန်း တန်ခိုးကြီးလွန်းသော“မဟာရာဇာကြီး“ ဖြစ်ပါတယ်။ ထိုမင်းကြီး ၏တန်ခိုးအာဏာမှာလည်း လွန်စွာ ကျယ်ပြန်.သည်ဟုဆိုပါတယ်။ “မြတ်ဗုဒ္ဓ“  အားရင်းနှီးခင်မင်စွာဖြင့် ဆွေမျိုးတော်စပ်လိုပါသည်။ ထို.ကြောင့်ပင် အာဏာရှင်မင်းကြီးက မိဖုရားခေါင်ကြီးမြှောက်လို၍ သာကီဝင်မင်းသမီး တစ်ဦးပေး ပါရန်တောင်းဆိုပါတယ်။
သာကီဝင်မျိုးတို.အဖို.မှာလည်း ဤနယ်မြေသို.ရောက်စကပင် “အသမ္ဘိန္န“ ဟူသောမူကိုချမှတ်ခဲ့ကြပါ၏။“ မိမိလူမျိုးမှတစ်ပါး လူမျိုးခြားနှင့်  သွေးမရောရ-သားပေးသမီးယူ မလုပ်ရ-လူမျိုးခြားကိုမ ယူရ” ဟူသော အတင်းကြပ်ဆုံးစည်းကမ်းကြီးကို ချမှတ်ခဲ့ပြီးမဟုတ်ပါလား။
မိမိတို. သကျလူမျိုးများမှာ ဤနယ် ဤဒေသတွင်လူနည်းစုဖြစ်သည် ။ မိမိအမျိုးကိုမိမိတို. ကိုယ်တိုင် 
စောင့်ရှောက်ကြရမည် ။ ဤ “အသမ္ဘိန္န“ ဟူသောစည်းကမ်းချက်ကိုလည်း သကျအမျိုးသား - အမျိုး သမီးတိုင်း အသက်ထက်မက စောင့်ထိန်းခဲ့ကြပါတယ် ။ အသက်ပင်သေသေ ဤစည်းကမ်း ချက် ကိုတော့ဖြင့် မဖေါက်ဖျက်ခဲ့ကြပါ ။
ဘုန်းတန်ခိုးကြီးလွန်းလှသော ကောသလမင်းကြီးအား သာကီဝင်မင်းသမီး အစစ်ကိုပေးလိုက်ပါက “ မျိုးမစစ်သည့် ကပြား အနွယ်“ တို.ထွန်းကားလာတော့မည်။ မိမိတို.သာကီဝင်မျိုးထဲသို.လူမျိုးခြား တို.ရောက်လာခြင်းဖြင့် မျိုးရိုးစဉ်လာ- ထုံးတမ်းလေ့- စည်းကမ်း ယဉ်ကျေးမှုတို.ပျက်စီးတော့မည်။ အထူးသဖြင့်“မျိုးချစ်စိတ် တို. ကင်းပျောက်ပေတော့မည်”။

ထို.ကြောင့် “ဝါသဘခတ္ထိယာ” အမည်ရသည့် ကျွန်မ၏သမီးကို သာကီမင်းသမီးအဖြစ် ကောသလ မင်းကြီးထံသို.လိမ်လည်ကာပေးပို.ခဲ့ပါတယ် ။ ဤကိစ္စကို အင်အားကြီးလွန်းလှသော ကောသလ မင်းမျိုးတို.သိပါက မိမိတို.သာကီဝင်တစ်မျိုးလုံး ကြေပျက်သည်အထိ ခြေမှုန်းဖျက်ဆီးခံကြရ မည် ကို
လည်းသိပြီးဖြစ်ပါ၏။ သို.ပါသော်လည်း မိမိတို.သာကီဝင်မျိုးနွယ်အတွင်း ဤလူမျိုးခြားများ ရောနှော လာခြင်းကိုတော့လက်မခံနိုင်ပါ။
(အော် -- အမျိုးအတွက် အသက် ပင် အသေခံရဲကြသူများပါတကား )
သို.ဖြင့်“ကောသလမင်းကြီး“ နှင့်“ဝါသဘခတ္ထိယာ“ တို.မှ တိုးပွါးခဲ့သော “ဝိဋဋူဘမင်းသား“ 
သည် သူ.မိခင်ကိစ္စကို သိရှိသွားပြီး သာကီဝင်မင်းတို.အား အမျိုးပြုတ်သည်အထိ တိုက်ခိုက်ခဲ့ပြီးနောက် သူကိုယ်တိုင်နှင့် သူ.တပ်ဖွဲ.အားလုံးလည်း သာကီဝင် မျိုးတို.အား ကလေးမှအစ သတ်ဖြတ် ဖျက် ဆီးခဲ့ မှုကြောင့် ပင်ပန်းလွန်းအားကြီး၍  မြစ်ဆိပ်မှာအနားယူ အိပ်ပျော်သွားကြစဉ်အမှတ်မထင် တက်လာ သည့် ရေလုံးကြီးများဖြင့်မျောပါသွားပြီး ဘဝဇာတ်သိမ်းခဲ့ရကြောင်းသိရပါတယ်။
ဤကဲ့သို.အမျိုးမပျက်စေရေးကို အသက်များပင် စတေးခံခဲ့ကြသည့် ဘိုး-ဘေးများ၏ အစဉ်
အလာကိုဒီကနေ.သာကီနွယ်ဝင်မြန်မာလူမျိုးများကဆက်လက်ပြီး ကာကွယ် စောင့်ထိန်းကြ
ရမည့် “အမျိုးသားရေး တာဝန်” တစ်ရပ်ပင် မဟုတ်ပါလား ။
ဒီကနေ.ဤ “မျိုးစောင့်ဥပဒေ“ကို“လူ.အခွင့်အရေး ချိုးဖျက်ခြင်း ဥပဒေ“ ဟု စွပ်စွဲနေသူများအ
နေနှင့် အထူးသတိပြုရမည်မှာ “လူ.အခွင့်အရေး နှင့် လူမျိုးရေး သို.မဟုတ် အမျိုးသားရေး” 
 ကို ခွဲခွဲခြားခြား ကွဲကွဲပြားပြား သဘောပေါက်သည်အထိ ပြန်လည် လေ့လာကြပါရန်-----
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter