ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Saturday, May 18, 2013

မြန်မာနိုင်ငံ ခေတ်အဆက်ဆက် ဗုဒဒ္ဓဘာသာ သမိုင်းစဉ်

                    



ရည်ညွှန်းစာ

“မြန်မာနိုင်ငံ ခေတ်အဆက်ဆက် ဗုဒ္ဓဘာသာ သမိုင်းစဉ်”  ကိုပြုစုရေးသားရာ တွင် မြန်မာစာ 

နှင့် မြန်မာာဘာသာစကားကို လေ့လာလိုက်စားနေကြသူ နိုင်ငံခြားသားများသာမက မြန်မာလူငယ်

  လူရွယ်များအားလုံး အလွယ်ကူဆုံးနားလည် သဘောပေါက်ကြစေရန် ရည်သန်ကာကြိုးစားထား

  ပါသည်။ မြန်မာနိုင်ငံ၏ အဓိကပေါ်လစီတစ်ရပ်အဖြစ် ချမှတ်ကာ ကြိုးပမ်းဆောင်ရွက်လျက်ရှိနေ  

သော  “လူသား အားလုံး၏ မြင့်မြတ်ကောင်းမွန်သည့်စိတ်ဓါတ်နှင့် ကိုယ်ကျင့်တရား စောင့်

ထိန်းမှု တိုးတက်ဖွံ.ဖြိုးရေး “ ဟူသည့် စီမံချက်ကို တစ်ဖက်တစ်လမ်းမှ ပါဝင် ကူညီပေးလိုက်ခြင်း-

 ဟုလည်း ဆိုနိုင်ပါသည် ။

ယနေ.လူငယ်များသည် အနာဂတ်ကာလတွင် နိုင်ငံတော်၏ ခေါင်းဆောင်ကောင်းများအဖြစ် ပေါ်

  ထွန်းလာကြမည်ဖြစ်သည့်အတိုင်း ဘာသာရေး ကိုင်းရှိုင်းမှုနှင့် လိုက်နာ ကျင့်သုံးမှုများကိုလည်း

သဘောပေါက် နားလည်ထားကြရန် အထူးလိုအပ်လှပါသည်။ ထို.ကြောင့် ယနေ.လူငယ်များအနေ 

 နှင့် ဘာသာတရားနှင့် ဗုဒ္ဓမြတ်ဘုရား၏ အဆုံးအမ တရားဓမ္မများကိုသင်ယူလေ့လာ ကြရန်လိုပါ 

သည်။ သို.မှသာလည်း အကျိုးအကြောင်း အဆိုးအကောင်းကို ခွဲခြားစိတ်ဖြာ သဘောပေါက်နား

လည်လာ ကြမှာဖြစ်သကဲ့သို. ဗုဒ္ဓဘာသာ တရားဒေသနာ၏ ကောင်းမွန်မြင့်မြတ် အဖိုးမဖြတ်နိုင်

သည့်လမ်း ညွှန်ပြသမှုအဝဝကိုလက်တွေ.ကျင့်သုံးလာနိုင်ကြရန်ဖြစ်ပါသည် ။
 

းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး


“မြန်မာအစ တကောင်းက”


“မြန်မာနိုင်ငံခေတ်အဆက်ဆက် ဗုဒ္ဓဘာသာသမိုင်းစဉ်“ ကို လေ့လာမည်ဆိုပါက “မြန်မာ

လူမျိုးနှင့် ဗုဒ္ဓမြတ်ဘုရား“ အကြောင်းကို ပထမဆုံး သိရှိနားလည်ထားရန်လိုမည်ဖြစ်ပါသည် ။

ထို.အတူပင် “မြန်မာလူမျိုးများ စ တင်ရာဇစ်မြစ်“ ကိုလည်း ရှေးဦးစွာ လေ့လာ သိရှိထားရ 

မည်ဖြစ်ပါ၏။

“မြန်မာအစ တကောင်းက” ဆိုသော စိတ်ဝင်စားစရာအကြောင်းကို လေ့လာမည်ဆိုပါက---------

 ဟိုး-- လွန်ခဲ့သည့် နှောင်းခေတ်ကို ပြန်သွားကြရမည်ဖြစ်ပါသည်။ ရှေးရှေး-- နှောင်းခေတ်က ပညာ

  ရှင်များသည် တူရာ တူရာလူမျိုးစုများကိုစုပေါင်းကာ အမည်ပေးခဲ့ကြပါသည်။“တိဘက်မြန်မာ“အုပ်

  စုဟုခေါ်တွင်မည့်“ချီအင်အနွယ်ဝင်များ“သည်အုပ်စုငယ်လေးများအလိုက် ရေကြည်ရာ မြက်နုရာ

  လွင်ပြင် မြစ်ဝှမ်းဒေသများဆီသို.ရွှေ.ပြောင်းခဲ့ကြသည်။
 
“မြန်မာ“ ဟုခေါ်တွင်မည့် သူများမှာ ဘီစီ ( ခရစ်တော်မပေါ်မီအနှစ်- ၈၀၀ ) လွန်ခဲ့သော နှစ်ပေါင်း 

 ၂၉၀၀ - ခန်.က  မေခနှင့် တပိန်မြစ်ကြောင်းမှ တဆင့် မြန်မာနိုင်ငံတွင်းရှိ  ဧရာဝတီမြစ်ဝှမ်းသို.ဝင်  

ရောက် လာကြသည်ဟုဆိုပါ၏ ။ ရွှေလီနှင့် ဧရာဝတီပေါင်ဒဆုံရာ “တကောင်းဒေသ“ ဝန်းကျင်တွင်

စတင် အခြေချနေလာခဲ့ကြပါသည် ။ သို.ကြောင့်ပင် “မြန်မာအစ တကောင်းက“ ဟု ပညာရှင်များ  

က ဆိုထားခဲ့ကြခြင်းဖြစ်ဟန်တူပါ၏။
 
R.L.Somi  ဆိုသူရေးသားသော “ A Cultural Study of Burmese Era ” အမည်ရှိ စာအုပ်

၏ စာမျက်နှာ(၁)တွင် ဖေါ်ပြထားသည်မှာ--” တကောင်းဒေသတွင် ခတ္ထယ သကျသာကီဝင်တို. 

လာ ရောက်အခြေချနေထိုင်မှုကို ခိုင်မာစေသောအချက်မှာ တကောင်းနှင့် တစ်ဆက်တည်း

သာကီဝင် “ကံရာဇာကြီး”တို.ရောက်ရှိကာ မြို.ပြတည်ထောင်သော”ရခိုင်” တွင် ခရစ်သက္က 

ရာဇ်ကို ဘိုးတော် “အဉ္စနမင်းကြီး” ၏  ” အဉ္ဖနသက္ကရာဇ်” ကို သုံးစွဲခဲ့ခြင်းပင်သည် ” ဟု ဖေါ်

ပြထားသည်ကို တွေ.ရပါ သည်။ ထိုစာပေများအရ “တကောင်း“  သည် “ရောမခေတ်ဦး“  ကပင်

တည်ရှိနေပြီဟု ယူဆရပါ သည်။ မြန်မာ့သမိုင်းကိုလေးလေးနက်နက်လေ့လာပါက “တကောင်း“ မ 

တိုင်မီကပင် မြန်မာတို.ဤ မြေတွင် အခြေကျနေပြီဖြစ်ကြောင်း သိရမှာဖြစ်ပါသည်။

တိဘက်မြန်မာတို.သည် ဧရာဝတီမြစ်ဝှမ်း ဖြစ်သော “တကောင်း“ ကိုနှစ်သက်ကြကာ အခြေချခဲ့ကြ 

ခြင်းဖြစ်ဟန်တူပါ၏။ ဆန်စပါးအထွက်တိုး လာသည်။ကျွဲနွားမွေးမြူကြပြီး ဟင်းသီးဟင်းရွက်မျိုးစုံစိုက် 

ပျိုးလာကြ၏။

အချို.သော“တိဘက်မြန်မာ“ တို.က ဧရာဝတီမြစ်ကိုကျော်ကာ အရှေ.မြောက်ဘက်ရှိ ချင်းတောင်  

တန်းဆီသို.ရှေ.ရှုသွားပြီး အချို.က ရခိုင်ဒေသ အထိသွားကြသည်ဟုဆိုပါသည်။ ကချင်-ချင်း-ရခိုင် 

နှင့် သက်လူမျိုး တို.က တောင်တန်းဒေသမှာ အခြေချကြကြောင်းသိရပါသည်။ ရှေးခေတ်မစ္ဖျိမသား 

တို.က ရှေးခေတ်မြန်မာများကို“ဗြဟ္မာ“ဟုခေါ်ကြပါသည်။ “ဗြဟ္မပုတ္တရမြစ်ကြီး“ စီးဆင်းနေသော

ကြောင့် သူတို.ကို “ဗြဟ္မာ“ဟုခေါ်ခြင်းဖြစ်သည်ဟုဆိုပါသည်။ အရှေ.ဘက်အုပ်စုဝင် ”မွန်လူမျိုး” တို.  

ကလည်း မြန်မာများကို “ဗြဟ္မာ“ သို.မဟုတ် “ဗရုမ်း“ ဟု လေး လေးစားစားခေါ် ခဲ့ကြပါ၏ ။  မြန်မာ

တို.၏ နယ်ပယ်မှာလည်း ကျယ်ဝန်းလှသည်ဟု သိရပြန်ပါသည် ။  ဤကဲ့သို.“ဗြဟ္မာ“ လူမျိုးဟူသော 

အခေါ်အဝေါ်မှ “ပရုမ်း-ဗရမ်း-ဗရမ်း-ဗရမာ-ဗမာ-မြန်မာ“ ဟူ၍ဖြစ်လာပါ၏။
 
၎င်း“ဗြဟ္မာ“အုပ်စုကြီးမှာ ခရီးဆက်ကြပြန်ရာယခု“နီပေါနိုင်ငံ“တည်ရှိရာကို ရောက်လာပြီး “ဟိမ 

ဝန္တာ တောင် “ ခြေကိုပတ်ကာ ခရီးဆက်ခဲ့ကြသည့် “ဗြဟ္မာလူမျိုး“ များကို “သက္က“ များဟု ခေါ်

ကြပြန်ပါ သည်။ “သက္က“ ဆိုသည်မှာ “လွန်စွာစွမ်းဆောင်နိုင်သူများ- ရဲဝံ့သတ္တိကောင်းသူများ “  

ဟုအဓိပ္ပါယ်ရ ပါသည်။ သူတို.သည် စွမ်းရည်သတ္တိ အပြည့်အဝ ရှိသူများဖြစ်သလို တောအထပ်ထပ်

တောင်အ သွယ်သွယ်ကို ကျော်ဖြတ်လာကြသောကြောင့် သူတို.ကို “သက္ကလူမျိုး- သကျလူမျိုး“  

ဟုခေါ်ရာမှ “သာကီဝင်မျိုး“ ဟု ခေါ်လာခဲ့ခြင်းဖြစ်ပါ၏။

ထို.ကြောင့် “သကျခေါ် သာကီဝင်မျိုး“တို.သည် “တိဗက်မြန်မာလူမျိုးနွယ်“ စုကြီးမှ “ မြန်မာ 

လူမျိုး နွယ်စု“  အဖွဲ.ဝင်ဖြစ်သည်ဟု ကမ္ဘာပညာရှင်များ က လက်ခံလာကြပါသည် ။ ထိုကဲ့သို.  

တိတိကျကျ သိရသောအခါ“မြန်မာလူမျိုး“ တို.သည်“ဂေါတမဗုဒ္ဓမျိုးနွယ် သာကီဝင်“ များဖြစ်

ဟု ဆိုခြင်းကို အထူး ဂုဏ်ယူနိုင်ကြပြီဖြစ်ပါ၏။

*** (နောက်တစ်ပါတ်တွင် “မြတ်စွာဘုရားဖြစ်စဉ် ဗုဒ္ဓဝင်“ အကျဉ်းကို တင်ပြပါမည်)


No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter