ကလေးတို.ရေ--
ဒီကနေ. တို.များ စားသုံးနေကြတဲ့ (အထူးသဖြင့် Break -Fast ခေါ် နံနက်စာ အဖြစ်စားသုံးနေကြတဲ့ ) Corn Flake ခေါ်
ပြောင်းဖူး အလွှာ အချပ်ကလေးများ ဘယ်က ဘယ်လို စတင်ပေါ်ပေါက်လာသလဲဆိုတာကို လေ့လာကြည့်ကြဖို. လိုပါတယ်။
ဒီလိုလေ့လာ သိရှိနိုင်ဖို. ဟိုး-- လွန်ခဲ့တဲ့ ၁၈ ရာစုခေတ် ဆီသို. ဦးတည်သွားကြည့်ကြပါစို.-------
ကလေးတို.ရေ--
အဲဒီအချိန်က Mr. Will Kellogg ဆိုသူဟာ အကိုဖြစ်သူ Dr. John Kellogg ရဲ့ Michigan မှာရှိတဲ့ The Battle Creek ဆိုတဲ့
ကျန်းမာရေးဌာနမှာ စာရင်းကိုင်နဲ. စီမံ အုပ်ချုပ်ရေးမှူးအဖြစ် လုပ်ခဲ့ပါတယ် ။ သူဟာ သူ.အလုပ်ကိုသာမဟုတ်ပဲသူ.အကိ မလုပ်ချင်တဲ့ အခြားလုပ်ငန်း တာဝန်များကိုပါ ကြိုးစား လုပ်ပေးလေ့ရှိသတဲ့ ။ ဒါ့အပြင် လူနာများအတွက် ပိုမိုကောင်းမွန်တဲ့ အစားအစာများကိုလည်း အမြဲပဲ လေ့လာ ရှာဖွေကြံဆနေလေ့ရှိတယ်လို.ဆိုပါတယ် ။
တကယ်တော့အဲဒီကျန်းမာရေးဌာနဟာချမ်းသာကြွယ်ဝတဲ့လူဂုဏ်တန်များသာလာရောက်ကုသခံယူတဲ့နာမည်ကျော်ဌာနကြီးဖြစ်ပါ
သတဲ့ ။ ဒါ့ကြောင့်လည်း သူတို.အနေနဲ. လူနာများအတွက် ပိုမိုကောင်းမွန်တဲ့ အစာအဟာရများကို လေ့လာ ရှာဖွေနေခဲ့ကြ
ရခြင်းဖြစ်ပါသတဲ့ ။
ဒီလိုနဲ. တစ်နေ.တော့ ၈ျုံစေ့ကို ကြိုချက်ပြီး အလိပ်ကလေးများပြုလုပ်ကြည့်တယ် ။ ဒါပေမဲ့ နံနက်စာ Break-Fast အဖြစ်သုံးလို. မရဖြစ်သွားပါတယ် ။ ဒီအခါ Mr. Will ဟာ စိတ်ပျက်ပြီး အဲဒီ ချက်ပြီးသား ၈ျုံစေ့တွေကို ဒီအတိုင်း ပစ်ထားပြီး ထွက်သွားပါတယ် ။ အဲဒီနောက် အတော်ကြာလို. သူပြန်လာတဲ့ အခါမှာတော့ ဒီ၈ျုံစေ့တွေဟာ ပုပ်သိုးကာ အညိုရောင် အလွှာ အချပ်ကလေးတွေဖြစ်နေတာကိုတွေ.ရပါတယ် ။
ဒီလိုနဲ. သက္ကရာဇ် ၁၈၉၄ - ခုနှစ်ရောက်တဲ့အခါ Mr. Will ဟာ လတ်ဆတ်တဲ့ ၈ျုံစေ့များကို ချက် - အချပ် အလွှာကလေးများပြုလုပ်ကာ နွားနို.နဲ.ရောပြီး လူနာများရဲ့ နံနက်စာ Break-Fast အဖြစ် စတင်ကျွေးပါတယ်။ လူနာများကလည်း ဒီနံနက်စာကိုအလွန်နှစ်သက်ကြတယ်လို.ဆိုပါတယ် ။ ဒီလိုနဲ. Wheat Flake လို.ခေါ်တဲ့ ၈ျုံအလွှာလေးများ စတင်လာခဲ့ပါတယ် ။
နောက်များမကြာမီမှာပဲ သူတို. ညီအစ်ကိုနှစ်ယောက်စလုံး အဲဒီ ကျန်းမာရေးဌာနမှ ထွက်ပြီး ကိုယ်ပိုင် လုပ်ငန်းအဖြစ် ဒီအစားအစာ ထုတ်လုပ်မှုကိုပဲ တိုးချဲ.လုပ်ကြပါတယ် ။ ဒီအခါ သူတို.လုပ်ခဲ့တဲ့ ကျန်းမာရေးဌာနက သူတို.ဆီမှ အဲဒီ ၈ျုံအလွှာအချပ်ကလေးတွေကို အိတ်လိုက် မှာယူစားသုံးခဲ့ကြပါသတဲ့ ။
သက္ကရာဇ် ၁၈၉၅ - ခုနှစ်ရောက်တဲ့အခါ သူတို.ညီအစ်ကိုဟာ ဆယ်အောင်စပါဝင်တဲ့ အိတ်တစ်လုံးကို ၁၅ Cent နဲ. ရောင်းချလာရာမှာ တစ်။နှစ်ကို ပေါင် တစ်သိန်း အထိရောင်းချနိုင်ခဲ့တယ်လို. ဆိုပါတယ် ။ ဒါပေမဲ့ အကိုဖြစ်သူ John ဟာ သူ.ဗီဇအတိုင်း အလုပ်မှာစိတ်ဝင်စားမှုမရှိတဲ့အတွက် ညီဖြစ်သူ Will နဲ. လွှဲထားခဲ့ပြီး ထွက်သွားပါတယ် ။ ညီဖြစ်သူလည်း မကြာခင်မှာပဲ ပြောင်းဖူးစေ့လေးများကို စမ်းသပ်ပြီး Corn Flake လို. ခေါ်တဲ့ ပြောင်းဖူးအချပ်အလွှာလေးများကို ထုတ်လုပ်ရာမှာ အထူးအောင်မြင်လာပါတယ် ။
ကလေးတို.ရေ--
“ တစ်ယောက်စ - တစ်ရာ ” ဆိုတဲ့ တို.များ ရဲ့ ဆိုစကားအတိုင်းပါပဲ အဲဒီ ကျန်းမာရေးဌာနက လူနာတစ်ဦုးဖြစ်တဲ့ Charles Post လို. အမည်ရတဲ့ လူနာတစ်ဦးက လှည့်လည် လမ်းလျှောက်ရာမှ အဲဒီ လုပ်ငန်းကိုတွေ.ပြီး သူ.အိမ်ရောက်တဲ့အခါ လေ့လာစမ်းသပ်ကာ ကိုယ်ပိုင် ကုမ္ပဏီ တည်ထောင်လိုက်ပါတော့တယ် ။ သူ.ရဲ့ Post Cereal Company ဟာလည်း တစ်နှစ်ကို ဒေါ်လာ သုံးသန်းဖိုးအထိရောင်းချရသလို အခြားသော အလားတူ ကုမ္ပဏီ ၂၀ ကျော်ဟာလည်း အောင်မြင်မှုရရှိလာကြပါတယ်။
ဒီအခါ Kellogg ညီအကိုဟာ သူတို.လုပ်ငန်းကို အတုယူ လိုက်လုပ်ကြတာ မင်းကြောင့် - ငါ့ကြောင့် နဲ. စကားများကြပါသတဲ့ ။ ဒီလိုနဲ.၁၉၀၆ - ခုနှစ်ရောက်တဲ့အခါ ညီဖြစ်သူ Will ဟာ သူ.ကိုယ်ပိုင်ဖြစ်တဲ့ Toasted Corn Flake Company ကို တည်ထောင်ပြီး ကြော်ငြာအတွက် သန်းနဲ.
ချီပြီး အကုန်ခံခဲ့တယ်လို. ဆိုပါတယ် ။ ၁၉၃၀ - ခုနှစ်နောက်ပိုင်းမှာတော့ သူ.ရဲ့ ကုမ္ပဏီဟာ ဒေါ်လာ သန်းပေါင်း
များစွာ ရရှိလာတဲ့အထိ ရောင်းရတဲ့အတွက် သူဟာ ဆင်းရဲနွမ်းပါးသူများနဲ. ကလေးများကို ကူညီလှူဒါန်းခဲ့ပါတယ် ။
၁၉၃၈ - ခုနှစ်မှာ Kellogg Foundation ဆိုတဲ့ ကလေးများအတွက် ကူညီစောင့်ရှာက်ရေးအဖွဲ.ကို ထူထောင်ပေးပြီး ၁၉၅၁ - ခုနှစ် သူ.အသက် ၉၁-နှစ် မှာ ကွယ်လွန်သွားရှာပါတယ် ။
ကဲ--ကလေးတို.ရေ ၊ အဲဒီ Corn Flake ကို နွားနို.လေးနဲ.ရောပြီး နံနက်စာ Break-Fast အဖြစ် စားကြရအောင်လားကွယ် --နော် ။
(Bangkok University , တတိယနှစ် ကျောင်းသားများကို သင်ကြား ပို.ချပေးရတဲ့ ကျောင်းသုံးစာအုပ်မှ တိုက်ရိုက် ဘာသာပြန်ရေးသားလိုက်ခြင်းဖြစ်ပါတယ် )
အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

No comments:
Post a Comment